ပင်လုံ ကတိကဝတ်အတွက် ဗမာ ခေါင်းဆောင် ကတိတည်ရန် ကျောင်းသားခေါင်းဆောင်ဟောင်း တိုက်တွန်း
လူများစုဖြစ်သည့် ဗမာခေါင်းဆောင် အနေဖြင့် တိုင်းရင်းသားများအပေါ် ကတိတည်ရန် လိုအပ်ကြောင်း ၈ လေးလုံး ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်သည့် ဦးမိုးသီးဇွန်က တိုက်တွန်းပြောဆိုသည် ။
ပင်လုံမြို့၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားသို့ ဒေါ်အောင် ဆန်းစုကြည် တက်ရောက်ခဲ့ပြီးနောက် ဦးမိုးသီးဇွန်က ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည် ။
ပင်လုံမြို့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် တိုင်းရင်းသား ကိုယ်စားလှယ်များ၏ မိသားစုဝင်များက ငြိမ်းချမ်းရေးအတွက် ၄င်းတို့မိဘ ဘိုးဘွားများနှင့် ဒေါ်အောင်ဆန်းစုကြည် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းတို့အကြား ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် ကတိကဝတ်များကို အကောင်ထည်ဖော်ပေးရန် တိုက်တွန်းခဲ့ကြသည် ။
သို့သော် ဒေါ်အောင်ဆန်းစုကြည်ကမူ ‘ ပင်လုံစာချုပ်လေ့လာလိုက်တော့ ပူးပေါင်းဆောင်ရွက်မှုဟာ လွတ်လပ်ရေး ရနိုင်တယ်။ အဓိကက ကိုယ်လိုချင်တဲ့ ပန်းတိုင် အမြန်ရောက်ဖို့ ဆိုတာ အဓိက အချက်ပေါ့လေ။ ကျန်တဲ့ အချက်တွေက တိုင်ပင်ဆွေးနွေးပြီး အဖြေရှာရမယ်ဆိုတဲ့ ကိစ္စတွေပါ။ လှေနံဓါးထစ် ဒါဒါဒါ ဆိုတာတွေ မဟုတ်ပါဘူး။ မူလစာချုပ်က အင်္ဂလိပ်ဘာသာ စကားနဲ့ပေါ့။ဒါက မြန်မာလို ပြန်ထားတာလေ။ တိုင်ပင်ဆွေးနွေးပြီး အဖြေရှာနိုင်တယ်ဆိုတဲ့ အဆင့်မရောက်သေးဘူးဆိုရင် ဒါက စကားပဲ ရှိတယ် အပြုအမူ မရှိဘူးဆိုတဲ့ သဘောပြောလို့ရတယ်။ ‘ ဟု ပြောဆိုသည် ။
အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဆွေးနွေးခဲ့သည့် သျှမ်းတိုင်းရင်းသား လူငယ်ကိုယ်စားလှယ် စိုင်းအောင်မြင့်ဦးကမူ သျှမ်းတိုင်းရင်းသားများ၏ ယုံကြည်ချက်မှာ ပင်လုံစာချုပ် ကတိကဝတ် အကောင်ထည်ဖော်မှုနှင့် ငြိမ်းချမ်းရေး ဆက်စပ်နေသည်ဟု ယုံကြည်ထားပြီး အတိုင်ပင်ခံပုဂ္ဂိုလ်မှ စာချုပ်အကောင်ထည်ဖော်နိုင်ရန် လမ်းညွှန်ပြသ ပေးရန် တိုက်တွန်းခဲ့သည် ။
ပင်လုံစာချုပ် အပိုဒ် ၅ မှာ - နယ်စပ်ဒေသများအတွင် နယ်တွင်းအုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ၁၀၀ ရာနှုန်းပြည့် အပြည့်အဝရှိရန် မူအားဖြင့် သဘောတူခြင်း ၊ အပိုဒ် ရ တွင် နိုင်ငံတကာနိုင်ငံများတွင် ဒီမိုကရေစီ အခွင့်ရေးများကို တောင်တန်းသားများ ခံစားခွင့်ရှိစေရမည်- ဟူ၍ ပါရှိပါသည် ။
သျှမ်းပြည်နှင့် ပတ်သက်သည့် ကိုယ်ပိုင် အုပ်ချုပ်မှုဘဏ်ဏ္ဍာရေးအစီအစဉ် ( အခွန်ခွဲဝင်ခွင့် ၊ သယံဇာတ ခွဲဝေ အုပ်ချုပ်မှုအတွက် အင်္ဂလိပ်ခေတ်က ရခဲ့သည့် အခြေနေအတိုင်း ) ထိခိုက်ခြင်း မရှိစေရနှင့် ကချင် ၊ ချင်း တောင်တန်းဒေသများအတွက် ဘဏ်ဏ္ဍာရေးအကူညီ ထိခိုက်မှုမရှိစေရေး ၊ သျှမ်းပြည်ရနေသကဲ့သို့ သယံ ဇာတနှင့် အခွန်ခွဲဝေမှုဆိုင်ရာ လုပ်ပိုင်ခွင့်များ ရရှိစေရေး စသည့်အချက်များပါဝင်နေခဲ့ပါသည် ။
‘ ပင်လုံစာချုပ်ကို သဘောတူတယ်။ အကောင်အထည်ဖေါ် မယ် ဆိုရင် ပြီးသွား ပြီ။ အပိုတွေ ပြောစရာ မရှိတော့ဘူး။ ပင်လုံ စာချုပ်ဟာ ဘာမှားသလဲ။ ဘာ မကောင်းဘူးလဲ။ ‘ ဟု ကျောင်းသား တပ်မတော် ABSDF ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့သူ ဦးမိုးသီးဇွန်က မေးခွန်းထုတ်သည် ။
နှစ် ရ၀ ပြည့် ပြည်ထောင်စုနေ့အခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင်ကျင်းပရာ နိုင်ငံရေးဆွေးနွေးပွဲတွင်ပါဝင်နိုင်ရန် တပြည်လုံးအပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ယုံယုံကြည်ကြည်ဖြင့်လက်မှတ်ထိုးစေချင်ကြောင်းသာ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အဓိကပြောဆိုသွားခဲ့ကြောင်းလည်း သိရပါသည် ။
Tags: News, politic