သျှမ်းပြည်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အမျိုးသားအဆင့်နိုင်ငံရေး အကြိုဆွေးပွဲ လားရှိုးမြို့တွင်ကျင်းပ



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သျှမ်းပြည်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အမျိုးသားအဆင့် နိုင်ငံရေး အကြိုတွေ့ဆုံဆွေးနွေးပွဲတရပ်ကို လားရှိုးမိုတယ်တွင် ယနေ့ စတင်ကျင်းသည်ဟု သိရသည် ။

လားရှိုးမြို့တွင်ကျင်းပသော သျှမ်းပြည်အရပ်ဖက်လူမှုအဖွဲ့ အစည်း များ၏ အမျိုးသားအဆင့် နိုင်ငံရေး အကြိုတွေ့ဆုံဆွေးနွေးပွဲ

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၃ ရက် မှ ၂၅ ရက်နေ့ အထိ သုံးရက်ကြာကျင်းပနေခြင်းဖြစ်ပါသည် ။


“ကျနော်တို့ ကျင်းပတဲ့ရည်ရွယ်ချက်က - ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်တွင် သျှမ်းပြည်မှ အရပ် ဖွဲ့အဖွဲ့အစည်းများပါဝင်နိုင်ရေး၊ သျှမ်းပြည်အရပ်ဖက်လူမှုအဖွဲ့အစည်းများဘုံသဘော တူညီ ချက် ရရေး နဲ့ နောက် ပြည်နယ်အဆင့်အကြိုဖိုရမ်သို့တက်ရောက်ဖို့ ကိုယ်စားလှယ်ရွေးချယ် နိုင်ရေးနဲ့ သျှမ်းပြည်မြောက် ပိုင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများ ရေရှည်စုဖွဲ့မှုကိစ္စရပ်များ စီစဉ်ဆောင် ရွက်နိုင်ရေး အတွက်ဖြစ်တယ်” - ဟု ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ပါဝင်သည့် စိုင်းဦး က သျှမ်းသံတော်ဆင့်သို့ပြောသည် ။


အဆိုပါသျှမ်းပြည်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အမျိုးသားအဆင့်နိုင်ငံရေးအကြို တွေ့ဆုံ ဆွေးနွေးပွဲသို့ သျှမ်းပြည်အရှေ့ပိုင်း လူမှုအဖွဲ့အစည်းပေါင်း ၆၀ ကျော်မှ ရွေးချယ်ကိုယ်စားလှယ် များ၊ သျှမ်းပြည်တောင်ပိုင်းမှလူမှုအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်မှ ရွေးချယ်ကိုယ်စားလှယ်များနှင့် သျှမ်းပြည်မြောက် ပိုင်းမှ ကိုယ်စားလှယ်များ -  စုစုပေါင်း ၃၄ ဦး တက်ရောက် သည်ဟု သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates