ပင်လုံပဋိညာဉ် (သို့) အပြန်လှန်ပြုရန် သဘောတူညီချက်



ပင်လုံစာချုပ် “Panglong Agreement” သည် ပဋိညာဉ် (သို့မဟုတ်) အပြန်အလှန်ပြုရန်သဘောတူညီချက်များကို ဥပဒေသဘော သဘာဝ အတိုင်းစာအားဖြင့်ရေးသားချုပ်ဆိုထားသည့် သမိုင်းဝင် စာချုပ်ကြီး တခုဖြစ်သည် ။

ရှမ်း၊ ကချင်၊ ချင်း တိုင်းပြည်များရှိ လူမျိုးများအသီးသီးကို ကိုယ်စားပြုကြသည့် ခေါင်းဆောင်ကြီး များနှင့် “Ministerial Burma” ကို ကိုယ်စားပြုသည့် ဗိုလ်ချုပ်အောင်ဆန်း တို့အကြားအပြန်အလှန်ပြုရန် သဘောတူချုပ် ဆို ထားသည့် ပဋိညာဉ် စာချုပ်ကြီးတခုဖြစ်သည် ။


အဆိုပါ ပင်လုံပဋိညာဉ်ကြောင့် ပြည်ထောင် စုမြန်မာနိုင်ငံ ဆိုသည့်ပြည်ထောင် များစုစည်းထားသောတိုင်းပြည်သစ်တခု ကမ္ဘာပေါ်တွင် ပေါ် ထွန်းလာခဲ့ခြင်းဖြစ် သည်။ ပင်လုံပဋိညာဉ်ကြောင့် အင်္ဂလိပ်တို့ကတောင်တန်းဒေ သများ “Frontier Areas” ဟု အမည်ပေးကာ သီးခြားအုပ်ချုပ်ခဲ့သည့် ရှမ်း၊ ကချင်၊ ချင်း တိုင်း ပြည်များနှင့် “Ministerial Burma” ဟု ယခင်က သီပေါ်မင်းနှင့် သီပေါမင်း မတိုင်ခင်က မြန်မာဘုရင်များအုပ်ချုပ်မင်းမူခဲ့သည့် နယ်မြေများ ကို အခြေခံ သတ်မှတ်ခဲ့သည့် တိုင်းပြည်များ စုစည်းလျှက် ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ် တည် လာခြင်းဖြစ်သည်။ ပင်လုံပဋိညာဉ်ကြောင့် လွပ်လပ်ရေးသီးခြားစီ ရလတံ့သော အဆိုပါတိုင်းပြည်များစုပေါင်းကာ ပြည်ထောင်စုမြန်မာနိုင်ငံ အဖြစ် အင်္ဂလိပ်တို့ထံ ဆုံးရှုံးခဲ့ရသည့် လွပ်လပ်ရေးကို စုပေါင်းရယူခဲ့ကြသည်။


ဤထက်မက အနက်အဓိပ္ပာယ်နှင့် အနှစ်သာရ နက်ရှိုင်းကြီးမားလေးမြတ် လှပေသည့် ပင်လုံပဋိညာဉ်ကြီးကို ဒေါက်တာအောင်ခင် သည် “Voice of America” ၌ “နောက်တခုက ဘာလဲဆိုတော့ အားလုံးပြောပြောနေတဲ့ ဒီပင်လုံစာချုပ်၊ ပင်လုံစာချုပ် ပြောပြောနေတယ်။ ပင်လုံစာချုပ်က ဘာမှမဟုတ် ဘူးဗျ၊ အချက် (၉) ချက်ပဲရှိတယ်။ကျွန်တော့ဆီမှာ အခုရှိတယ်။ ဘာလဲဆိုတော့ ပင်လုံစာချုပ်က အင်္ဂလိပ်ဘုရင်ခံကောင်စီထဲမှာ တိုင်းရင်းသားကိုယ်စားလျှယ် ထည့် ဖို့ပဲ။ ဒါပဲ။ ဆိုတော့ ဘုရင်ခံအုပ်ချုပ်ရေးကောင်စီမှာ တိုင်းရင်းသား ကိုယ်စားလှယ် ထည့်ဖို့သဘောတူတာ ပင်လုံစာချုပ်ပဲ။ ဒါ့အပြင် ဘာမှမရှိဘူး။ အဲဒါကို၊ အဲဒါနဲ့ ၁၉၄၇ အခြေခံဥပဒေမှာ ပါတဲ့သဘောတရားတွေနဲ့ ရောပြီးေ တာ့ဖြည့် (ဖြစ်) နေလို့၊ ဒါကြောင့် ပင်လုံစာချုပ်ကိုတော့ တနေ့နေ့ ရှင်းရမယ်ဆိုပြီး ကျွန်တော်ပြောတာပါ” ဟုပြောဆိုခဲ့သည်။ 2 ဒေါက်တာေ အာင်ခင် ကဲ့သို့သော ပါရဂူဘွဲ့ရ ခေတ်ပညာတတ် ပုဂ္ဂိုလ်ကြီး တဦး၏ ပါးစပ်ဖြားမှ ပင်လုံပဋိညာဉ်ကြီးအား “ဘာမှမဟုတ်ဘူးဗျ” ဆိုသည့် ပြောဆို ချက်များ ထွက်လာသည်ကို အံ့သြစွာ သိရှိရသည့်အပြင်၊ ကချင် လွပ်လပ်ရေး အဖွဲ့၏ တောင်းဆိုချက်များကို ကြားသိလာရသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုသည့် နိုင်ငံကြီးတခုကို တည်ထောင်စေနိုင်စွမ်းရှိသောပဋိညာဉ် (သို့မဟုတ်) “The Founding Document of the Union” ခေါ်ဆိုထိုက်သည့် ပင်လုံစာချုပ် (သို့) ပင်လုံပဋိညာဉ် အကြောင်းကို ဥပဒေရှုဒေါင့်မှ အကျဉ်းချုံးရေး သား တင်ပြလိုက်ရပါသည် ။


လွပ်လပ်သော တိုင်းပြည်များ အချုပ်အခြာအာဏာ ဆုံးရှုံးခြင်း၁၈၈၆ ခုနှစ် အင်္ဂ လိပ် စစ်တပ်က သီပေါမင်းကို ဖမ်းဆီးလိုက်သည်နှင့် တပြိုင်နက် သက်ဦး
ဆံပိုင်မြန်မာဘုရင် သီပေါမင်း အုပ်ချုပ်မှု အာဏာသက်ရောက်ရာ နယ်မြေအားလုံးသည် ဖြစ်ရိုးဖြစ်စဉ်အရအင်္ဂလိပ်တို့ လက်အောက် သို့ ကျရောက် သွားပြီဖြစ်သည်။ သို့ရာတွင် မြန်မာလူမျိုးတို့၏ သက်ဦးဆံပိုင် ဘုရင်မင်းမြတ် ဖြစ်သည့် သီပေါမင်း အုပ်ချုပ်ရေးအာဏာ သက်ရောက်မှု မရှိသည့် ချင်း၊ ကချင်၊ ရှမ်းတိုင်းပြည်များမူကား အင်္ဂလိပ်တို့ လက်အောက် သို့ အလိုအလျှောက် ကျရောက်ခြင်းမရှိခဲ့ပေ ။


ထို့ကြောင့်အင်္ဂလိပ်နယ်ချဲ့စစ်တပ်သည် ချင်း၊ ကချင်၊ ရှမ်း တိုင်းပြည် များကို နိုင်ငံရေးနည်းအားဖြင့် စည်းရုံးသိမ်းသွင်းခြင်း၊စစ်ရေးအာြး ဖင့် ဆက် လက်တိုက်ခိုက် သိမ်းပိုက်ခြင်းများ ပြုလုပ်ခဲ့ရခြင်းဖြစ်သည် ။


သက်ဦးဆံပိုင်မြန်မာဘုရင်သီပေါမင်းကို နန်းချလိုက်သည်နှင့် ချင်း၊ ကချင်၊ ရှမ်း တိုင်းပြည် များ အင်္ဂလိပ် လက်အောက်သို့ အလိုအလျှောက် ကျရောက် မသွား ရခြင်းသည် သီပေါမင်းအုပ်ချုပ်သည့် တိုင်းပြည်များ (သို့မဟုတ်) သီပေါမင်း အုပ်ချုပ်မှုလက်အောက်ရှိ တိုင်းပြည်များမဟုတ်သည့် အပြင် အချုပ်အချာ အာဏာပိုင် လွပ်လပ်သည့် တိုင်းပြည်များဖြစ်ကြသောကြောင့် ဖြစ်ေ ပသည် ။


အသိအမှတ်ပြု ခွဲခြားအုပ်ချုပ်ခြင်းစနစ်မြန်မာလူမျိုးများသည် သက်ဦး ဆံပိုင် ဘုရင် စနစ်ကို အလောင်းဘုရားခေတ်မှစ၍ သီပေါမင်း အထိ နှစ်ပေါင်း တစ်ထောင်ကျော် လက်ခံကျင့်သုံးခဲ့သည့် လူမျိုးများဖြစ်ကြသည်။သို့သော် ချင်း၊ ကချင်၊ ရှမ်း လူမျိုးများသည်သက်ဦးဆံပိုင်ဘုရင်စနစ်ကို လက်မခံ၊ မကျင့် သုံးသည့် လူမျိုးများဖြစ်ကြသည်။ ထို့ကြောင့် အင်္ဂလိပ်တို့သည်သက်ဦး ဆံပိုင် ဘုရင် စနစ်ကို လက်ခံကျင့်သုံးသည့် မြန်မာမင်းများ အုပ်ချုပ်ခဲ့သောနိုင်ငံနှင့်၊ သက်ဦးဆံပိုင်ဘုရင်စနစ်ကို မကျင့်သုံးသည့် ချင်း၊ ကချင်၊ ရှမ်း နိုင်ငံ များ ကို အတူတကွစုစည်းကာ အုပ်ချုပ်ရေးစနစ် တခုဖြင့် အုပ်ချုပ်၍မဖြစ်နိုင်သည် ကို သိရှိနားလည်ထားကြသည် ။


သို့ဖြစ်၍ “Ministerial Burma” နှင့် “Frontier Areas” ဟုခွဲခြားကာ၊ မတူညီသည့် အုပ်ချုပ်ရေးစနစ်များ ပြဌာန်းကျင့်သုံးလျှက် သီးခြားအုပ်ချုပ် ရခြင်းဖြစ် သည်။ ချင်းတိုင်းပြည်ကို “Chin Hills Regulation Act, 1896” ပြဌာန်းကာ အုပ်ချုပ်ခဲ့ကြသည်။ ကချင်တိုင်းပြည်ကို “Kachin Hills Regulation Act, 1895” ပြဌာန်းကာအုပ်ချုပ်ခဲ့ကြသည်။ ဖက်ဒရယ်ရှမ်းပြည် ကို လည်း ၁၈၈၇ ခု၊ ၁၈၉၁ နှင့် ၁၈၉၅ တို့တွင် ဖက်ဒရယ်ရှမ်းပြည်ဆိုင်ရာအက်ဥပဒေ များ ပြဌာန်းကာ သီးခြားအုပ်ချုပ်ခဲ့ကြသည်။ ရှမ်း၊ ချင်း၊ ကချင်များကို သီးခြားအက်ဥပဒေများပြဌာန်းအုပ်ချုပ်ခဲ့ကြခြင်းသည်လည်း၊ ရှမ်းသည် ချင်းမ ဟုတ်၊ ချင်း သည် ကချင်မဟုတ်၊ ကချင်လည်း ရှမ်းမဟုတ် ဆိုသည့် အချက်ကို သိရှိလက်ခံထား သောကြောင့်သာဖြစ်သည်။


နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်မှုကို အစွန်းထွက် မုန်းတီးသူများက ဤကဲ့သို့ ခွဲခြားအုပ်ချုပ်ခြင်းကို“သွေးခွဲအုပ်ချုပ်ခြင်း” “Divide and Rule” ဟုခေါ် ဆို သမုတ်ကြသည်။ အမှန်မှာ အင်္ဂလိပ်တို့က “Frontier Areas” နှင့် “Ministerial Burma” ဟုခွဲခြား အုပ်ချုပ်ခြင်းသည် “Divide and Rule” မဟုတ်။ ရှမ်း၊ ကချင်၊ ချင်း၊ မြန်မာလူမျိုးများ၏ မတူညီမှုများကို လက်ခံ အသိ အမှတ်ပြုသဖြင့် ခွဲခြားအုပ်ချုပ်ခြင်း “Recognize and Rule” စနစ်သာ ဖြစ်ပေသည်။ ချင်း၊ ကချင်၊ ရှမ်း လူမျိုးများသည် စော်ဘွားများ၊ တိုက်သူကြီးများ၊ ဒူဝါများဖြင့် မိမိတို့ကိုမိမိတို့လွပ်လပ်စွာအုပ်ချုပ်လာခဲ့ ကြ သည်ကို အင်္ဂလိပ်တို့ သိရှိလက်ခံထားသောကြောင့်ဖြစ်သည်။ မတူညီကွဲပြားကြစေကာမူ စော် ဘွားများ၊ တိုက်သူကြီးများ၊ ဒူဝါများ၏ အုပ်ချုပ်ရေး စနစ်များသည် တူညီမှုအထိုက်အလျှောက်ရှိသဖြင့် “Frontier Areas” အဖြစ် စုပေါင်း အုပ်ချုပ်ခြင်းဖြစ်သည် ။


3 ဗြိတိသျှတို့သည် သီပေါပိုင်နက်နယ်မြေများကို သိမ်းပိုက်ပြီးနောက် လွပ်လပ်သည့် ချင်းပြည်၊ ကချင်ပြည်၊ ရှမ်းပြည်များကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ချင်းပြည်ကို ၁၈၉၅ ခုမှသာ သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ See generally, Dorothy Woodman, Making Burma (1962). 4 ဥပမာ - “ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော သာသနာ ဒါယကာတော် လ္နက်စကြာသခင် ဆင်ဖြူဆင်နီ ဆင်ကျားများသခင် အသျှင်ဘဝရှင် အလောင်းမင်းတရားကြီး” ဟု အောက်မြန်မာနိုင်ငံသို့ ချီတက်တော်မူရာတွင် သစ္စာမခံသေးသော အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများထံ ကြိုတင်ပေးပို့သည့် အမိန့်တော်တွင် ရေးသားထား သည်။


မြန်မာသမိုင်းကော်မရှင်၊ အလောင်းမင်းတရားအမိန့်တော်များ စာ ၃၊ ၁၉၆၄။ 3 ချင်းအမျိုးသားများ၊ ကချင်အမျိုးသားများ၊ ရှမ်းအမျိုးသားများက နယ်ချဲ့ အင်္ဂလိပ် ကို တော်လှန်ခဲ့ရခြင်းမှာမြန်မာ သမိုင်းဖတ်စာတချို့ တွင် ရေးသားထားသကဲ့သို့ ၎င်းတို့၏ ရေမြေအရှင်သခင်၊ သက်ဦးဆံပိုင် ဘုရင်မင်းမြတ် သီပေါမင်းကြီးအား အင်္ဂလိပ်တို့က ဖမ်းဆီးခေါ်ဆောင် သွားသောကြောင့် မဟုတ်။ ၎င်းတို့အသီးသီး၏ လက်လွှတ်ဆုံးရှုံးခဲ့ သည့် အချုပ်အခြာ အာဏာ ပြန်လည်ရယူလိုကြသဖြင့်၊ နယ်ချဲ့အင်္ဂလိပ် ကို တော်လှန်ကြခြင်း သာ ဖြစ်သည် ။


မြန်မာ အမျိုးသားများက အင်္ဂလိပ်တို့ကို တော်လှန်ကြခြင်းမှာလည်း ၎င်းတို့၏ အချုပ်အခြာအာဏာပိုင်ရေမြေအရှင်သခင် သက်ဦးဆံပိုင် ဘုရင် မင်းမြတ် သီပေါမင်းကြီးကို အင်္ဂလိပ်တို့က ခေါ်ဆောင်သွားသောကြောင့် သာဖြစ်သည် ။


ပင်လုံပဋိညာဉ်၏ အရင်းအမြစ်“သင်၏ ရန်သူ၏ ရန်သူသည် ငါ၏မိတ်ေ ဆွဖြစ်သည်” ဟူသော ဆိုရိုးစကားအတိုင်း နယ်ချဲ့အင်္ဂလိပ်တို့ ထံမှ အချုပ် အခြာအာဏာကို အသီးသီး ပြန်လည်ရယူလိုကြသည့် ချင်း၊ ကချင်၊ ကရင်၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် လူမျိုး များသည် ၎င်း တို့၏ဘုံရန်သူဖြစ်သည့် အင်္ဂလိပ်ကို တော်လှန်ကြရာတွင်၊ တော်လှန်ရခြင်း အကြောင်းရင်း တူညီ သဖြင့် စည်းလုံးလာခဲ့ကြခြင်းဖြစ်သည်။ ဤကဲ့သို့ ဘုံရန်သူအင်္ဂလိပ်ကို တိုက်ထုတ်ရာမှရရှိလာသော စည်းလုံး မှုကို အကြောင်းပြလျှက်၊ ပင်လုံစာချုပ်ကြောင့်သာ ပေါ်ပေါက်လာသည့် ပြည်ထောင်စု မြန်မာနိုင်ငံ တခုလုံးကို သက်ဦး ဆံပိုင် မြန်မာဘုရင်သီပေါမင်းနှင့် သီပေါမင်းမတိုင်ခင် မြန်မာမင်းများ ပိုင်နက်နယ်မြေကဲ့သို့ လိမ်ညာရေးသားခြင်း များစွာရှိသည်။ ထိုသို့ သမိုင်းအမှန်ကို ထိမ်ဝှက်ရေးသား ပြောဆိုခြင်းများသည် မြန်မာမဟုတ်သည့် လူမျိုးများအား စော်ကားခြင်း သာဖြစ်သည်။ အင်္ဂလိပ်တို့ကို မနိုင်၍ မြန်မာတို့ထီးနန်း ပျောက်ခဲ့သည်မှာ အမှန်ဖြစ် သည်။ ချင်း၊ ကချင်၊ ရှမ်း တို့သည်လည်း အင်္ဂလိပ်တို့ကို မနိုင်၍ ၎င်းတို့၏ အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ကြသည် ။


သို့သော် ချင်း၊ ကချင်၊ ရှမ်း၊ ကရင် လူမျိုးတို့သည် ထီးစနစ်၊ နန်းစနစ်ကို ကျင့်သုံးခဲ့သည့် လူမျိုးများမဟုတ် ကြသဖြင့် ထီးပျောက်၊ နန်းပျောက်စရာ အကြောင်းမရှိ။ အချုပ်အချာ အာဏာသာရှိ၍၊ အချုပ်အချာအာဏာကို ဆုံးရှုံးခဲ့ကြသည်။ ဤကဲ့သို့ အချုပ်အခြာအာဏာကို လူ့ယူခဲ့သည့် ဘုံရန်သူကို တိုက်ခိုက်ရာတွင် စည်းလုံးကြ စေကာမူ အင်္ဂလိပ်ထံမှ အချုပ် အခြာအာဏာ ပြန်လည်ရရှိချိန်တွင် အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့သည့် တိုင်းပြည်နှင့် လူမျိုးအသီးသီးက၊ တသီး တခြားစီ အချုပ်အခြာအာဏာကို ပြန်လည်ရရှိကြရ မည်သာဖြစ်သည်။ သို့ရာတွင် အင်္ဂလိပ်ထံမှ သီးခြားလွပ်ရေး ကို သီးခြားစွာမရယူပဲ၊ တန်းတူညီမျှမှုကို အခြေခံလျှက်၊ ပြည်ထောင်စုကြီး တခုအဖြစ် လွပ်လပ်ရေးကို အတူတကွ ရယူစေလိုသော ဗိုလ်ချုပ်အောင်ဆန်း၏ ဖြူစင်ရိုးသားသည် စိတ်စေတနာကြောင့် ပင်လုံပဋိညာဉ် ဖြစ်ပေါ်လာရခြင်း ဖြစ်သည် ။


အောင်ဆန်း - အက်တလီ စာချုပ်5ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် “Executive Council of the Government of the Ministerial of Burma” ကိုယ်စားလျှယ်များ လန်ဒန်သို့ သွားရောက်ကာ သက်ဦးဆံ ပိုင် ရေမြေအရှင်သခင် မြန်မာဘုရင်သီပေါမင်းနှင့်အတူ အင်္ဂလိပ် တို့ယူဆောင်သွားသည့် မြန်မာ့လွပ်လပ်ရေး ကို ပြန်လည်တောင်းဆိုသည့်အခါ သီပေါမင်းနှင့် သီပေါမင်း မတိုင်ခင်က မြန်မာမင်းတို့ အုပ်ချုပ်မှု အာဏာလက်အောက် မရှိခဲ့သည့် “Frontier Areas” များကိုပါ လွပ်လပ်ရေး တပါတည်းပေးရန် စေတနာရှိစွာဖြင့် တောင်းဆိုခဲ့သည် ။


သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် “Frontier Areas” ရှိ ပြည်သူ များကို တရားဝင်ကိုယ်စားပြုသည့် အဖွဲ့မဟုတ်၊ ယခင်သီပေါမင်းနှင့် သီပေါမင်းမတိုင်ခင် မြန်မာ ဘုရင်များ ပိုင်နက်နယ်မြေကို အခြေပြု တည်ထောင် ထားသည့် “Ministerial Burma” ကိုသာ တရားဝင်ကိုယ်စားပြုသူ များဖြစ်သည်ကို အင်္ဂလိပ်တို့က ကောင်းမွန်စွာ နားလည်ထားသည်။ စေတနာရှိတိုင်း သူတပါး၏ အချုပ်အခြာအာဏာ ကို တောင်းဆိုပေးခြင်းသည် နည်းစနစ်ကျသည့် လုပ်ရပ်မဟုတ်။ သို့ရာတွင် ဗိုလ်ချုပ် အောင်ဆန်း၏ ရိုးသားမှုနှင့် ဂုဏ်သိက္ခကို လေးစားသဖြင့်၊ အင်္ဂလိပ်တို့သည် ချွင်းချက်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် စာချုပ်ချုပ် ဆိုရာတွင်၊ အောင်ဆန်း - အက်တလီ စာချုပ်၏ အပုဒ် (၈) တွင် တောင်တန်းဒေသများ 5 See Aung San - Attlee Agreement text at Burma Embassy, DC Website, URL http://www.mewashingtondc.com/Aung_San_Attlee_Agreement.pdf (Last visited on April 5, 2009) 4“Frontier Areas” နှင့် ပါတ်သက်သော အချက်များကို ပြည့်စုံစွာ ထည့်သွင်း ရေးသား ကာ စာချုပ်ချုပ်ခဲ့ရခြင်း
ဖြစ်သည်။ အောင်ဆန်း - အက်တလီစာချုပ် အပိုဒ် (၈) တွင် အရေးကြီးသည့် အချက် ၆ ချက်ရှိရာ ၎င်းတို့မှာ-

၁။ “Frontier Areas” နှင့် “Ministerial Burma” ပေါင်းစည်းရေးသည် “Frontier Areas” ရှိ ပြည်သူတို့၏
လွပ်လပ်သော သဘောထား အရသာဖြစ်ရမည် ။


၂။ “Frontier Areas” ရှိ ပြည်သူများသည် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် နှစ်ဦးနှစ်ဖက် သဘောတူညီချက် အတိုင်း “Government of Burma” နှင့်ရင်းနှီးစွာ ဆက်ဆံရမည် ။


၃။ “Frontier Areas” နှင့် “Ministerial Burma” ရှိ ပြည်သူများသည် အချုပ်အနှောင် ကင်းမဲ့စွာဖြင့်ကူးလူး ဆက်ဆံကြရမည် ။


၎။ “Frontier Areas” ခေါင်းဆောင်များ အင်္ဂလိပ်တို့ထံမှ လွပ်လပ်ရေးမရမည် ကြားကာလတွင် “Government of Burma” နှင့် မည်သို့မ ည်ပုံ ဆက်သွယ်ရမည်ဆိုသည့် အချက်နှင့် ပါတ်သက်၍ ၎င်းတို့၏ သဘောထားကို မေးမြန်း ရယူရမည် ။


၅။ ပင်လုံ အစည်းအဝေးပြီးဆုံးသည်နှင့် “His Majesty’s Government” နှင့် “Government of Burma”တို့သည် “Frontier Areas” ပြည်သူများ၏ လိုလားချက်များအား မည်သို့ဆက်လက် အကောင်အထည် ဖေါ်ရမည်ကို ညှိနှိုင်း ဆွေးနွေးရမည် ။


၆။ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုကို ဖွဲ့စည်းကာ အခြေခံဥပဒေမူကြမ်းရေးဆွဲရာတွင် “Frontier Areas” ရှိ ပြည်သူများ မည်သို့မည်ပုံ “Ministerial Burma” နှင့် ပူးပေါင်းလိုကြောင်း စုံစမ်းစစ်ဆေးရမည် ။


တိုင်းပြုပြည်ပြု လွှတ်တော် မခေါ်မှီ အဆိုပါစုံစမ်းစစ်ဆေးမှု တွေ့ရှိချက်များကို “His Majesty’s Government” နှင့် “Government of Burma” တို့ထံသို့ တင်ပြရမည်။ ဗိုလ်ချုပ်အောင်ဆန်း၏ “Ministerial Burma” လွပ်လပ်ရေးရမည့် အချိန်တွင် “Frontier Areas” ပြည်သူ များလည်း လွပ်လပ်ရေး ရရှိစေလိုသော သန့်စင်သည့် စေတနာကို မေးခွန်းထုတ်စရာမလို၊ မေးခွန်းထုတ်နေခြင်း လည်း မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းသည် “Frontier Areas” ၏ တရားဝင် ကိုယ်စားလှယ် မဟုတ်သည်ကို “Frontier Areas” ခေါင်းဆောင်များနှင့် အင်္ဂလိပ်တို့ နားလည်ထားကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကလည်း “Frontier Areas” ရှိ တိုင်းပြည်များ လွပ်လပ်ရေးကိစ္စနှင့် ပါတ်သက်၍ တရားဝင် ကိုယ်စားပြုခွင့်
မရှိသည်ကို နားလည်လက်ခံသဖြင့် အောင်ဆန်း - အက်တလီစာချုပ်ကို ချုပ်ဆိုရာတွင် အဆိုပါ အပိုဒ် (၈) ကို ထည့်သွင်းရန် လက်ခံခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ အောင်ဆန်း - အက်တလီ စာချုပ် အပိုဒ် (၈) အရ ချင်း၊ ကချင်၊ ရှမ်းတိုင်း ပြည်များကို ကိုယ်စားပြုသည့် ခေါင်းဆောင်များနှင့် ပင်လုံမြို့သို့သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည် ။


ဗိုလ်ချုပ်အောင်ဆန်း ပင်လုံမြို့သို့ရောက်ရှိသည်နှင့် ရှေးဦးစွာ ရှမ်း နှင့် ကချင် တိုင်းပြည် ခေါင်းဆောင် များနှင့် စတင်ဆွေးနွေးသည်။ “Ministerial Burma” နှင့်အတူတကွ လွပ်လပ်ရေးကို စောလျှင်စွာရယူကြရန် ဗိုလ်ချုပ်အောင်ဆန်းက တိုက်တွန်းသည်။ ရှမ်း နှင့် ကချင်တိုင်းပြည် ခေါင်းဆောင်များကလည်း ဗိုလ်ချုပ် အောင်ဆန်းက အောက်ပါ အချက်များကို လက်ခံမှ “Ministerial Burma” နှင့်ပူးပေါင်းကာ စောလျှင်စွာ လွပ်လပ်ရေး ရယူနိုင်မည် ဟု ကမ်းလှမ်းကြသည်။ အဆိုပါအချက်များမှာ -


(၁) Government of Burma Act, 1935 အရ Ministerial Burma ၏ အုပ်ချုပ်ရေး နယ်ပယ်တွင် ထည့်သွင်းထားသည့် မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင်များ ပါဝင်သည့် ကချင်ပြည်ကို ထူထောင်ရန်။


(၂) အင်္ဂလိပ်တို့ထံမှ လွပ်လပ်ရေးရပြီး နောက်တွင် ပြည်ထောင်စုမှ ခွဲထွက်လိုပါက လွပ်လပ်စွာ ခွဲထွက်ခွင့် ရှိရန် နှင့်၊


(၃) တန်းတူညီမျှမှုကို အခြေခံသည့် ဖက်ဒရယ် စနစ်ကို အခြေလျှက် ပြည်ထောင်စုကို တည်ဆောက်ရန် တို့ဖြစ်သည်။


နောက်တနေ့တွက် ချင်းတိုင်းပြည် ကိုယ်စားလျှယ်များ ရောက်လာသည်နှင့် ရှမ်းတိုင်းပြည် ကိုယ်စားလျှယ် များနှင့် ကချင်တိုင်းပြည် ကိုယ်စားလျှယ်များက ဗိုလ်ချုပ်အောင်ဆန်း အပေါ်၎င်းတို့၏ တောင်းဆိုချက်များကို ချင်းအမျိုး သား ကိုယ်စားလျှယ်များအား ရှင်းပြကာ ၎င်းတို့၏ သဘောထားကို တောင်းဆိုကြရာ ချင်း ကိုယ်စား လျှယ်များက ရှမ်း နှင့် ကချင် ခေါင်းဆောင်များ၏ တင်ပြချက် ၃ ရပ်ကိုအပြည့်အဝ လက်ခံ သဘောတူကြသည် ။


၎င်းအပြင် ချင်းတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် “Government of Burma” ၏ဘတ်ဂျက်မှ ဘဏ်ဏ္ဍငွေ ထုတ်ယူသုံးစွဲခွင့်ရှိရန် နှင့် ချင်းတိုင်းပြည်အစိုးရ ဘတ်ဂျက်လိုငွေပြပါက “Government of Burma” ၏ ဘဏ်ဏ္ဍာငွေမှ ထုတ်ယူသုံးစွဲခွင့် ရှိရန်ဆိုသည့် အချက် ၂ ချက်ကိုထပ်မံ ဖြည့်စွပ်တောင်းဆိုကြသည်။


ဤအချက်များ အားလုံးကို ဗိုလ်ချုပ်အောင်ဆန်းက လက်ခံမှသာလျှင် “Ministerial Burma” နှင့် အတူတကွ လွပ်လပ်ရေးကို စောလျှင်စွာရယူမည်ဟု သဘောတူခဲ့ကြသည်။ ဤနေရာတွင် အရေးကြီးသည့် အချက်မှာ ချင်းးတို့အနေဖြင့် ခွဲထွက်ခွင့်ကိုတောင်းဆိုခြင်း မရှိစေကာမူ၊ ကချင် နှင့် ရှမ်းတို့တောင်းဆိုချက်ကို လက်ခံခြင်းသည် ပဋိညာဉ်ဥပဒေတွင် ချင်းတို့ကလည်း ခွဲထွက် ခွင့်ရှိခြင်းကို ရည်ညွှန်းသည်။ ဤအချက်ကြီး ၅ ချက်ကို ဗိုလ်ချုပ်အောင်ဆန်းက လက်ခံသဖြင့် ပင်လုံပဋိညာဉ်ကို ချုပ်ဆို နိုင်ခဲ့ ကြခြင်း ဖြစ်သည်။ ပင်လုံပဋိညာဉ်၏ အနက်များမှာ -

၁။ “Frontier Areas” သည် “Ministerial Burma” နှင့် ချက်ချင်းပူးပေါင်းခြင်းဖြင့် လွပ်လပ်ရေးကို စောလျှင်စွာ ရယူနိုင်မည်ဟု ယုံကြည်သဘောတူသည် ။


၂။ အောင်ဆန်း - အက်တလီ စာချုပ်သဘောတူညီချက်အတိုင်း ဘုရင်ခံ၏ အတိုင်အပင်ခံကောင်စီတွင် “Frontier Areas” ကို ကိုယ်စားပြုမည့် ကိုယ်စားလျှယ်တစ်ဦးကို ရွေးချယ်ခန့်အပ်ရန် သဘောတူသည်။


၃။ တောင်တန်းဒေသများသည် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိ ရမည်ကို မူအားဖြင့်လက်ခံသည်။


၎။ ကချင်တို့တောင်းဆိုသည့် “Government of Burma Act, 1935., Part II Schedule Area” ပါ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များပါဝင်သည့် ကချင်ပြည်ဖွဲ့စည်းရေးကို တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရန်နှင့် အဆိုပါ နယ်မြေများပါဝင်သည့် ကချင်ပြည်ကိုဖွဲ့စည်းရေး အားလုံးတွင် လိုအင်ဆန္ဒရှိ ကြောင်း သဘောတူသည်။


၅။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် တိုင်းပြည်များတွင် မူလအခြေခံရပိုင်ခွင့်များအဖြစ် လက်ခံသည့်အခွင့် အရေးများနှင့် ရပိုင်ခွင့်များအားလုံး “Frontier Areas” ရှိပြည်သူများ ခံစားခွင့်ရှိရမည်ဟု သဘောတူသည်။


၆။ လက်ရှိဖက်ဒရယ်ရှမ်းပြည်၏ ဘဏ်ဏ္ဍာရေးဆိုင်ရာ လွပ်လပ်ခွင့်ကို ဤသဘောတူညီချက်ကြောင့် ထိပါး နှောက်ရှက်ခြင်း မရှိစေရန် သဘောတူသည်။


၇။ ကချင်ပြည်နှင့် ချင်းပြည်တို့သည် ဗမာပြည် ဘဏ်ဏ္ဍာငွေမှ ထောက်ပံ့ငွေများရယူသုံးစွဲခွင့်ရှိရမည်။ လက်ရှိ ဖက်ဒရယ်ရှမ်းပြည်နှင့် ဗမာပြည်အကြားတွင် ကျင့်သုံးနေသည့် ဘဏ်ဏ္ဍာရေးဆိုင်ရာ ပြဌာန်းချက် နှင့် ဆင်တူသည့် ပြဌာန်းချက်ကို ရေးသားပြဌာန်းရန် သဘောတူသည်။


ပဋိညာဉ်ကို အနက်ဖွင့်ခြင်း


ပဋိညာဉ်ကို အနက်ဖွင့်ရာတွင် “Statutory as the Terms” ဟုဆိုသည် အတိအလင်းပြဌာန်းထားသည့် အတိုင်း အနက်ဖွင့်ခြင်းနှင့် “Implied Terms” အမှုကိစ္စသဘောအရ လိုအပ်သော အစီအစဉ်အတိုင်း အနက်ဖွင့်ခြင်းဟူ၍ ရှိသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၅၂ တွင် “အပြန်အလှန် ဂတိများအတိုင်း ဆောင်ရွက် ရန်အစီအစဉ်ကို ပဋိညာဉ်အရ အတိအလင်းသတ်မှတ်ထားလျှင် ထိုအစီအစဉ်အတိုင်း ဆောင်ရွက်ရမည်။ ထို့ပြင် ပဋိညာဉ်အရ အစီအစဉ်ကို အတိအလင်း သတ်မှတ်ခြင်း မရှိလျှင် အမှုကိစ္စသဘောအရ လိုအပ်သော အစီအစဉ် အတိုင်း ဆောင်ရွက်ရမည်” ဟုပြဌာန်း ထားသည်။


ပင်လုံပဋိညာဉ်တွင် အတိအလင်း သတ်မှတ် သဘောတူထားသည့် “Statutory Terms” အချက် ၉ ချက် အပြင်၊ အတိအလင်း သတ်မှတ်ခြင်းမရှိသည် “Implied Terms” များစွာရှိသည်ကို ပင်လုံစာချုပ်အား အနက်ဖွင့် လိုသူတိုင်း သိရှိထားရန် လိုအပ်သည်။ ထို့အပြင် ပဋိညာဉ်ကို အနက်ဖွင့်ရာတွင် “Statutory Terms” ကိုသာဖတ်ရှုကာ အနက် ဖွင့်ခြင်းသည် ဥပဒေကြောင်းလမ်းအရ မှားယွင်းသော အနက်ဖွင့်ဆိုခြင်းလည်း ဖြစ်သည် ။


သို့ဖြစ်ပါ၍ ပင်လုံစာချုပ် ကို အနက်ဖွင့်လိုသူတိုင်း “Statutory Terms” နှင့် “Implied Terms” နှစ်ခုစလုံးကို အခြေခံကာ အနက်ဖွင့်ရမည် ဖြစ်သည်။


ပင်လုံပဋိညာဉ်နှင့် ခွဲထွက်ခွင့်


ပင်လုံပဋိညာဉ်တွင် လွပ်လပ်ရေးရရှိပြီးနောက် ၁၀ ကျော်လျှင် ပြည်ထောင်စုမှ ခွဲထွက်လိုပါက ပဋိညာဉ် လက်မှတ် ရှင်များ “Signatories” သည် ခွဲထွက်ပိုင်ခွင့်ရှိသည်ဟု “Statute” အရ ပင်လုံပဋိညာဉ်တွင် အတိအလင်း ပြဌာန်း ထားခြင်းမရှိပေ။ သို့ရာတွင် ပင်လုံပဋိညာဉ်ကို လက်မှတ်မရေးထိုးခင်က ရှမ်းခေါင်းဆောင်များ၊ ကချင်ခေါင်းဆောင်များ၊ ချင်းခေါင်းဆောင်များက ခွဲထွက်ခွင့်ကို ဆွေးနွေးတောင်းဆိုခဲ့ကြစဉ်၌ ဗိုလ်ချုပ် အောင်ဆန်းက မူအားဖြင့် သဘောတူ ထားသဖြင့် ပင်လုံပဋိညာဉ်ကို လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်၍ ပင်လုံပဋိညာဉ်တွင် ခွဲထွက်ခွင့်ကို “Statute Term” တခုအနေဖြင့် ထည့်သွင်းရေးသားထားခြင်း မရှိစေကာမူ “Implied Term” အရ ပင်လုံပဋိညာဉ်ကို အနက်ဖွင့်လိုသူတိုင်း ထည့်သွင်းစဉ်းစား ရမည်ဖြစ်သည်။ ဤအခြေခံ သဘောတရားသည် နိုင်ငံ တကာ ပဋိညာဉ်ဥပဒေ၏ ကျင့်ထုံးဖြစ်သည်သာမက ပြည်ထောင်စုမြန်မာနိုင်ငံ ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၅၂ တွင်ပြဌာန်း ထားချက်နှင့်လည်း ကိုက်ညီသည်။ ထို့ကြောင့် “Ministerial Burma” နှင့်ပူးပေါင်းခြင်းဖြင့် လွပ်လပ်ရေးကို စောလျှင်စွာ ရယူနိုင်မည်ဟု ယုံကြည်ကာ ပင်လုံပဋိညာဉ်ကို လက်မှတ် ရေးထိုးကြသည့် “Signatories” များဖြစ်ကြသော ချင်း၊ ကချင်၊ ရှမ်း တိုင်းပြည်တို့သည် ပဋိညာဉ် ဥပဒေ၏ “Implied Term” အရ လွပ်လပ်ရေး ရယူပြီးနောက် ပြည်ထောင်စုမှခွဲထွက်လိုပါက ခွဲထွက်ပိုင်ခွင့်ရှိကြသည့် နိုင်ငံများသာ ဖြစ်ကြသည်။


ပြည်နယ် “State” ပြဿနာ


မြန်မာ့ဥပဒေပညာရှင်ကြီး ဒေါက်တာမောင်မောင်သည် ချင်းစကားကို မသိနားမလည်သဖြင့် ပင်လုံ ပဋိညာဉ်တွင် လက်မှတ်ရေးထိုးသည့် ချင်းကိုယ်စားလျှယ်ဖြစ်သူ Pu Kio Mang (ကွယ်လွန်) သုံးစွဲသည့် စကားလုံး ဖြစ်သော “Kan Ram” ဆိုသည့် ချင်းစကားဝေါဟာရ၏ အနက်အဓိပ္ပယ်ကို နားမလည်နိုင်ခဲ့ပေ။
အဆိုပါ ချင်းစကား၏ အနက်ကို နားမလည်သဖြင့် ၎င်းရေးသားသည့် “Burma’s Constitution” စာအုပ်ကြီးတွင် “The Chins at Panglong did not ask for statehood, though it was theirs for the asking, but satisfied
themselves with a promise given by Bogyoke Aung San that they would get all assistance from the Union Government in developing their hills”i ဟု တိုင်းပြုပြည်ပြုလွှတ်တော် အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ မှတ်တမ်းကို ကိုးကားကာ မှားယွင်း စွာရေးသားခဲ့ပေသည်။


ထို့အပြင် ၎င်းရေးသားသည့် “တို့ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” စာအုပ် တွင်လည်း “မြန်မာနိုင်ငံတွင် ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင်ဟူ၍ လူမျိုးများကွဲပြား ကြသည်ဟု ဆိုကြသော်ငြားလည်း အမှန်မှာ နက်နက်နဲနဲ ကွဲပြားကြခြင်းကား မဟုတ်။ ဗုဒ္ဓဘာသာကို ကိုးကွယ် ကြရာတွင်
တူညီကြသည်က များသည်။ မြန်မာစာပေ၊ စကားကို နေရာအနှံ့အပြားတွင် ရေးကြပြောကြသည်။ ယဉ်ကျေးမှုတွင် ဆင်တူကြသည်။ အနေအထိုင်၊ အစားအသောက်တွင်လည်း ထူးခြားကွဲ ပြားကြသည်မဟုတ်။ အိန္ဒိယ၊ သီဟိုဋ် စသောနိုင်ငံတို့တွင်မူကား ဘာသာစကား စသည်တို့မှာ ဒေသတစ်ခုနှင့်တစ်ခု လုံးဝကွဲပြားကြ သဖြင့် အိန္ဒိယသား အချင်းချင်း၊ သီဟိုဋ်သား အချင်းချင်း အင်္ဂလိပ် ဘာသာစကား ဖြင့်ပြောဆို ဆက်သွယ် ရသည် များပင်ရှိလေသည်” ဟုရေးသားထားသည် ။


ဒေါက်တာ မောင်မောင်သည် ချင်းဘာသာစကား၊ ချင်းယဉ်ကျေးမှု၏ အခြေခံကို နားမလည်သဖြင့် ပင်လုံလက်မှတ်ရှင် Pu Kio Mang ပြောဆိုသုံးနှုန်းသည့် “Kan Ram” (မြန်မာစကားဖြင့်) “ငါတို့တိုင်းပြည်” ဟုအနက်ရှိသည့် စကားကို နားမလည်း အနက်ဖွင့်နိုင်ခြင်း မရှိခဲ့ပေ။ ချင်းပြည်သူပြည်သား
အများစုက ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်သူများ ဖြစ်ကြသည် မသိရှိခဲ့သဖြင့် ဗုဒ္ဓဘာသာကို ချင်းလူမျိုးအများစုက ကိုးကွယ်သည်ဟု မှားယွင်းစွာယူဆခဲ့သည်။ ချင်းလူမျိုးအများစုက ဗမာစကားကို နားမလည် သဖြင့် ပင်လုံညီလာခံတွင် ချင်းကိုယ်စားလျှယ်များအတွက် စကားပြန်လိုအပ်ခဲ့သည်ကိုလည်း သတိမမူ ဖြစ်ခဲ့သည်။
ချင်းလူမျိုးတို့သည် သက်ဦးဆံပိုင်ဘုရင်စနစ်ကို မကျင့်သုံးသည့် လူမျိုးဖြစ်သည့် အားလျှော်စွာ သက်ဦး ဆံပိုင် ဘုရင်စနစ်ကျင့်သုံးသည့် လူမျိုးများနှင့် ယဉ်ကျေးမှုတွင် များစွာကွဲပြား ခဲ့သည်ကိုလည်း ဥပေက္ခ ပြုခဲ့သည်။


အမှန်စင်စစ် “Pu Kio Mang” ၏ “Kan Ram” ဟူသောချင်း စကားအနက်သည် “အချုပ်အချာအာဏာပိုင် ငါတို့ တိုင်းပြည်” ဖြစ်သည်။ “Kan Ram” သည် “ပြည်နယ်” လည်း မဟုတ်။ “Kan Ram” သည် “ဝိသေသတိုင်း” မောင်မောင်၊ တို့ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ၊ ရ၄ (၁၉၉၀)။ လည်း မဟုတ်။ “Kan Ram” သည် “ခရိုင်” လည်းမဟုတ်။ “Kan Ram” သည် “တောင်တန်းဒေသ” လည်းမဟုတ်။


ထို့ကြောင့် အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခုကို အင်္ဂလိပ်တို့ မသိမ်းပိုက်ခင်က ပိုင်ဆိုင်ထားသည့် ချင်း လူမျိုးများ အနေဖြင့် “Ministerial Burma” နှင့် ပူးပေါင်းကာ လွပ်လပ်ရေးကို စောလျှင်စွာရယူသည့် အချိန်တွင် အချုပ်အချာ အာဏာပိုင်သည့် တိုင်းပြည်ထက် အဆင့်များစွာနိမ့်သည့် ပြည်နယ်ကို ဒေါက်တာ မောင်မောင် ထောက်ပြသကဲ့သို့ တောင်းဆိုနေစရာ အကြောင်း လုံးဝမရှိနိုင်ပေ။ ချင်းတိုင်းပြည် နှင့် ခွဲထွက်ခွင့် အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ချင်းစကားကို နားမလည်ကြသဖြင့် “ချင်းဝိသေသတိုင်း” ကို အမှားမှားအယွင်းယွင်းဖြင့် ဖန်တီးခဲ့ကြသည်။ “ချင်းဝိသေသတိုင်း” ကို ဖန်တီးလိုက်သည်နှင့် ချင်းတို့သည် ပြည်နယ် အဆင့်ထက်နိမ့်သည့် အဆင့်တွင် ၎င်းတို့၏ဆန္ဒ၊ ၎င်းတို့၏ ပကတိအနေအထားများနှင့် ဆန့်ကျင်စွာဖြင့် မတရား ထားရှိခြင်းကို ခံခဲ့ကြသည်။ ထိုသို့မှားမှားယွင်းယွင်းဖြင့် ဝိသေသတိုင်းကို ဖန်တီးခဲ့သဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၀ အရ ပြည်နယ်တိုင်း “[E]very state shall have the right to secede from the Union…”ဟု ပြည်ထောင်စုအတွင်းရှိ ပြည်နယ်များသည် ခွဲထွက်ခွင့် ရှိသည်ဟု ရေးသားထားသည့် အခါ၊ ပြည်နယ် လည်းမဟုတ် အချုပ်အချာအာဏာပိုင် တိုင်းပြည်လည်း မကျ၊ ဖါးတပိုင်းငါးတပိုင်း ချင်းဝိသေသတိုင်း
သည် ၁၉၄၈ အခြေခံဥပဒေအရ ပြည်ထောင်စုမှ ခွဲထွက်ခွင့် ရှိမရှိ ဆိုသည့် ကိစ္စနှင့် အငြင်းပွားစရာများ ဖြစ်လာသည်။


အမှန်စင်စစ် ပင်လုံပဋိညာဉ် လက်မှတ်ရေးထိုးကြသည့် “Signatories” များဖြစ်ကြသော ချင်း၊ ကချင်၊ ရှမ်းတို့သည် “Implied Term” အရ ပြည်ထောင်စုမှ ခွဲထွက်လိုလျှင် ခွဲထွက်ခွင့်ရှိကြသည်။ အဘယ်ကြောင့် ဆိုသော် လွပ်လပ်ရေး ရယူပြီးနောက် “Ministerial Burma” မှခွဲထွက်ခွင့်ရှိမှသာ “Ministerial Burma” နှင့်ပူးပေါင်းကာ လွပ်လပ်ရေးကိုရယူရန် သဘောတူကြသဖြင့် ပင်လုံပဋိညာဉ်ကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။ ထို့ကြောင့် “Statutory Terms” အနေဖြင့် ပင်လုံပဋိညာဉ်တွင် အသေအခြာ ရေးသားပြဌာန်း ထားခြင်းမရှိသည်ဖြစ်စေ၊ ပြဌာန်း ထားသည်ဖြစ်စေ၊ ချင်းတိုင်းပြည်ကို ချင်းဝိသေသတိုင်း အဖြစ်သတ်မှတ်သည် ဖြစ်စေ၊ ချင်းတို့သည် ကချင်၊ ရှမ်းတို့နည်းတူ ပင်လုံပဋိညာဉ် လက်မှတ်ရှင် “Signatories” များဖြစ်ကြသဖြင့် ခွဲထွက်ခွင့်သည် ၎င်းတို့၏ ပကတိ မူလအခွင့်အရေး “Fundamental Right” တခု ဖြစ်သည့် အပြင်၊ “Implied Terms of Contract” အရ ခွဲထွက်ခွင့် အပြည့်အဝ ရှိသည့် ပင်လုံလက်မှတ်ရှင် များဖြစ်ကြသည်။ ချင်းတို့သာလျှင် ရှမ်း၊ ကချင်၊ မြန်မာ တို့ကဲ့သို့ ယခင်က အချုပ်အခြာ အာဏာပိုင် တိုင်းပြည်ရှိသူ မဖြစ်ခဲ့လျှင် ပင်လုံညီလာခံ တက်ရန်လည်းမလို၊ ပင်လုံပဋိညာဉ်ကို လက်မှတ်ထိုးရန်လည်း အကြောင်းမရှိ ။


ပင်လုံပဋိညာဉ် နှင့်သက်ဆိုင်သည့် “Implied Terms” များ အောင်ဆန်း - အက်တလီ စာချုပ် အပိုဒ် (8) (3) (b) အရ “Frontier Areas” ရှိ ပြည်သူများသည်၎င်းတို့၏ ကိုယ်စားလျှယ်များက ပင်လုံအစည်းအဝေးတွင် “Ministerial Burma” နှင့်ပူးပေါင်းကာအတူ တကွ လွပ်လပ်ရေး ရယူရန် သဘောတူထားသည့်တိုင်၊ “Frontier Areas” ရှိပြည်သူများ၏ “Ministerial Burma“ ပူးပေါင်းကာ လွပ်လပ်ရေး ရယူလိုခြင်း အမှန်တကယ် ဆန္ဒရှိမရှိ ပြည်သူများ၏ ဆန္ဒအမှန်ကိုသိရှိ နိုင်ရန် “Frontier Areas Commission of Enquiry” ကို ဖွဲ့စည်းခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် “Frontier Areas Commission of Enquiry” ၏တွေ့ရှိချက်များကိုလည်း ပင်လုံပဋိညာဉ်ကို အနက်ဖွင့်ရာတွင် “Implied Terms” များအဖြစ် ကိုးကားသုံးနှုန်း ရမည်ဖြစ်သည်။


အလားတူပင် ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ပြည်သူ့လွှတ်မြောက်ရေး ညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းက အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရာတွင် နှလုံးမူရမည့်လမ်းစဉ် (၇) ခုကိုချမှတ်ပေးထားသည်။ ဗိုလ်ချုပ် လမ်းစဉ် များသည် အောင်ဆန်း - အက်တလီစာချုပ်၊ ပင်လုံပဋိညာဉ်၊ တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက် များနှင့် အဆိုပါ ကော်မရှင်၏ အကြံပြုချက်များကို အခြေခံသဖြင့် ပင်လုံပဋိညာဉ်ကိုအနက် ဖွင့်ရာတွင် “Implied Terms” များအဖြစ် ကိုးကားသုံးနှုန်းရမည်ဖြစ်သည်။


7 The Constitution of the Union of Burma (1948) Chapter X (Art. 201). ထို့အပြင် ဖဆပလညီလာခံတွင်ရေးဆွဲအတည်ပြုထားသည့် အခြေခံဥပဒေမူကြမ်းသည်လည်း ဗိုလ်ချုပ် လမ်းစဉ် အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံပဋိညာဉ်၊ တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက် များနှင့် အကြံပြုချက်များ အားလုံးကိုအခြေခံကာ ကျယ်ကျယ်ပြန့်ပြန့် အခြေခံဥပဒေမူကြမ်းတရပ်အဖြစ် ရေးဆွဲ ပြဌာန်း အတည်ပြုထားခြင်းဖြစ်သဖြင့် ပင်လုံပဋိညာဉ်ကို အနက်ဖွင့်ရာ တွင် “Implied Terms” များ အနေဖြင့် ကိုးကားသုံးနှုန်းရမည်ဖြစ်သည်။


ခွဲထွက်ခွင့်ကို တောင်းဆိုစရာမလိုတကဲ့သို့ မည်သူကမျှ တောင်းဆိုနေခြင်းမရှိ ယနေ့ကမ္ဘာ့ နိုင်ငံရေးရေစီးကြောင်းကို နားလည်ကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူ များသည်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများပင်လျှင် နေတိုး၊ ဥရောပသမဂ္ဂ၊ အဖရိကသမဂ္ဂ၊ အာဆီယံ စသည့် အသင်းများ၊ သမဂ္ဂများဖွဲ့ကာ အဖွဲ့ဝင်အားလုံး၏ ဘုံအကျိုးစီးပွားပိုမို တိုးတက်ကောင်းမွန် ရေးအတွက် ပူးပေါင်းနေကြသည်ကို နားလည်လက်ခံကြသည်။ အလားတူစွာ ပြည်ထောင်စု တိုင်းရင်းသား အားလုံး၏ ဘုံအကျိုးစီးပွား ကောင်းစားရေးကို အမှန်တကယ် ဆောင်ရွက်နိုင်ရေးသည် တန်းတူညီမျှမှုကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မှသာ လက်တွေ့တွင် အကောင်အထည် ဖေါ်နိုင်မည်ကို သိရှိလက်ခံထား ကြသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် ပင်လုံညီလာခံ၊ “Frontier Areas Commission of Enquiry”၊ ဖဆပလညီလာခံ၊ တောင်ကြီးညီလာခံ၊ ချင်းလူငယ်များ အကြံပေးချက် စသည်တို့တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို သဘောတူခြင်း၊ တောင်းဆိုခြင်းများ လုပ်ဆောင်ခဲ့ကြသည် ။


သို့ရာတွင် ဖက်ဒရယ်မူ၊ ဖက်ဒရယ်စနစ်၊ ဖက်ဒရယ် အကြောင်းတို့ကို တိတိကျကျ နားမလည်သည့်အပြင်၊ ဖက်ဒရယ်စနစ်ကို အလွဲသုံးစားပြုကာ လက်နက်အားကိုးဖြင့် ရယူထားသည့်သူများက အာဏာကို ဆက်လက် ထိမ်းသိမ်းနိုင်ရေးအတွက် ဖက်ဒရယ်မူနှင့်စနစ်သည် ပြည်ထောင်စု ပြိုကွဲရေးဖြစ်သည်ဟု ပြည်ထောင်စုမြန်မာ နိုင်ငံကို အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သူ၊ အုပ်ချုပ်နေသူ၊ အမြဲအုပ်ချုပ်လိုသူ လူတစုတဖွဲ့က ပြည်သူပြည်သား များကို မှားယွင်းသော ဝါဒမှိုင်း အညစ်အကြေး၊ အဆိပ်များ နှစ်ပေါင်းများစွာ တိုက်ကျွေးခဲ့ကြသဖြင့် ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်သူများစွာသည် ဖက်ဒရယ်ဆိုသည့် စကားလုံးကို သူရဲဖုတ်ကောင်၊ ဖုန်းဆိုးနတ်ဆိုး သကဲ့သို့ ထင်ရောင်ထင်မှား ဖြစ်နေကြသည်။ အမှန်စင်စစ် ဖက်ဒရယ်သည် ခွဲထွက်ခွင့် မဟုတ်သကဲ့သို့၊ ခွဲထွက်ခွင့် သည်လည်း ဖက်ဒရယ်မူ (သို့) စနစ် မဟုတ်ပေ။ ဖယ်ဒရယ်စနစ်ကို ခွဲထွက်ခွင့် (သို့မဟုတ်) ပြည်ထောင်စုဖြိုခွဲရေး စနစ်စသည်တို့ဖြင့် ကင်ပွန်းတပ် ဝါဒဖြန်နေသူတို့သည် ဖက်ဒရယ်စနစ်အမှန်စင်စစ်ကို နားမလည်သူများ၊ နားလည် သော်ငြားလည်း နားမလည်သကဲ့သို့ ဟန်ဆောင်နေသူများသာ ဖြစ်ကြသည် ။


ထို့ကြောင့် “Federal Constitution Drafting Committee” (FCDCC) ၏အခြေခံမူ (၈) ရပ်တွင် ခွဲထွက်ခွင့်ကို ထည့်သွင်း မထားခြင်းဖြစ်သည်။ “FCDCC” ကပြဌာန်းရေးသားသည့် “The Constitution of the Federal Republic of the Union of Burma” တွင်လည်း ခွဲထွက်ခွင့်ကို ပြဌာန်းထားခြင်း မရှိပေ။ အလားတူ ပြည်နယ် အခြေခံဥပဒေ မူကြမ်းအသီးသီးကို ရေးဆွဲနေကြသည့် ချင်း၊ ကချင်၊ ရှမ်း၊ ကရင်၊ ကရင်နီ၊ မွန် တို့၏ ပြည်နယ် အခြေခံဥပဒေမူ ကြမ်းများတွင်လည်း ခွဲထွက်ခွင့်ကို ထည့်သွင်းရေးသား ထားခြင်းမရှိ။ ဤအချက်ကို ဖက်ဒရယ်နှင့် ခွဲထွက်ခွင့်တို့၏ အနက်ကို နားမလည်သည့်သူများ အထူး သတိထား လေ့လာမှတ်ယူသင့်ပါသည်။


ပင်လုံပဋိညာဉ်လက်မှတ်ရှင် “Signatories” အားလုံးအတွက် ခွဲထွက်ခွင့်သည် တောင်းဆိုနေစရာ မလိုအပ်သော ပကတိအခွင့်အရေး “Fundamental Rights” ဖြစ်သည်။ ထိုပကတိအခွင့်အရေးသည် မည်သည့် အရာဖြင့် တားဆီး ပိတ်ပင်ဖျက်ဆီး၍ရသည့် အခွင့်အရေးမဟုတ်။ သို့ရာတွင် နိုင်ငံအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ8 ၏ အမျိုးသားညီလာခံတွင်ရေးသားကာ ၂၀၀၈ ခုနှစ် မေလ တွင်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ၉၂% ကျော်က ထောက်ခံထားသဖြင့် အတည်ပြုလိုက်သည်ဆိုသည့် ပြည်ထောင်စု သမတ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၁၀) တွင် “နိုင်ငံတွင် ပါဝင်သည့် တိုင်းဒေသကြီးများ၊ 8 ဤနေရာတွင် “တော်” ဟူသောစကားရပ်ကို တမင်သက်သက် ချန်လှန်ထားခြင်း ဖြစ်ပါသည်။ တော်ဟူသော စကား၏
အနက်သည် သက်ဦးဆံပိုင် ဘုရင်စနစ်ကို တနည်းအားဖြင့် ညွှန်းနေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဟု တဖက်တွင် သုံးစွဲစဉ်၊ အမေရိကန်နိုင်ငံတော်ဟု သုံးနှုန်းသည်ကို မတွေ့ရှိရ။ လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံကို ယခင် ဗမာဘုရင်ပိုင်နက်နယ်မြေကဲ့သို့ အနက်သက်ရောက်စေသဖြင့် ချန်လှပ် ထားခြင်းဖြစ်သည်။ (စာရေးသူ)


9 ပြည်နယ်များ၊ ပြည်ထောင်စု နယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ စသည့် နိုင်ငံ၏ နယ်မြေအပိုင်း အခြားဟူသမျှသည် နိုင်ငံမှမည်သည့် အခါမျှ မခွဲထွက်ရ”9 ဟုရေးဆွဲ ပြဌာန်း ထားသည်။ ပင်လုံပဋိညာဉ်ကြောင့် ဖြစ်ပေါ်လာသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် လိုက်နာကျင့်သုံးရန် ပြဌာန်းရေးဆွဲထားသည့် ပြည်ထောင်စုသမတမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈) ၏ ဥပဒေ ပင်မမြစ်ဖြားသည် ပင်လုံ ပဋိညာဉ်ဖြစ်သည်။ ထို့ကြောင့် ဥပဒေထုံးတမ်းစဉ်လာအရ ပင်မဥပဒေ မြစ်ဖြားနှင့် ဆန့်ကျင်သွေဖီနေသော အခြေခံ ဥပဒေသည် ဥပဒေကြောင်းအရ အသက်မရှိ “Null and Void” ဖြစ်သော အခြေခံဥပဒေ တစ်ခုသာဖြစ်သည်။ ပင်လုံ ပဋိညာဉ်ကို ပင်လုံပဋိညာဉ်လက်မှတ်ရှင်များဖြစ်သည့် ချင်း၊ ကချင်၊ ရှမ်း နှင့် “Ministerial Burma” ကိုယ်စားလျှယ် များ၏ လွပ်လပ်သောသဘောဖြင့်သာလျှင် ပြုပြင် ပြောင်းလဲနိုင်သည်။


ပြင်ဆင်ဖြည့်စွက်နိုင်သည်။ ပြန်လည် ရုတ်သိမ်းနိုင်သည်။ ပင်လုံပဋိညာဉ်ကို ပင်လုံပဋိညာဉ် လက်မှတ်ရှင်များ “Signatories” များက ရုတ်သိမ်းလိုက် သည်နှင့် ပင်လုံပဋိညာဉ်ကြောင့် ပေါ်ပေါက်လာသော ပြည်ထောင်စုသည်လည်း တရားဝင် ပျက်ပြယ်သွားမည် ဖြစ်သည်။


ထို့ကြောင့် ပင်လုံပဋိညာဉ် လက်မှတ်ရှင်များ “Signatories” များ၏ လွပ်လပ်သော ဆန္ဒအရမဟုတ်လျှင် ပြည်ထောင်စုမှ ပင်လုံပဋိညာဉ် လက်မှတ်ရှင်များ၏ ခွဲထွက်ခွင့်ကို မည်သူကမျှ တားမြစ်၍လည်းမရ။ ခွင့်ပြု၍လည်း မရသောအချက်ဖြစ်သည်။ အချုပ်ဆိုရလျှင် ပြည်ထောင်စုမှ ပင်လုံပဋိညာဉ်လက်မှတ်ရှင်များ ခွဲထွက်ခွင့်သည် တောင်းဆိုနေစရာမလိုသော၊ ပြဌာန်းနေစရာမလိုသော၊ တားမြစ်၍လည်းမရသော ပင်လုံပဋိညာဉ်လက်မှတ်ရှင် “Sigantories” များ၏ ပကတိမူလ အခွင့်အရေး “Fundamental Right” သာဖြစ်ပေသည်။


ခွဲထွက်ခွင့်ကိုတားမြစ်ရန် လုပ်ဆောင်ခြင်းသည် ပင်လုံပဋိညာဉ်ကြောင့် ပေါ်ပေါက်လာသော ပြည်ထောင်စုမြန်မာ နိုင်ငံကို ပဋိညာဉ်ဥပဒေအရ ဖျက်ဆီးခြင်းသာဖြစ်သည်။ ပင်လုံပဋိညာဉ်၏ ပဋိညာဉ် အနှစ်သာရကို ဖျက်စီးလျှက် ပင်လုံလက်မှတ်ရှင်များအား ပြည်ထောင်စုအတွင်း ၎င်းတို့၏ လွပ်လပ်သော ဆန္ဒသဘောထားနှင့် ဆန့်ကျင်ကာ ဆက်လက်ထားရှိခြင်းသည် အဆိုပါပင်လုံ ပဋိညာဉ်လက်မှတ်ရှင် လူမျိုးများအား ကျွန်ပြုခြင်း (သို့) ကိုလိုနီပြုခြင်း သာဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် ပင်လုံပဋိညာဉ်ကို သွေဖီဆန့်ကျင် ရေးသားပြဌာန်းအတည်ပြု လိုက်သည့် ပြည်ထောင်စုသမတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တရားဝင်
အသက်ဝင်သည့် နေ့သည် ပင်လုံပဋိညာဉ်ကြောင့် ဖြစ်ပေါ်လာသည့် ပြည်ထောင်စုမြန်မာနိုင်ငံအား တရားဝင်ဖျက်သိမ်းကာ၊ ပင်လုံပဋိညာဉ် လက်မှတ်ရှင်များအား တရားဝင် ကိုလိုနီအပြုလိုက်သည့်နေ့ (သို့မဟုတ်) ကျွန်ပြုခြင်းခံသည့်နေ့ သာလျှင်ဖြစ်ပေသည်။


နိဂုံး


ကချင်လွပ်လပ်ရေးအဖွဲ့ “Kachin Independence Organization” က နိုင်ငံအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးကောင်စီအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပါတ်သက်၍ ပင်လုံပဋိညာဉ်အပေါ်အခြေခံလျှက် တုန့် ပြန်ချက်သည် သမိုင်းကြောင်းအရဖြစ်စေ၊ ဥပဒေကြောင်းအရဖြစ်စေ၊ နိုင်ငံရေးရှုဒေါင့်အရဖြစ်စေ၊ ယနေ့ကမ္ဘာ့ အခြေအနေအရဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းသူပြည်သားအများစု၏ သဘောထားအရဖြစ်စေ အံဝင်ကွင်ကျဖြစ်သည့် အချက်ဖြစ်ပေသည်။ ထို့ကြောင့် ပင်လုံပဋိညာဉ် လက်မှတ်ရှင်များဖြစ်ကြသည့် ရှမ်း၊ ချင်း တို့အပြင်၊ ပင်လုံပဋိညာဉ် လက်မှတ်ရှင်မဟုတ်စေကာမူ တန်းတူညီမျှမှုကိုအခြေခံကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လျှက် နှစ်ပေါင်း ၆၀ ကျော်ကြာ တိုင်းရင်းသားနိုင်ငံရေးနှင့် အခြေခံဥပဒေ ပဋိပက္ခကိုဖြေရှင်းလိုသူ
တိုင်းက ကချင်လွပ်လပ်ရေးအဖွဲ့၏ တောင်းဆိုချက်များကို တခဲနက်ထောက်ခံကာ ထပ်တူရပ်တည် သင့်သည်ဟု ယူဆပါသည်။


အချုပ်အခြာအာဏာကို အင်္ဂလိပ်တို့ထံမှ ပြန်လည်ရရှိသည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့သော်လည်း ပင်လုံ ပဋိညာဉ်၏ အနှစ်သာရများကို ကောင်းမွန်စွာ လက်ခံကျင့်သုံးခြင်း မရှိခဲ့သဖြင့် တိုင်းပြည်တခုလုံး နစ်နာ နေရခြင်းဖြစ်သည်။ ကမ္ဘာ့အလယ်တွင် ဆင်းရဲမွဲတေပြီး ပျက်စီးယိုယွင်းနေသည့် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်လည်ငြိမ်းချမ်း သာယာ ဖွံ့ဖြိုးတိုးတက်လာရေးသည် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံးက ပင်လုံပဋိညာဉ် လက်မှတ်ရှင် များ၏ နဂိုမူလ ပကတိ ဆန္ဒသဘောထားများ အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံကို 9 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)။ 10 တန်းတူညီမျှမှုအား အခြေခံလျှက် ဖက်ဒရယ် ပြည်ထောင်စုအဖြစ် အခြေခံဥပဒေအ တည်ထောင်မှသာလျှင် လက်တွေ့တွင် ဖြစ်လာ နိုင်မည်ဟုယူဆမိ ပါကြောင်း။
i Maung Maung, Burma’s Constitution, 171 (1958). ( ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန် သည် Valparaiso University မှ B.A. ကို International Economics and Cultural Affairs အထူးပြုဘာသာဖြင့် ရယူပြီးနောက် Indiana University - Michael Maurer School of Law, Bloomington မှ LL.M. ကို International Human Rights Laws နှင့် SJD ဘွဲ့ကို Constitutional Law အထူးပြုဘာသာရပ်များဖြင့် ရယူခဲ့သည်။


Michael Maurer School of Law တွင် ဘွဲ့လွန်ပါရဂူသုသေသီ “Postdoctoral Fellow” အဖြစ်၎င်း Center for Constitutional Democracy တွင် Assistant Director အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ Lauterpatch Research Center for International Law, Cambridge University တွင် Earl A. Snyder Visiting Scholar အဖြစ်၎င်း၊ University of Pennsylvania, Solomon Asch Center for the Study of Ethnopolitical Conflict တွင် Summer Fellow အဖြစ် ဖိတ်ကြားခြင်း ခံခဲ့သူလည်းဖြစ်သည်။ ယခုအခါ Myanmar Development Research Institute (MDRI) ၏ Center for Economic and Social Development တွင် အကြီးတန်းသုသေသီအဖြစ်၎င်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှ ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်အဖြစ်၎င်း တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။

ဆောင်းပါးရှင် ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates