ခွဲထွက်ရေးလား ပြည်ထောင်စုစိတ်ဓါတ်လား သျှမ်းစာရေး ဆရာတဦး ရဲ့ မှတ်တမ်း



( သျှမ်းစာပေပညာရှင် စာရေးဆရာ ကဗျာဆရာ ဟိဏ်းကာယန်း ထွန့်လွယ်ဟိုဆေ စာပေဟောပြောပွဲမှ မှတ်တမ်းတင် (သျှမ်း - ဗမာ) ဘာသာပြန်ထားချက် ကောက်နှုတ်ချက်တချို့သာဖြစ်သည်)


၁၉၄၇ တုန်းက လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၀ နှစ်ပြည့်လို့ တန်းတူညီမျှ ခွင့်မရှိဘူးလို့ မြင်ရင်ခွဲထွက်ချင် ခွဲထွက် လို့ရတယ်လို့ ဖွဲ့စည်းပုံမှာပါတယ်။ တကယ်တမ်း ၁၀ နှစ်ပြည့်တချိန်မှာတော့ ခွဲထွက်မယ်လို့ ဘယ်သျှမ်းစော်ဘွား မှမပြောဘူး။ ခွဲထွက်မယ်လို့ ဘယ်သျှမ်းနိုင်ငံရေးခေါင်းဆောင်မှမပြောဘူး။


“မှားနေတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်းဆက်သွားလို့မဖြစ်ဘူး။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုတော့ အသစ်ပြန်လည်ရေးဆွဲမှဖြစ်မယ် ”- လို့ဘဲပြောတယ်။


ဘယ်သူမှခွဲထွက်ချင်စိတ်မရှိဘူး။ ပြည်ထောင်စုနိုင်ငံကို ချစ်ခင်မြတ်နိုး တဲ့ စိတ်ရှိကြတယ်။ ၁၉၆၁ သျှမ်းစော်ဘွား တွေ ဦးဆောင်တဲ့ တိုင်းရင်း သားေ ခါင်းဆောင်တွေဟာ သျှမ်းပြည် မြို့တော် တောင်ကြီး မှာလာပြီး တော့ေ ဆွး နွေးကြ တယ်။ အဲဒီမှာ သျှမ်းစော်ဘွားတွေ က ပြောတယ် ။ အခုေ လျှာက်နေ တဲ့လမ်းဟာ လူမျိုးတမျိုးတည်း အတွက် သွားနေတဲ့လမ်း ဘဲ ဖြစ်တယ်။ တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှရေးရှိတဲ့ပြည်ထောင်စုကြီး အတွက် မဟုတ်ဘူး။ ဒီလမ်း ဒီယဉ်ကျေးမှုကို ကျနော်တို့ ပြင်ရမယ် ဆိုတာဘဲ။ ဒီကရလာတဲ့ သဘော တူညီ ချက်ကို တိုင်းပြု ပြည်ပြုလွှတ်တော်မှာသွားပြီးေ တာ့ တင်ပြတယ်။ အဲဒီအစည်း အဝေးရဲ့ တတိယမြောက်နေ့ အစည်း အဝေး နောက် ဆုံးနေ့မှာ ဗိုလ်ချုပ်နေဝင်းကနေ အာဏာသိမ်းလိုက် တယ်။ စော် ဘွားကြီး စဝ်ရွှေသိုက် ကိုဖမ်းလိုက်တယ်။ စော်ဘွားကြီးရဲ့ သားတော် စဝ်မီကို ပစ်သတ်လိုက်တယ်။ သီပေါစော်ဘွားကြီး စဝ်ကြာဆိုင် အဖမ်းခံရတယ်။ ဒီနေ့အထိ စော်ဘွားကြီးရဲ့ သင်္ချိုင်းဂူဘယ်မှာရှိလဲ ဘယ်သူမှမသိရဘူး။


ဒီဟာ ဘာကြောင့်ဒီလိုလုပ်တာလဲ။ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု နိုင်ငံလို့ခေါ်တဲ့ စစ်မှန်တဲ့ပြည်ထောင် စုတည်ဆောက်ဖို့အတွက်ဖြစ်တယ်။ ဒါပေမယ့် သီပေါစော်ဘွားကြီး စဝ်ကြာဆိုင် အဖမ်းခံရတယ်။ ပစ်သတ်ခံရ တယ်။ ဒီကနေ့အထိ သချိုင်းဂူမတွေ့ရဘူး ဆိုပေမယ့် သူ့ရဲ့အစ်ကို စဝ်ကြာဇုံ ကတော့ ဖက်ဒရယ်ရေးဆွဲ ရေးကြိုး ကိုင်ကော်မတီ အထွေထွေအတွင်းရေး မှူး တာဝန်ဆက်လက်တာဝန်ယူခဲ့တယ်။ စဝ်ကြာဇုံဟာ လက်ရှိ ကျားခေါင်း ပါတီဥကဌ ခွန်ထွန်းဦးရဲ့ ဖခင်ဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ဖို့အတွက် မျိုးဆက် မျိုးရိုး နဲ့ လာတာ။ ဒီကနေ့အထိ ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်နေဆဲဘဲ။


ဖက်ဒရယ်ပြည်ထောင်စုကို သျှမ်းကဦးဆောင်လာတယ်။ သျှမ်းကကြိုးစား လုပ်ဆောင်လာတယ်။ ခုထက်ထိသျှမ်း ကလုပ်နေတုန်းဘဲ။ အရေးကြီးဆုံးက ဒီကနေ့ လူထုတရပ်လုံးက ဖက်ဒရယ်ပြည်ထောင်စုအတွက်ကြိုး စား နေတဲ့ အဖွဲ့တွေကို ထောက်ခံ အားပေးဖို့လိုတယ်။ စစ်မှန်သောဖက်ဒရယ်ပြည်ထောင် စု မဖြစ်လာလို့ ကျနော်တို့ ဆင်းရဲဒုကခရောက်နေရတာဖြစ်တယ်။


ထွန့်လွယ်ဟိုဆေကနေ မန်စီကိုသွားတဲ့ခရီးလမ်း ၂ နာရီ ၃ နာရီလောက် ဘဲကြာတယ် ဆိုပေမယ့် မူစယ် နမ့်ခမ်း ကနေ မန်းတလေးကိုဆင်း သွားရတယ်။ အဲဒီကမှ မတရာ လက်ပံလှဘက်ကိုသွားရတယ်။ အဲဒီကမှ မန်စီကိုသွားရတယ်။ အဲတာ မဖြစ်သင့်တော့ ဘူး။ အဲတာဘာကြောင့်လဲ။


ကျနော်တို့ စားနိုင်သောက်နိုင်နေထိုင်သွားနိုင်ရင်တော်ပြီ ၊ ကိုယ့်သား သမီး ကျောင်းတက် နေရရင်ရပြီ ဆိုတဲ့ကိုယ်လွတ်ရုန်း တဲ့ခံယူချက်ရှိနေလို့ဘဲ။ နိုင်ငံရေးက ကိုယ်နဲ့ ဘာမှမဆိုင် ဘူးဆိုတဲ့ ခံယူချက်ကြောင့် ရှိနေလို့ဘဲ။


ထွန့်လွယ်ဟိုဆေကနေ မန်စီကိုသွားဖို့အရေး အဲလောက်ခက်ခဲနေတာ ဘာကြောင့်လဲ။ တိုက်ပွဲတွေဖြစ်နေတာကြောင့်ဖြစ်တယ်။ ဘာကြောင့် တိုက် ပွဲတွေဖြစ်နေ တာလဲ။ တန်းတူညီမျှမှုမရှိလို့ တိုက်ပွဲတွေဖြစ်ရ တာဖြစ် တယ်။ အလကားနေရင်းဘယ်သူကမှ ဆင်းရဲဒုက္ခ ခံပြီး တောထဲ တောင်ထဲ သွား မနေချင်ဘူး။ ဘယ်သူမှ စစ်သားမလုပ်ချင်ဘူး။ လောကမှာ ဘယ်သူ မဆို သေရမှာ ကြောက်တာ ချည်းဘဲ။ ဘယ်သူမဆို ဆင်းရဲ ဒုက္ခ ရောက် မှာကိုကြောက်တာချည်းဘဲ။ ဒါပေမယ့်အခု တိုင်းရင်းသားတွေ ဆင်းရဲဒုက္ခခံပြီး စစ်တိုက်နေတာဘာကြောင့်လဲ။ တန်းတူညီမျှမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တန်းတူညီမျှမှုရှိလာအောင် လုပ်ဖို့ဘဲဖြစ်တယ်။


တန်းတူညီမျှမှုရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲ။ လူထုဖြစ်ချင် တဲ့ ဆန္ဒကို အစိုးရလုပ်တဲ့သူက လိုက် လျော လုပ်ဆောင်အောင်ဖြစ်တယ်။ အခုရှိနေတဲ့ ဖွဲ့စည်း အုပ် ချုပ်ပုံအခြေခံဥပဒေဟာ လူထုဖြစ်ချင်တဲ့ အချက်ေ တွပါ အောင်မရေးထားလို့။ တဖက် တည်း တဖွဲ့တည်းကနေေ သနတ်ချိန်ပြီးေ ရး သားထားလို့ အခုလိုဖြစ်နေတာဖြစ် တယ်။ အခုလိုအဖြစ်မျိုးက ၁၉၄၇ မှမဖြစ်ခဲ့ပေမယ့် ၁၉၇၄ အထိရောက်လာတယ်။ ခုနပြော တဲ့ အတိုင်း ၁၉၆၂ မှာ ဗိုလ်ချုပ်နေဝင်းရဲ့စစ်တပ်က အာဏာသိမ်းတယ်။ စစ်ဝတ်စုံချွတ်ပြီး ပုဆိုး ၀တ်ပြီး တော့ ဥက္ကဌကြီးနေဝင်း ဖြစ်လာတယ်။ ဥက္ကဌကြီးနေဝင်းကနေ ၁၉၇၄ ဖွဲ့စည်းပုံကို ထပ်ရေးတယ်။ အဲဒီဖွဲ့စည်းပုံမှာ သူရေး ထားတာက ကချင်၊ ကယား ၊ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊သျှမ်း အစရှိတိုင်းရင်း သားတွေ ရဲ့ပြည်နယ် တခုချင်းစီဟာ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန်းတလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း အစရှိတိုင်းတတိုင်းစီနဲ့ တန်းတူဖြစ်တဲ့အကြောင်း ရေးသားထားတယ်။ ငါတို့ဗမာတွေမှာ ရ တိုင်းရှိတယ်။ တိုင်းတတိုင်းဟာ ပြည်နယ်တခုနဲ့ညီမျှတယ် လို့ပြောတယ်။


၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားေ ခါင်းဆောင် တွေဆွေးနွေး သဘောတူတုန်းက ဒီလိုမဟုတ်ဘူး။ ပြည်နယ်တွေ တန်းတူအခွင့်အရေးရှိ တယ်။ အဲ့တုန်းက ကချင်ပြည်နယ်ဆိုတာမရှိသေးဘူး။ ရှိလာရင်လည်း ကယားပြည်နယ် ၊ မွန်ပြည်နယ်တို့နဲ့ အခွင့်အရေးတန်းတူဘဲ။ ဘယ်သူမှ မသာဘူး ဘယ်သူမှ မနာစေရဘူးလို့ သဘောတူထားကြတယ်။ ဆိုတော့ ပြည်နယ် တပြည်နယ် ဟာ တိုင်းတတိုင်းလောက်ဘဲ ညီမျှတယ် ဆိုတာ လက်မခံနိုင်ကြလို့ အမျိုးသားရေး လှုပ်ရှား တဲ့အဖွဲ့ဆိုတာရှိလာတယ်။ ဒါကြောင့် ဗိုလ်ချုပ်နေဝင်းပြောတဲ့ ပြည်နယ်နဲ့တိုင်းဟာ တန်းတူညီမျှတယ် …ဆိုတာ မမှန်ကြောင်း လက်မခံကြောင်း၊ အဲဒီ တန်းတူညီမျှမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တန်းတူညီမျှမှုရှိအောင်ပြင်ဖို့ ကြိုးစားရမှာ က နိုင်ငံရေးပါတီတွေကဘဲ လုပ်ရမှာမဟုတ်ဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေ ကဘဲလုပ်ရမှာမဟုတ်ဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးအဖွဲ့ကဘဲလုပ်ရမှာ မဟုတ်ဘူး။ ပြည်သူလူထု တရပ်လုံး ရဲ့တာဝန်ဖြစ် တယ် ဆိုတဲ့အကြောင်းပြော ချင်ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates