သျှမ်း/မြောက် ပြဿနာဟာ NCA ကြောင့်လား



သျှမ်းပြည်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ကနေ ဒေသခံ လူထုကို ဖမ်းဆီး မှုတွေရှိနေတာကြောင့် ရွာသားတွေထွက်ြေ ပး တိမ်းရှောင်နေရပါတယ်။ အဖမ်းခံရတဲ့သူတွေထဲမှာလဲ သျှမ်း တိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် ခေါ် ကျားခေါင်းပါတီဝင်တွေ ပါဝင်နေကြောင်းနဲ့ အဖမ်းခံရသူ အား လုံးကို အမြန်ဆုံးပြန်လွတ်ပေးဖို့ ကြေငြာချက် ထုတ်ပြန်ေ တာင်း ဆိုမှုတွေ ရှိနေပါတယ်။ အဖမ်းခံရသူတွေ ပြန်လွှတ်ပြီ လား နောက်ဆုံး အခြေအနေက ဘယ်လိုရှိနေပါ သလဲ။ ပဋိပက္ခကြောင့် အနာဂတ် သျှမ်းပြည် နိုင်ငံရေး ဘယ်လိုရှိလာနိုင်မလဲ။ ဒီအကြောင်းအသေးစိပ် သိရအောင် သျှမ်း တိုင်းရင်းသားများဒီမို ကရေ စီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ် မေးမြန်းထားပါတယ် ။


မေး ။ ။ သျှမ်းပြည်မြောက်ပိုင်းမှာ ဒေသခံလူထုကို TNLA တအာင်းတပ်ကနေ ဖမ်းဆီး တယ်ဆိုတဲ့ထွက် ပေါ်နေ တဲ့သတင်းနဲ့ပတ်သက်ပြီး လက်ရှိနောက် ဆုံးအနေ အထားကဘယ်လိုရှိပါသလဲ ။


ဖြေ ။ ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ညမှာ TNLA အဖွဲ့ကနေ ကျောက်မဲမြို့နယ် ပန်ကွမ်အုပ်စု ရွာမကနေ ရွာသား ၂၄ ယောက်ကို ဖမ်းသွားတယ်။ အဲ့ထဲမှာ ကျနော်တို့ပါတီဝင်တွေပါတယ်။ ပန်ကွမ်အုပ်စုရဲ့ အုပ်စု ရုံး ဒုဥက္ကဌတယောက်၊ ကျန်တာက ကော်မတီဝင်တွေ ၅ ယောက် အပါအဝင် ၂၄ ယောက်ရယ်။ အဲ့ဒီ မတိုင်မှီ မြောက်ပိုင်းမဟာမိတ်ဘက်ကစပြီး တိုက်ပွဲစတင်ဆင်နွဲတဲ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ နမ့်တူမြို့နယ်မှာရွာသား ၁၁ ယောက်ကိုဖမ်းသွားတယ်။ နောက် ၂၁ ရက်နေ့ကျတော့ တခြား နောက်တယောက်ကို ဖမ်းသွား တယ်။ စုစုပေါင်း ၁၂ ယောက်ပေါ့။ ပန်ကွမ်ရွာသားနဲ့ပေါင်းလိုက်ရင် ၃၆ ယောက်ပေါ့။ အဲဒီ ရွာသားတွေကိုအမြန်ဆုံးပြန်လွတ်ပေးဖို့ ကြေငြာချက်ထုတ်ပြန်တဲ့ရက်မှာဘဲ အဲဒီညဦးပိုင်းမှာဘဲ ဖမ်းထားတဲ့ ၁၂ ယောက်ထဲက ၁၁ ယောက် ကိုပြန်လွှတ် တယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေတော့ အဆက်အသွယ်မရ သေး ပါဘူး ။


မေး ။ ။ သျှမ်းပြည်မြောက်ပိုင်းမှာ အဲလိုအခြေအနေဖြစ်နေတဲ့ အချိန် မှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သျှမ်းပြည်နယ် လွှတ်တော်မှာထပ်ပြီး သတ်မှတ်လိုက်တယ်။ ရှေ့ဆက် သျှမ်းပြည် နိုင်ငံရေး အခြေအနေဘယ်လို့ဖြစ်လာနိုင်မလဲခင်ဗျ ။


ဖြေ ။ ။သျှမ်းပြည်နယ်လွှတ်တော်ကနေပြီးတော့မှ မဟာမိတ်အဖွဲ့ ၄ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တာကတော့ ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့ ညီကောင်းမှညီပါလိမ့်မယ်။ ပြည်ထောင်စုလွှတ်တော် ရဲ့ဆုံးဖြတ်ချက်ကို တခြားပြည်နယ်နဲ့တိုင်းလွှတ်တော်ကနေပြီးတော့ လွှမ်းမိုးမှုဆိုတဲ့ကိစ္စ ဘယ် လို့ မှမဖြစ် နိုင်ပါဘူး။ နောက် ပြည်ခိုင်ဖြိုးနဲ့တပ်မတော်သား ကိုယ်စား လှယ်ေ တွကနေပူးပေါင်းပြီးတော့မှ မဲအသာ စီးရလို့ မဟာမိတ်အဖွဲ့ ၄ ဖွဲ့ကိုအကြမ်း ဖက်အဖွဲ့လို့သတ်မှတ်လိုက်ပေမယ့်လို့ အဲဒီသတ်မှတ်ချက်ဟာ အကျိုးရှိပါ့ မလားလို့ကျနော်တို့သုံးသပ်ကြည့်တဲ့လိုက်တဲ့အခါကျတော့ အစိုးရ လက်ရှိ လုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းတွေကိုပိုမိုပြီးတော့မှ အလှမ်းကွာ ဝေးစေတဲ့ ဆိုးကျိုးကလွဲပြီးတခြား ထူးခြား တဲ့အကျိုးရလဒ်မျိုးပေါ်ပေါက်စေမယ်လို့ကျနော်တို့ မြင်တယ်။ ဒါကြောင့်တိုင်းရင်းသားတွေကြိုးစားနေတဲ့အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ပြည်တွင်းငြိမ်းချမ်းရေး ချုပ်ငြိမ်းဖို့ကိစ္စတွေကို အမြန်ဆုံးအကောင်အထည်ဖော် နိုင်ဖို့ဆိုလို့ရှိရင် အဲဒီသျှမ်းပြည်နယ်လွှတ်တော်မှာ သတ်မှတ်ထားတဲ့ဆုံးဖြတ် ချက်ကို အမြန်ဆုံးပြန်ရုပ်သိမ်းပေးဖို့လိုအပ်တယ်။ နောက် အစိုးရအနေနဲ့ ကျ တော့ လဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲပြီးတော့ မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တန်းတူ ရည်တူပြန်လည်စတင်ဖို့လိုအပ် တာပေါ့။ အဲလိုမှမဟုတ်လို့ရှိရင်ကျနော်တို့ သျှမ်းပြည်နယ်မြောက်ပိုင်းမှာ စတဲ့ပြသနာဟာ တနိုင်ငံလုံးကို ပျံ့နှံ့ပြီးတော့မှ ပြည်တွင်းစစ်ကို ပြန် လည်ဦးတည်သွားစေနိုင်တယ် လို့ကျနော်တို့သုံးသပ်ပါတယ် ။


မေး ။ ။ ဟုတ်ကဲ့ ဒါကတော့တနိုင်ငံလုံးအတိုင်းအတာပေါ့နော်။ နောက်တခုက မကြာသေးခင်က သျှမ်းပြည်နယ်အမျိုးသားတွေ ကနေ တောင်ကြီးမြို့ မှာတွေ့ ဆုံကြ တယ်။ အမျိုးသားရင်ကြားစေ့ရေးအတွက် ကော စစ်ရေးအတွက် ပါ ဆွေးနွေးကြတယ်လို့ကြားရတယ်။ သျှမ်းပြည်မြောက်ပိုင်း ကိစ္စ ဆရာတို့ဘယ် လိုပြင်ဆင်ထားသလဲ ။


ဖြေ ။ ။ပလောင်တပ်ဆို ၁၉၇၆ ခုနှစ် ကာလကတည်းက ပျက်သလောက်ဖြစ် သွားပြီး မကြာသေးခင် ကမှပြန်ပေါ်လာတဲ့အဖွဲ့ဖြစ်ပါတယ်။ အဲလိုပေါ်လာတာ ကလည်း SSA မှာ အရင်က တပ်ရင်း ၂ ရင်းလောက်ပါခဲ့တာပေါ့နော်။ တပ်ရင်း ၅ တပ်ရင်း ၆ ဆိုပြီးတော့ပါခဲ့တယ်။ ဒါက SSA တပ်မဟာ ၁ ရဲ့လက်အောက် ခံတွေပါ။ အဲတာပလောင်တပ် ၂ တပ်ပေါ့နော်။ အဲဒီကနေ နောက်ဆုံး တပ်ရင်း ၅ က KMT မှာပါသွားတယ်။ KMT ကို SSA ကတိုက်ထုတ်လိုက်တော့ သူတို့ က ကာကွယ်ရေးတပ် အဖြစ်ပြောင်း သွားတယ်။ နောက်တခါ တပ်ရင်း ၆ ကတော့ TNLA ဆိုတဲ့အဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်တာပေါ့နော်။ ဆိုလိုတာက TNLA အဖွဲ့အစည်းကိုယ်၌က SSA ရဲ့အဖွဲ့အစည်းဝင် SSA ရဲ့ လက်အောက် ခံ အဖွဲ့ အစည်းတခုဖြစ်ခဲ့ဖူးတယ်။ SSA နဲ့ ဘယ်တော့မှ ပြသနာတစုံ တရာ ပေါ်ပေါက် ခဲ့ဖူးတာ မရှိခဲ့ဘူး။ နောက် KIA ဆိုတာကလည်း သျှမ်းပြည်မှာေ နခဲ့ တာ ကြာတော့ကြာပြီ။ ဒါပေမယ့် ကြီးမားတဲ့ပြသနာတွေမရှိ ဘူး။ အောက်ခြေ မှာတော့ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် တပ်ပေါင်းစုခေတ်တုန်းက အားလုံး တပေါင်းတစု တည်း နေလာခဲ့တာချည်းဘဲ။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက် ထက် NCA လက်မှတ်ရေးထိုးခြင်းမပြုခင် အထိ သျှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားတွေ စည်းစည်းလုံးလုံး နဲ့နေနိုင်ခဲ့လျက်နဲ့ NCA လက်မှတ် ရေး ထိုးပြီးနောက်ပိုင်းကျမှ ကျနော်တို့အချင်းချင်းကြားမှာပြဿနာတွေေ ပ်ါပေါက် လာတာဟာ ဒါမှလိုလား အပ်တဲ့ ပြဿနာတွေပေါ့နော်။ မဖြစ်သင့်တဲ့ပြသ နာတွေ ဖြစ်တာပေါ့။ ဒါကြောင့် NCA ဟာ တိုင်းရင်း သားစည်းလုံးညီညွတ်ေ ရး ကိုဦးတည်စေနိုင်သလား။ ဒါမှမဟုတ် ကျနော်တို့အချင်းချင်း ကြား ပြဿ နာ ကို ဖန်တီးပေးတဲ့ကိစ္စ တခုများဖြစ်နေမလားလို့ တောင် သုံးသပ်ဖို့လိုအပ်ပါ တယ် ။


NCA ဆိုတဲ့ကိစ္စ ပေါ်လာတဲ့ နောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြားထဲမှာ အုပ်စုတွေ ၄ ခုလောက်ပေါ်လာပါတယ်။ NCA ထိုးတဲ့ အဖွဲ့ရယ်။ NCA မထိုးရသေးတဲ့အဖွဲ့ရယ်။ နောက် NCA ထိုးခွင့်မရှိဘူးလို့ စစ်တပ်က သတ်မှတ်ထားတဲ့အဖွဲ့ရယ် နောက်ဆုံးတခုက NCA ထိုးစရာ မလိုဘူး လို့ ယူဆထားတဲ့အဖွဲ့အစည်း ၀ နဲ့မိုင်းလားတို့လိုမျိုးပေါ့ ။ အဲလိုအုပ်စု ၄ ခုကွဲသွားတာဟာ NCA ကြောင့်လား ဒါမှမဟုတ် NCA ပေါ်ပေါက် လာ ရတဲ့အကြောင်းရင်းကဘဲမူမမှန်လို့လား ဆိုတာကတော့ကျနော်တို့ သုံးသပ်ဖို့ လိုအပ်ပါတယ်။ နောက် တခါ ကျနော်တို့ သျှမ်းအမျိုးသား အချင်းချင်းကြား ထဲမှာလည်းဘဲ ထိုနည်း၎င်းဘဲ။ သျှမ်းအဖွဲ့အစည်း ၂ ခုရှိတယ်။ တဖွဲ့က NCA လက်မှတ်ထိုးပြီးပြီ။ တဖွဲ့က မထိုးရသေးဘူး။ အဲဒီအဖွဲ့ ၂ ဖွဲ့ကြားမှာလည်း ဘဲ ပြန် လည်ရင်ကြားစေ့ဖို့လိုအပ်နေပါတယ်။ ဒီနေ့ဒီအချိန်မှာ အားလုံးမျှော် လင့်ေ စာင့်စားနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့ဆိုလို့ရှိရင် နိုင်ငံ ရေးအရဆွေးနွေးပွဲကျနော်တို့လိုအပ်ပါပြီ။ အဲလို နိုင်ငံရေးအရဆွေးနွေးပြီ ဆို တဲ့ခါကျရင် ကျနော်တို့ သျှမ်းတမျိုးသားလုံးကိုကိုယ်စားပြုတဲ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီဘဲဖြစ်ဖြစ် လက်နက်ကိုင်အဖွဲ့အစည်းဘဲဖြစ်ဖြစ် တသွေးတည်း တသံတည်း ဘုံသဘော ထားတူညီချက် တရပ်ကိုချမှတ်နိုင်ဖို့လိုအပ်ပါ တယ်။ဘုံသဘောထားတူညီချက်တခုကိုမချမှတ်နိုင်ဘဲနဲ့တော့ အမျိုးသားစည်း လုံး ညီညွတ်ရေးဆိုတာ ဘယ်လိုမှ မတည်ဆောက်နိုင်ပါဘူး။ ဒါက သျှမ်းအမျိုးသား အချင်း ချင်းကြားထဲမှာပေါ့နော် ။


နောက်တခါသျှမ်းပြည်တိုင်းရင်းသားအချင်းချင်းကြားထဲမှာလည်းထိုနည်း၎င်းဘဲ ။ သျှမ်းပြည်ချစ် စိတ် ကို မမွေးနိုင်ဘူးဆိုလို့ရှိရင် တစစီပြိုကွဲမှာဘဲ ။အဲ့ခါကျ ရင် သျှမ်းပြည်ပြိုကွဲတာဟာ ပြည်ထောင်စုကြီးပြိုကွဲ တာနဲ့အတူတူဘဲဖြစ် မှာ ဘဲ။သျှမ်းပြည်ရဲ့စည်းလုံးညီညွတ်မှုဟာ ပြည်ထောင်စုကြီးစည်းလုံးညီညွတ်မှုကို အထောက်အကူပြုနိုင်သလို သျှမ်းပြည်ရဲ့ပြိုကွဲမှုဟာ ပြည်ထောင် စုရဲ့ပြိုကွဲမှု ကိုရိုက်ခတ်စေမှာဘဲ။ ဒါကြောင့်မို့လို့ ကျနော်တို့သျှမ်းအချင်းချင်းကြား ထဲမှာကောနောက်ထပ် သျှမ်းပြည်တိုင်းရင်းသား အချင်း ချင်းကြားထဲမှာပါ စည်းလုံး ညီ ညွတ်ရေး တနည်းအားဖြင့် နိုင်ငံရေးအရ ဘုံသဘောတူညီ ချက်တခု ရှိကို ရှိရတော့မယ်။ ရှာတွေ့အောင်ကြိုးပမ်းရတော့မယ်ဆိုတာကျနော်တို့ အားလုံး က သဘောပေါက် နားလည်ပြီး တော့မှ လက်သင့်ခံပြီးတော့မှ လုပ်ရမယ့် အချိန်ရောက်ပြီလို့ ကျနော်မြင်တယ်။ ဒါကြောင့်မို့လို့ CSSU ကဦးဆောင်ပြီးတော့မှ သျှမ်းအမျိုးသားအချင်းချင်း စည်းလုံးညီညွတ်ရေးနဲ့ သျှမ်းပြည်တိုင်းရင်း သား အချင်းချင်းကြားစည်းလုံးညီညွတ်ရေး တည်ဆောက်နေရခြင်းဖြစ် ပါတယ် ။


မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ တဖက်ကလည်း TNLA ကနေပြီးတော့မှ ဒေသခံတွေ ကိုဖမ်းသွားတဲ့အပေါ် ဆရာတို့အနေနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲ။ သို့မဟုတ် အမျိုးသားရင်ကြားစေ့ရေးအတွက် ဖြေရှင်းဖို့ လမ်းကြောင်းတ ခုပေါ်လာပြီ လို့မြင် မိပါသလားခင်ဗျ ။


ဖြေ။ ။စောနားကပြောသလို TNLA နဲ့ တခြား သျှမ်းလက်နက်ကိုင် အဖွဲ့ အစည်း ကြားထဲ မှာလည်းဘဲ နဂိုကတည်းက အဆက်အသွယ်ကရှိခဲ့ဖူး တယ်လေ။ နောက်ပြီးတော့ တအာင်းပလောင် အမျိုးသားပါတီနဲ့ SNLD နဲ့ကလည်း နီးကပ်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဆိုတော့ ပလောင်စစ်တပ်က သျှမ်းလူမျိုးကိုဖမ်းတာတို့ သျှမ်းစစ်တပ်ကပလောင်လူမျိုးကိုဖမ်းတာတို့ ဆိုတဲ့ပြဿနာတွေဟာ ကြီးလေးပြီးတော့မှ ဖြေရှင်းလို့မရတဲ့ ပြဿနာ မျိုးမဟုတ်ဘူး။ ကျနော်တို့အချင်းချင်းကြားထဲမှာနားလည်မှုရှိရှိနဲ့ ၀ိုင်းပြီးေ ဆွးနွေးကြမယ် ဖြေရှင်းကြမယ် ဆိုရင်တော့ ပြေလည်သွား နိုင်စရာ အကြောင်းရှိပါတယ်။ တခုကတော့ ကျနော်တို့ ကိုယ့်ကိုယ်ကိုနားလည်ဖို့ ကတော့ သျှမ်းပြည်အရေးအတွက် ဦးစားပေးလုပ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ အမျိုး သားရေးလိုအပ်ချက်ကို အနည်းငယ်ဆွဲချဖို့လိုအပ်ပါတယ်။ ကိုယ့်အဖွဲ့ အစည်းတခုတည်း ကိုယ့်လူမျိုး တခုတည်းရဲ့ အကျိုးစီးပွါးကိုဦးတည်ပြီးရှေ့ ရှုမယ်ဆိုရင်တော့ ကျနော်တို့အားလုံး ကိုလွှမ်းခြုံတဲ့ သျှမ်းပြည်အရေး ဆိုတဲ့ ကိစ္စ က ပိုပြီးတော့နောက်တန်းရောက်သွားပါလိမ့်မယ်။ အဲ့ခါကျ ရင် ပြည်ေ ထာင် စုကြီးကို အထောက်အပံ့ပြုရာမရောက်ဘဲနဲ့ ပြည်ထောင်စုကို အခက် အခဲတွေ့စေ နိုင်တဲ့အနေအထားမျိုးကို ဖန်တီးမိသလိုဖြစ်သွားမှာပေါ့နော်။ အဲ့ကြောင့်မို့လို့ SNLD ပါတီဝင်တွေကို တအာင်းတပ်က ဖမ်းဆီးသွား တယ် ဆိုတာ ယခင်က သူတို့အမှား လုပ်မိတာ လို့ဘဲယူဆပါတယ်။ အဲတာ ဟာ ဖြေ ရှင်း လို့မရတဲ့ အနေ အထားမျိုးမဟုတ်ပါဘူး။ ကျနော်တို့ သျှမ်းပြည်တိုင်း ရင်းသားအချင်းချင်းကြားထဲမှာ ညီညွတ်မျှတစေတဲ့ သွေးကွဲ မှုမရှိစေတဲ့ လုပ်ရပ် မျိုးဆိုလို့ရှိရင် ကျနော်တို့က ဒီဟာကိုခွင့်လွှတ်နားလည်ပြီးတော့မှ အချင်းချင်းပြန် လည်ညှိနှိုင်း ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ညှိနှိုင်းဆောင်ရွက် မယ် ဆိုရင်လည်းရနိုင်မယ့်အနေအထားလေး မြင်မိပါတယ် ။


မေး ။ ။ လက်ရှိနိုင်ငံရေးအနေအထားအရ တခြားပြည်နယ်နဲ့တိုင်းတွေမှာရော အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက်ပြင်ဆင်နေကြတယ်။ ဒီအခြေ အနေ အပေါ်မှာရော ဆရာ့အနေနဲ့ သျှမ်းလူထုနဲ့ သျှမ်းပြည်သားအား လုံး အတွက် ဘာများပြောချင်ပါသလဲ ။


ဖြေ ။ ။ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲဆိုတာ ၂၁ ရာစုပင်လုံညီလာခံ ကနေပေါ်ပေါက် လာတဲ့ ဖြစ်စဉ် လေးတခုပေါ့နော်။ ဒါပေမယ့်အဲဒီအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာကို ကျနော်တို့ ဘယ်လောက် အထိ လုပ်နိုင်မလဲ။ တနိုင်ငံလုံးအတိုင်းအတာနဲ့လုပ်နိုင်ပါ့မလား။ အပစ်အခတ်ရပ်စဲလုပ်ထားတဲ့ ဥပမာ ချင်းပြည်နယ်လိုဟာမျိုးလုပ်လို့ရမယ် ကရင်ပြည်နယ်မှာ လိုမျိုး လုပ်လို့ ရမယ် ဆိုပေမယ့်လည်း ကျနော်တို့ရဲ့ သျှမ်းပြည်နယ်မှာလုပ်မယ်ဆိုလို့ရှိရင် အဆင်သင့်ဖြစ်နေတာဆိုလို့ RCSS နဲ့ PNLO ဘဲရှိတယ်။ ကျန်တဲ့အဖွဲ့အ စည်းတွေမပါဘဲနဲ့ ဥပမာ ချင်းနဲ့ ကရင်ဘဲလုပ်မယ်၊ သျှမ်းကတခြမ်းဘဲပါမယ် ဆိုရင်တော့ ဒီဥစ္စာ အောင်မြင်နိုင်ပါ့မလားဆိုပြီး သုံးသပ်ဖို့လိုအပ်ပါတယ် ။


အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုတနိုင်ငံလုံးအတိုင်းအတာအထိ လုပ် နိုင်ဖို့ဆိုတာကတော့ အစိုးရ ကိုယ်၌က NCA လက်မှတ်မထိုးရသေး တဲ့အဖွဲ့ အစည်းဝင်တွေ UNFC အဖွဲ့ဝင်အဖွဲ့ အစည်း တွေ အကုန် လုံးနဲ့ တခြား ပလောင်ကဲ့သို့သော ကိုးကန့်ကဲ့သို့သောအဖွဲ့အစည်း တွေအကုန်လုံး လက် သင့်ခံနိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းတရပ်ကိုဖန်တီးရပါမယ်။ ဆိုတော့အာလုံးတန်းတူရည်တူဆက်ဆံနိုင်တဲ့ ၊ တန်းတူရည်တူ ၀င်ရောက်ေ ဆွးနွေး နိုင်တဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို မကျင်း ပဘဲနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံထဲကိုဘဲအတင်းသွတ်သွင်းနေမယ်ဆိုရင်တော့ ပြသနာကို ဖြေရှင်းရာ မရောက်ဘဲနဲ့ For Show ပေါ့နော်။ အလုပ်ပြ ချင်တဲ့ သဘောမျိုးဘဲဖြစ်သွားရင်တော့ ရေရှည်အတွက်မကောင်း ပါဘူး။ ခြုံ ငုံပြီး သုံးသပ်မယ်ဆိုရင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေကို နိုင်ငံရေးဆွေး နွေးပွဲမှာလွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့်ရဖို့ ၊ လွတ်လပ်ပွင့် လင်းစွာ ဆွေးနွေးပြီးရင် ဥပမာ အဲန်စီအေလက်မှတ်ထိုးပြီးရင် ဘာနိုင်ငံရေး အာမခံချက်ရှိမလဲ။ဘယ်ဟာကိုပေးနိုင်မလဲဘယ်ဟာကို မပေးနိုင်ဘူးဆိုတဲ့ အနေအထားမျိုးကိုတိတိကျကျအာမခံချက်ပေးနိုင်မှသာလျှင် ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲအထမြောက်ပါလိမ့်မယ် ။ အဲ့တော့ ကိုယ့်ဘက်က ဘာယူ ချင်လဲဘာပေးချင်လဲဆိုတာကို အစိုးရကိုယ်တိုင်က တိတိကျကျ မဖော်ပြ နိုင်လို့ရှိရင် နိုင်ငံရေးဆွေးနွေးဆိုတာလဲ ပြီးခဲ့တဲ့ ၁၄-၁၅ နှစ်တုန်း က ညောင် နှစ်ပင်ညီလာခံလိုဘဲ ကြာမျောကြီးဖြစ်လာမှာ ကိုစိုးရိမ်ပါတယ်။ ဒါကြောင့် မို့လို့အစိုးရအနေနဲ့ တပ်မတော်နဲ့တည်ဆောက်နေတဲ့ အမျိုးသားရင်ကြားစေ့ရေး သာမကဘဲနဲ့ တိုင်းရင်းသားအားလုံးနဲ့ တန်းတူညီမျှဆက်ဆံရမယ့် အမျိုးသားရင်ကြားစေ့ရေးကိုလည်းထူထောင်ဖို့ လိုအပ်တယ်ဆို တာကိုပြော လိုပါတယ် ။


ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates