သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကြိုတင်ပြင်ဆင်ခြင်းအတွက် ခေါင်းစဉ် ၅ ခုအား ဟိုတယ်ကြီး ၅ ခု တွင် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ



မကြာခင်တွင်ကျင်းပမည့် ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံတွင် သျှမ်း - လူထု ဆန္ဒသဘောထားကို ထည့်သွင်းဆွေးနွေးရန်အတွက် သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ကြိုတင်ပြင် ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ၏ ဒုတိယနေ့ကို ဆက်လက်ကျင်းပရာတွင် ဆွေးနွေးရန်ခေါင်းစဉ် ရ ခုခွဲပြီး တောင်ကြီးမြို့ရှိ ဟိုတယ်ကြီး ရ ခုတွင် အလုပ်ရုံဆွေးနွေးပွဲ ရ ခုအသီးသီး ပြုလုပ်သွားကြောင်း သိရပါ သည်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝသယံဇာသ၊ လုံခြုံရေး၊ အထောက်အကူပြုအဖွဲ့ နှင့် မှတ်တမ်း အစရှိခေါင်းစဉ်ကြီးများအား တောင်ကြီးမြို့ ဟိုတယ်ကြီး ရ ခုတွင် အသီးသီးသွားရောက်ဆွေး နွေးခဲ့ကြသည် ။


“ ဒီလို တစ်စုတစ်စည်းတည်းမှာ တွေ့ဆုံရတာ သျှမ်းလူမျိုးတွေရဲ့ သမိုင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ကြုံတောင့် ကြုံခဲပါတယ်၊ ဒီလို အခြေနေမျိုးမှာမှ ဒီလို ညီညီညွတ်ညွတ်နဲ့ လာပြီးတော့ စုစည်းပြီး အလုပ်တစ်ခုအတွက် စုပေါင်းပြီးတော့ အတူတူလုပ်ကြဖို့ လာခြင်းဖြစ်တဲ့အတွက် ပိုပြီးတော့ ကျနော်တို့အတွက် လေးလေးနက် နက်ရှိတယ်။  ဒီအလုပ်ရုံဆွေးနွေးပွဲကို ခေါ်ယူကျင်းပရခြင်းဟာ အစိုးရက ကျင်းပမယ့် ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးမှာ ကျနော်တို့ သျှမ်းလူမျိုးတွေရဲ့ သဘောထား ဆန္ဒ သျှမ်းလူမျိုး တွေ ဖြစ်ချင်တဲ့ ပြည်ထောင်စုကြီးကို ကျနော်တို့ သွားရောက်ဆွေးနွေးနိုင်ဖို့ အခွင့်အလမ်းအတွက်  ဖြစ် ပါတယ်  ” ဟု CSSU အထွေထွေအတွင်းရေးမှူးချုပ် ဦးစိုင်းညွန့်လွင် က ယမန်နေ့က တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးတွင် ကျင်းပသော ဖွင့်ပွဲ၌ အဖွင့်အမှာ စကား ပြောကြားသွားသည် ။

လုံခြုံရေးခေါင်းစဉ်ဖြင့်အလုပ်ရုံဆွေးနွေးပွဲ
“ အခုက မတူညီတဲ့ အဖွဲ့အစည်းအသီးသီးကနေ လာပြီး အလုပ်အတူတူတွဲလုပ်ရမယ်ဆိုတော့ နဲနဲတော့ စိုးရိမ်ရတယ်၊ဒါပေမယ့် သျှမ်းအမျိုးသားရေးအတွက်ဘဲ  အားလုံးက အလုပ်လုပ်ကြတယ်ဆိုတော့ ဒီအလုပ်က အောင်မြင်မယ်လို့ ယုံကြည်တယ်” CSSU အထွေထွေအတွင်းရေးမှူးချုပ် ဦးစိုင်းညွန့်လွင် က အဖွင့်အမှာ စကားတွင် ပြောကြားသွားသည် ။


သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို သျှမ်းတိုင်းရင်းသားလက်နက်ကိုင်များ RCSS/SSA သျှမ်းပြည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် ၊ ကျားဖြူပါတီ (SNDP) ၊(ESSDDP) သျှမ်းပြည်အရှေ့ပိုင်းပါတီ နှင့် SSJAC  အဖွဲ့ထဲတွင်  (SSPP/SSA) သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် ၊ (SNLD) ကျားခေါင်းပါတီ၊စိန်ကျော့ပြည်သူစစ် တို့တက်ရောက်ပြီး တခြား သျှမ်းနီပါတီ နှစ်ပါတီ နှင့် သျှမ်းလူမှု အခြေပြု အဖွဲ့အစည်းများ တက်ရောက်ပြီး ဖွင့်ပွဲနေ့တွင် တက်ရောက်သူ အင်အား ၄၅၀ ကျော်ရှိကြောင်း သိရသည် ။


သျှမ်း - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို သျှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) မှ ဦးဆောင်ကျင်းပပြီး ဇန်နဝါရီ (၂၃ -၂၇) ရက်နေ့ထိ ၅ ရက်သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည် ။


သက်ဆိုင်ရာအဖွဲ့များက တာဝန်ကျရာမြို့နယ်အသီးသီးသို့ ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ကွင်းဆင်းမှုအပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates