တောင်ကြီးမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ပဓာန နာယက ကျောင်းထိုင်ဆရာတော်ဘုရား၏ ရုပ်ကလပ်အား အဂ္ဂိဈာပန မီးသဂြိုဟ်
တာင်ကြီးမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်က ပဓာန နာယက ကျောင်းထိုင်ဆရာတော်ဘုရား မဟာဂန္ထဝါစ ကပဏ်ဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစ ကပဏ်ဏ္ဍိတ၊ အဂ္ဂမဟာပဏ်ဏ္ဍိတ ဆရာတော် ဘဒ္ဒန္တဝိဇယ မဟာထေရ (ဓမ္မာစရိယ) ၏ အဂ္ဂိဈာပန မီးသဂြိုဟ်ပွဲ အား ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၅ နာရီတွင်ကျင်းပခဲ့သည် ။
ဓါတ်ပုံ- တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပသည့် ဝေဠုဝန် ပရိယတ္တိ စာသင်တိုက်၌ မဟာနာယက ဆရာတော် ဘုရားကြီး ဘဒ္ဒန္တဝိဇယ မဟာထေရ၏ အဂ္ဂိဈာပန မီးသဂြိုဟ်ပွဲ |
ဆရာတော် ဘုရားကြီးဘဒ္ဒန္တဝိဇယ မဟာထေရသည် သက်တော် ၈၀ ၀ါတော် ၆၀ ရှိပြီး ၂၀၁၇ ခု ဇန်နဝါရီလ ၅ ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည် ။
ဆရာတော် သည် ဝေဠုဝန် ပရိယတ္တိ စာသင်တိုက်၌ မဟာနာယက ၊ မြို့နယ် သံယနာယဂ အဖွဲ့ ၊ ပရိ ယတ္တိစာမေး / ပြန်ပွဲများ၏ သြဝါဒစရိယ ၊ ပါဠိနှင့် ပုစ္ဆာဝိသောဓက ၊ ဝိနယဂရုက ၊ ဂန္ထကာရက ကျမ်းပြု ဆရာတော် ဖြစ်ပြီး ဓမ္မာ စရိယ ဘွဲ့တံဆိပ်တော် ၊ မဟာဂ န္ထဝါစကပဏ်ဏ်ဏ္ဍိတ ဘွဲ့တော် ၊ အဂ္ဂမဟာ ဂ န္ထဝါစကပဏ်ဏ္ဍိတ ဘွဲ့တော် နှင့် သျှမ်းပြည်နယ် လုံးဆိုင်ရာ သံယာ့ အဖွဲ့ချုပ်မှ ဆက်ကပ်တော်မူသော “အနုနာယက” ဘွဲ့တံဆိပ်တော် ရရှိခဲ့ကြောင်း ဆရာတော်၏ အတ္ထုပတ္တိ စာအုပ်တွင် ဖော်ပြ ထားသည် ။
Tags: General, News