ထိုင်း - မြန်မာနယ်စပ်ပစ်ခတ်မှုဖြစ်ပွား မူးယစ်မှောင်ခို အသေ ၂ ဦး နှင့် ယာဘအပြား ၁ သိန်းကျော် ထိုင်းရဲဖမ်းမိ



ထိုင်းနိုင်ငံမြောက်ပိုင်းမယ်ဆိုင်မြို့နယ်အတွင်း တောလမ်းမှ အမည်မသိ မူးယစ်မှောင်ခိုသယ် ဆောင်လာသူများနှင့် ထိုင်းနယ်စပ်လုံခြုံရေးတပ်သို့ပစ်ခတ်မှုဖြစ်ပွါးကာ မူးယစ်မှောင်ခိုသယ်ဆောင်သူ အလောင်းထံမှ ယာဘ သိန်းဂဏန်း သိမ်းဆည်းရမိကြောင်း ထိုင်းသတင်းများက အသီးသီးဖော်ပြသည်။


မတ်လ ၂၅ ရက် ညနေပိုင်းက ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ၀ိန်းဖန်ခမ်းအုပ်စုအတွင်း ထိုင်း-မြန်မာနယ်စပ်နှင့် မီတာ ရ၀၀ ခန့်အကွာ  တွင် ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။


တောလမ်းခရီးမှ ကျောပိုးအိတ်တယောက်တလုံးစီဖြင့်တောနင်းလာသည့် အမျိုးသား ၄ ဦးအား ထိုင်းရဲ များက စစ်ဆေးရန် တားဆီးရပ်တန့်စဉ် အမျိုးသား ၄ ဦးဘက်မှ စတင်ပစ်ခတ်ကြောင်း ထိုနောက်ပိုင်း အဆိုပါ ၄ ဦးမှာ တောမီးရှို့ပြီးထွက်ပြေးကြောင်း ၁၀ မိနစ်ခန့်ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် ထိုင်းရဲများ တောနင်းရှာဖွေစဉ် မီးလောင်သေဆုံးနေသော အမျိုးသား ၂ ဦးအလောင်းအားတွေ့မိကြောင်း ၊ကျန် ၂ ဦးမှာ ထွက်ပြေးလွှတ်မြောက်နေကြောင်း မယ်ဆိုင်နယူးအွန်လိုင်းသတင်းတွင်ဖော်ပြထားသည်။


အမျိုးသားအလောင်းတလောင်းထံမှ အလောင်းနှင့်အတူ မီးအနည်းငယ်လောင်ကျွမ်းထားသော ကျောပိုးအိပ် အတွင်းမှ လိမ်မော်ရောင် ယာဘအပြားပေါင်းတစ်သိန်းကိုလည်း ဖမ်းဆီးရမိကြောင်း ဆိုပါသည်။


မတ်လ ၂၆ ရက်မနက်ပိုင်းမှသာ နာရေးကူညီမှုအသင်းက အဆိုပါအလောင်းများကို သွားရောက်သယ် ထုတ်ပြီး မယ်ဆိုင်ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်းလည်းဖော်ပြထားပါသည်။


သို့သော် အဆိုပါယာဘသယ်ဆောင်သည့် အဖွဲ့မှာမည်သည့်အဖွဲ့ဖြစ်ကြောင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates