သျှမ်းပြည်ဆောင်းတွင်းအအေးလွန်ကဲမှုကြောင့် စစ်ဘေးရှောင် ရ ထောင်ကျော် အခက်တွေ့
သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ် နှင့် ကွတ်ခိုင်မြို့နယ် အတွင်း စစ်ဘေးရှောင် ခိုလှုံသည့် စခန်းများ အား လုံးတွင် စစ်ဘေးရှောင် ဒုက္ခသည် ရ၀၀၀ ကျော် နေပြီဖြစ်သည့်အပြင် ဆောင်းတွင်းအအေးဒဏ်ကြောင့် အခက်အခဲရင်ဆိုင်သည်ဟုသိရပါသည် ။
နမ္မတူမြို့ပေါ်ရောက် စစ်ဘေးရှောင်တချို့ပုံ |
သျှမ်းပြည်မြောက်ပိုင်း အတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ကျောက်မဲ၊ နမ္မတူ၊ ကွတ်ခိုင်မြို့များတွင် စစ်ဘေးရှောင်များ တိုးများလာနေကြောင်း၊ သျှမ်းပြည်မြောက်ပိုင်း၏ ဆောင်းတွင်းအအေးဒဏ်ကြောင့် နေထိုင်စားသောက်ရေးအတွက်လည်း အခက်အခဲ အမျိုးမျိုး ရင်ဆိုင်နေရသည်ဟု ဆိုသည် ။
“ မန်တုံမြို့နယ် ကနေ နမ္မတူမြို့ပေါ်ကို ရောက်လာတာ ဒီကနေ့ ၁၃၀၀ ကျော် အထိ တိုးလာနေတယ်” ဟု ကူညီရေး အဖွဲ့တွင် ပါဝင်သည့် စိုင်းဘဉာဏ်က ပြောသည် ။
သျှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော်အမတ်ဦးဖြစ်သည့် စိုင်းဝမ်းလျဲန်းခမ်းက - “ ဒေသအတွင်း သွားလာရေးခက်တဲ့အခြေအနေ လုံခြုံရေးအခြေအနေ တွေကြောင့် ကူညီထောက်ပံ့တဲ့သူနည်းပါး လာနေ တယ်လို့၊ ပါဝင်ကူညီကြဖို့ တိုက်တွန်းလိုတယ်” - ဟု ပြောပါတယ် ။
သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရတပ်မတော် နှင့်မြောက်ပိုင်းမဟာမိတ်တပ်မတော် တို့တိုက်ပွဲဖြစ်ပွားနေ သည့် အပြင် တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် TNLA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA ကြား လည်း စစ်ရေး ပဋိပက္ခများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများနေရပ်မှ စွန့်ခွါနေရခြင်းဖြစ်သည် ။
Tags: News, War