ကျိုင်းတုံသို့ ကျားခေါင်းပါတီဥက္ကဌ မဲဆွယ်စည်းရုံးရေးဆင်းမည်



ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦး ကျိုင်းတုံသို့ စည်းရုံးရေးဆင်းမည်ဖြစ်ကြောင်းသိရသည်။


" မတ် ၂၇ ကျရင် ကျိုင်းတုံမှာ စည်းရုံးဟောပြောပါမယ်။ ကျိုင်းတုံမဲဆန္ဒနယ်က အရေးကြီးတယ်။ ”ဟု ခွန်ထွန်းဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


၂၀၁၅ ရွေးကောက်ပွဲကာလက သျှမ်းပြည်အရှေ့ပိုင်းမဲဆန္ဒနယ်များတွင်  သျှမ်းပါတီများ တနေရာမှ အနိုင်ရရှိခြင်း မရှိခဲ့ပေ။


ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်အတွက် လစ်လပ်နေသည့် ကျိုင်းတုံမှာ NLD နှင့် သျှမ်းပါတီတို့အကြား အားစမ်းမည့် မဲဆန္ဒနယ်ဖြစ်လာမည်ဟုဆိုသည်။


“ကျနော်လည်း ကျိုင်းတုံမှာ လေ့လာစောင့်ကြည့်မှာ ။ ကျိုင်းတုံက သျှမ်းပြည်နိုင်ငံရေးအတွက် အရေးပါလာနိုင်တယ်။ အဲန်တို့ အခါတို့လို တိုင်းရင်းသားတွေလည်း ရှိတယ်လေ။ ဒီအားစမ်းမှုက ၂၀၂၀ အတွက်လည်း တစုံတရာ သက်ရောက်မှု ဖြစ်လာနိုင်တယ်”- ဟု တောင်ကြီးမြို့မှ နိုင်ငံရေးလေ့လာသူ ကိုမိုးက ပြောသည်။


သျှမ်းပြည်နယ်အတွင်း လစ်လပ်မဲဆန္ဒနယ် ၈ နေရာရှိသည့်အနက် ကျားခေါင်းခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှာ ရ နေရာယှဉ်ပြိုင်မည်ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates