မိုင်းရှူး NLD အလုပ်အမှုဆောင် ကျားခေါင်းပါတီ SNLD သို့ ပါတီဝင်အဖြစ် ကူးပြောင်း



ကြားဖြတ်ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ မိုင်းရှူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း စိုင်းထွန်းထွန်းဦးမှာ မိခင်ပါတီကနေနှုတ်ထွက်ပြီး ကျားခေါင်းပါတီဝင်အဖြစ် ကူးပြောင်းခဲ့ကြောင်း ကျားခေါင်းပါတီ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။


ဦးစိုင်းထွန်းထွန်းဦးမှာ  မိုင်းရှူးမြို့နယ် NLD  မှ တာဝန်ရှိသူတစ်ဦးဖြစ်ပြီး မြို့နယ်အတွင်း သြဇာတိက္ကမ  ရှိသူ တဦးလည်းဖြစ်သည်။


၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခဲ့စဉ်က ပါဝင်ခဲ့သူဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရာတွင်မူ မပါဝင်တော့ဟုဆိုပာသည်။


စိုင်းထွန်းထွန်းဦးနှုတ်ထွက်မှုကြောင့် ပါတီဝင် ၁၀၀ နီးပါး လည်း နှုတ်ထွက်ကြောင်း အများ သောအားဖြင့် သျှမ်းလူမျိုးများဖြစ်ကြောင်း သိရသည်။


' ၁၅ ရက်နေ့က သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ တံဆိပ်ပေးအပ်ပွဲလုပ်ခဲ့တယ်။ ပါတီဝင်ကတ်ပြားပေးရင်းပေါ့။ ' ဟု ကျားခေါင်းပါတီမှ တာဝန်ရှိသူဖြစ်သည့် စိုင်းမျိုးဇင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မိုင်းရှူး NLD တွင် စိုင်းထွန်းထွန်းဦး နှုတ်ထွက်သွားပြီးနောက် မိုင်းရှူး NLD  အတွင်း အခက်အခဲများ တွေ့ရကြောင်း မြို့ခံအချို့ပြောဆိုနေကြပြီး သျှမ်းတိုင်းရင်းသား ပါတီဝင် နည်းပါးမှုနှင့် သျှမ်းစကားမတတ်သူ ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ထားမှုတို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် အခက်အခဲဖြစ်ပေါ်စေလိမ့်မည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates