သျှမ်းပြည် နှင့်ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံရမှု အခြေအနေမှန်အား မစ္စယန်ဟီလီ ဖေါ်ထုတ်ပေးနိုင် လိမ့်မည်ဟု ကချင်အရေးလှုပ်ရှားသူမျှော်လင့်
မန်မာနိုင်ငံကိုရောက်ရှိနေသည့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီ သည် သျှမ်းပြည်မြောက်ပိုင်းနှင့်ကချင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုး ဖေါက်မှု အခြေအနေမှန်ကို ဖေါ်ထုတ်ပေးနိုင်လိမ့်မည်ဟု ကချင်အရေးလှုပ်ရှားသူတွေက ပြောသည် ။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ၂၀၁၅ ဇန်နဝါရီတုန်းက မြန်မာနိုင်ငံကို လာရောက်စဉ် |
“ ကျနော်တို့အနေနဲ့ကတော့ ဒုက္ခသည်တွေဆီကို ထဲထဲဝင်ဝင် သွားရောက်လေ့လာစေချင်တယ်။ ဘာလို့ လဲ ဆိုတော့ လိုင်ဇာရဲ့ အထက်မှာ ရှိတဲ့ ဇိုင်းအောင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ အကြိမ် ထွက်ပြေး ရတယ်။ အရမ်းကို ဒုက္ခရောက်နေတယ်။ သူတို့ စခန်းကို မြန်မာတပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့လေ။ ထပ်ထွက်ပြေးရတယ်။ အခုဆိုသုံးကြိမ်ရှိပြီ၊ လက်တွေ့ ဖြစ်ပျက်နေတဲ့ဟာကို ဓါတ်ပုံတွေ နဲ့အချက်လက်တွေနဲ့ မြန်မာအစိုးရသိအောင်၊ ကမ္ဘာသိအောင်တင်ပြဖို့ပေါ့ ” - ဟု ကချင်အရေး လှုပ် ရှားသူ ကိုနော်ခမ်း က ပြောသည် ။
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မုံးကိုးဒေသတွင် မြောက်ပိုင်းမဟာမိတ်တပ်မတော် နှင့် မြန်မာ အစိုးရတပ်မတော်ကြားဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ကချင်အမျိုးသား ခရစ်ယာန်သာသနာပြု နှစ်ဦးအား တပ်မတော် စစ်ဗျူဟာကုန်းသို့ မြန်မာစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားချိန်မှ စ၍ ယနေ့တိုင် ပျောက်ဆုံးနေသည်ဟု လည်း ၎င်းတို့က ပြောသည် ။
စတုတ္ထအကြိမ် မြန်မာနိုင်ငံသို့ မစ္စယန်ဟီလီ ရောက်ရှိချိန် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အထိသာ မြန်မာအစိုးရမှ သွားလာခွင့်ပြုပြီး စစ်ရေးပဋိပက္ခဖြစ်နေသည့် မူစယ်ခရိုင် ကွတ်ခိုင်မြို့ဘက်သို့ သွားရောက် နိုင်ခြင်းမရှိချေ ။
၁၂ ရက်ကြာ ရောက်ရှိနေထိုင်မည့် မစ္စယန်ဟီလီ၏ ပဉ္စမအကြိမ်မြောက်ခရီးစဉ်ဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးအမျိုးမျိုးအား စစ်တမ်းကောက်ယူကာ ၂၀၁၇ မတ်လတွင် ကျင်းပ မည့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ တင်ပြမှာဖြစ်ပါသည် ။
Tags: News, politic