အမည်မသိ၊ နေရပ်မသိ အမျိုးသားတစ်ဦး နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံကြီး၌ သေနတ်ဒဏ်ရာဖြင့် ရောက်ရှိသေဆုံး



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ အမည်မသိ၊ နေရပ်မသိအမျိုးသားတစ်ဦးသည် သေနတ်ဒဏ်ရာဖြင့်  ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ရောက်ရှိသေဆုံးနေကြောင်း သတင်းရရှိသည် ။

Photo: wechat

၎င်း သူမှာ ၀ဲဘက်ဂျိုင်းအောက်တွင် ကျည်ဆံဖောက်ဝင် ဒဏ်ရာဖြင့်  အဆုတ်ထိပြီး သွေးထွက်လွန် သေဆုံး သည်ဟု နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံ၏ ဆေးစာတွင် တွေ့ရှိရကြောင်း၊ ၄င်း လူနာကို လာရောက်ပို့ဆောင်  သူမှာလည်း လူနာချပြီးသည်နှင့် ကားမောင်း ထွက်ပြေးသွားကြောင်း၊ မည်သူမည်ဝါဖြစ်ခြင်းကို သက်ဆိုင်ရာမှ ဆက် လက်စုံစမ်းနေ ကြောင်း အမည်မဖော်လိုသော နမ့်ခမ်းမြို့ဆေးရုံဝန်ထမ်း တစ်ဦးကဆိုသည် ။


“ ဇန်နဝါရီလ ၂၁ ရက် ညနေ ၃း၃၀ နာရီလောက်မှာပေါ့။ ကားတစ်စီး နဲ့ လာပို့ကြတာ။  ဆရာဝန် ဆရာမ တွေ လည်း အရေးပေါ်လူနာဆိုတော့ ချက်ချင်းကုသပေးတာပေါ့။ လူနာ ကသွေးထွက်တာများပြီး အခြေအနေ မကောင်းတော့ဘူး ဆိုတော့ လူနာရှင်ကို ထွက်ရှာတာ မတွေ့ရတော့ဘူး ”ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြောသည် ။


အသက် ၂၅ နှစ်ခန့်ရှိ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသောသူ၏အလောင်းကို နှစ်ရက် နှစ်ညတိတိ ရင်ခွဲရုံ၌ ထားရှိသော်လည်း အလောင်းပိုင်ရှင်မပေါ်သဖြင့်   ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် ညနေပိုင်းက မွန်းလိုင်း နာရေးကူညီမှုအသင်းက မြို့နယ် ရဲတပ်ဖွဲ့တာဝန် ရှိသူ တစ်ချို့ နှင့် အလောင်းအား နမ့်ခမ်းမြို့ သုသာန်တွင် မီးသင်္ဂြိုလ်ပေးလိုက်ပြီဖြစ်ကြောင်း  နာရေးကူညီ မှုအသင်းနှင့် နီးစပ်သူတစ်ဦး က ဆိုသည် ။


အလားတူ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၁၁း၃၀ နာရီအချိန်ခန့်၌  နမ့်ခမ်းမြို့ စခန်းသစ် အစိုးရတပ်မတော် တပ်ကုန်း အနီးရှိ လွယ်ဆာကျေးရွာ ကြံစိုက်ခင်း ထဲတွင်အလုပ် လုပ်ကိုင်နေသော အသက် (၆၀) နှစ်ကျော်   ပလောင်လူမျိုး အဖွားအို တစ်ဦးမှာ လက်မောင်းတွင်ကျည်ဆံ ထိမှန်သဖြင့်  ၄င်းအဖွားအား ဇန်နဝါ ရီလ ၂၄ ရက် မနက်ပိုင်းက နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံကြီး၌်  ခွဲစိတ်  ကုသမှုပြုပေးနေကြောင်း ဒေသခံများထံမှ သိရှိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates