လာမည့် ၂၁ ပင်လုံ အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘက်မှ အမျိုးသမီးကိုယ်စားလှယ် ပါဝင်မှု ပိုများနိုင်ဟုဆို



၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် စည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဘက်မှ အမျိုးသမီး ကိုယ်စားလှယ်ပါဝင်မှု ယခင်ကထက် ပိုများလာနိုင်ကြောင်း Myanmar Institule of Gender Studies မြန်မာနိုင်ငံကျားမရေးရာ လေ့ လာရေးသိပ္ပံ ဒါရိုက်တာ ဒေါ်နော်မာမာချိုကပြောသည် ။

 မြန်မာ့နိုင်ငံရေးအတွင် အမျိုးသမီးများပါဝင်နိုင်ရေး လှုပ်ရှားမှုပုံရိပ်(Photo: BWU)
" အရင်ကထက်တစ်ဖြည်းဖြည်းတော့ နားလည်လာတယ်သဘောပေါက်လာ တယ် လက်ခံလာတယ် ။ အမျိုးသမီးတွေ ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာ မှာပိုပြီးတော့ ညှိညှိနှိုင်းနှိုင်း စေ့စေ့စပ်စပ်ဆွေးနွေးတတ် တယ် ၊ အမျိုးသ မီးတွေက ညှိနှိုင်းစေ့စပ်တဲ့နေရာမှာ ဆွေးနွေးနိုင်တယ်ဆိုတာ လက်ခံလာကြ တယ် ။ totally တော့ အောင်မြင်မှုမရသေးပေမဲ့ အပြောင်းအလဲတစ်ခုတော့ရ လာတယ်ဆိုတာမြင်နေရတယ် " ဟု၎င်းကဆိုသည် ။


ပထမအကြိမ် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသမီးပါဝင်မှု ၁၃ ရာခိုင်နှုန်းသာရှိသည်။ တိုင်းရင်းသားခေါင်းဆောင် (EAO) များဖက်မှ ယခင်ကထက် အမျိုးသမီးများအပေါ်ပိုမိုလက်ခံ ယုံကြည်လာသည့်သဘော ရှိသောကြောင့် လာမည့် အစည်းအဝေးတွင် (EAO) ဖက်မှအမျိုးသမီး ကိုယ်စားလှယ် များလာနိုင်ဖွယ်ရှိသည်ဟု ဒေါ်နော်မာမာချိုကသုံးသပ်သည်။


" ၃၀ ရာခိုင်နှုန်းကိုပဲအော်နေလို့မပြီးဘူး ။ စိန်ခေါ်မှုတွေကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ် ကိုအမျိုးသမီး တွေ ထဲထဲဝင်ဝင် ပါဝင်လာဖို့ ၊ အမြင် ဖွင့်ဖို့လို အပ်သလို ရှိပြီးသားအရည်အချင်း ကိုထပ်ဖြည့် လေ့လာသင် ယူမှုတွေဆက်တိုက် လုပ်နေဖို့လိုအပ်တယ် " - ဟုမွန်အမျိုးသမီးကွန်ရက်မှ မိဆားယားပွိုင်း ကပြောသည်။


အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းတောင်းဆိုလာသည်နှင့်အမျှ တဖက်တွင် လည်း အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ မြင့်တက်လာစေရန် လုပ်ဆောင်ပေးနေ ရကြောင်း၊ အရည်အချင်း ပြည့်မှီသော အမျိုးသမီး များပါဝင်၍အမှန်တကယ်အမျိုးသမီးအရေး နှင့်ကလေးသူငယ်အရေး၊ လူမျိုးစု များ၏အရေး စသည့် အကြောင်းအရာမျိုးစုံကိုဆွေးနွေးပြောဆိုနိုင်သည့် အမျိုးသမီးများဖြစ်လာစေရန် လေ့ကျင့် သင်ကြားပေးနေကြောင်း နော်မာ မာချိုကပြောသည်။


" အမျိုးသမီးတွေမဖြစ်မနေ ပါဝင်ရုံပါဝင်ရတာမျိုးမဟုတ်ပဲ အဓိပ္ပါယ်ရှိ တဲ့ပါဝင်မှုမျိုးဖြစ်အောင် ကျမတို့ကဆက်လက်ကြိုးစားနေပါတယ် ။ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ကဏ်ဏ္ဍအလိုက် မှာအမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့လိုအပ်ပါတယ် ၊ စိန်ခေါ်မှုတွေတော့ရှိနေသေးတာပေါ့ " ဟု Women ad Peace Action Network Shan State မှ ဒေါ်သန္တာဦး ကပြောသည်။


AGIPP(Alliance for Gender Inclusion in Peace Process) ၏ စာရင်းအရ၂၀၁၁-၂၀၁၅ ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင် ရွက်သော ကော်မတီများ၊ အဖွဲ့များတွင် အမျိုးသမီးပါဝင်မှု အများဆုံးမှာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (SD)ဖြစ်ပြီး ထိုအဖွဲ့တွင် ၁၃ဒသမ၃ ရာခိုင်နှုန်း အထိ ပါဝင်ခဲ့သည်။ အမျိုးသမီးပါဝင်မှုနှုန်း အနည်းဆုံးအဖွဲ့များမှာ ပြည်ထောင် စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းဗဟိုကော်မတီ(UPCC) ၊ ပြည်ထောင်စု အ ဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေး ကော်မတီ(JMC –U)၊ တို့ဖြစ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး(JICM)တို့တွင် သုညရာခိုင်နှုန်းဖြစ်သည်။


Myanmar Institute of Gender Studied ၏ စာရင်းအရ၂၀၁၆ ခုနှစ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးအများဆုံးပါဝင်မှုသည် ကူညီပံပိုးသူများအဖြစ်သာ ၃၀ ရာခိုင်နှုန်းအထိပါဝင်ခဲ့ပြီး ပါဝင်မှု အနည်းဆုံးအဖြစ် ပဲခူးတိုင်းဒေသကြီး JMC - S တွင် သုညရာခိုင်နှုန်းသာရှိခဲ့ သည်။


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်NCAအရ အမျိုး သား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ များတွင် အမျိုးသမီး သင့်တင့်လျောက်ပတ် စွာပါဝင်ရမည်ဟု ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်လက်ထက် ပထမ အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ပြည်ထောင် စုငြိမ်း ချမ်း ရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) က ဖတ်ကြားသည့် လုပ်ငန်းဆောင်ရွက်ချက်စာတမ်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ်တိုင်းတွင် အမျိုးသမီးမြှင့်တင်ရေး အဆိုပြုချက်အဖြစ် ကဏ္ဍအသီးသီးတွင် ၃၀ ရာခိုင်နှုန်းပါဝင်ရန် အဆိုပြုခဲ့ပြီး နည်းလမ်းပေါင်းစုံဖြင့် အစုအဖွဲ့အသီးသီးက ကြိုးစားရန် တိုက်တွန်းခဲ့ သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates