သီပေါမြို့နယ်က အုပ်စုအတွင်းရေးမှူးတဦးပစ်သတ်ခံရ - အခြားအုပ်ချုပ်ရေးမှူးများ မိမိလုံခြုံရေးစိုးရိမ်



သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် နမ့်မအုပ်စုအထွေထွေ အတွင်းရေးမှူး၊ နားကွန်ရွာသူကြီး ဦးစိုင်းစံဖေ ပစ်သတ်ခံရမှုအား အမှုမှန်ပေါ်သည်အထိ ဆောင်ရွက်ပေးခြင်းမရှိပါက လုံခြုံရေးအတွက် စိုးရိမ် မှုဖြင့်ရပ်ရွာ အကျိုးပြု လုပ်ငန်းတွင်ထိခိုက်နိုင်မည်ဖြစ်ကြောင်း ဒေသခံရွာသားများကပြောသည်။


သီပေါမြို့နယ် နမ့်မအုပ်စု အထွေထွေအတွင်းရေးမှူး၊ ကျေးလက်အထောက်အကူပြု အဖွဲ့ဝင်၊ နားကွန်ရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းစံဖေ အသက် ၅၇ နှစ်သည် ဖေဖော်ဝါရီလ ၂၆ ရက်ညနေက ၄င်း၏ ယာအနီး အမည်မသိသေနတ်သမားက ပစ် ခတ်သဖြင့် သေဆုံးသွားခဲ့သည်ဖြစ်ရာ လုပ်ကြံပစ်သတ်ခြင်းခံရမှုနှင့်ပတ်သက်ပြီး အာဏာပိုင် များအနေဖြင့် အမှုမှန်အမြန် ဖော်ထုတ်ပေးရန် ရွာသားများက ပြောဆိုခဲ့ခြင်းဖြစ်သည်။


“ သူ့ကိုလုပ်ကြံသတ်ဖြတ်သွားတဲ့သူဟာ ဘယ်သူလဲ။ ဘာပြသနာရှိလို့ အခုလိုအကြမ်းဖက်လုပ် ဆောင် ရသလဲ။ ဘာပြသနာဘဲရှိရှိ ကောင်းကောင်းမွန်မွန်ဖြေရှင်းလည်းရ ရဲ့သားနဲ့အခုလိုအကြမ်းဖက် သတ်ဖြတ်  နည်းနဲ့ဖြေရှင်းတာတော့မကောင်းပါဘူး။ မင်းမဲ့တိုင်းပြည်ဖြစ်ရာကျပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိမှန်းသိ သာပါတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုကူးပြောင်းဖို့ အားလုံးကကြိုးစားနေချိန် မှာအခု လိုဖြစ်ချင်တိုင်းဖြစ်နေတာကတော့ မဖြစ်သင့်တော့ပါဘူး။ အဲ့တာကြောင့် လူထုရွေးချယ်တဲ့အစိုးရ ကနေ လူထုကိုပြန်လည်ကြည့်ရှုစောင့်ရှောက်ပေးဖို့တောင်းဆိုပါတယ်။ မဟုတ်ရင်တော့ မိမိလုံခြုံမှုအတွက် စိုးရိမ်လို့ ဒီရပ်ရေးရွာရေးမှာ ဘယ်သူမှလုပ်ချင်တော့မှာမဟုတ်ဘူး” - ဟု စိုင်းကျော်က ပြောဆိုသည်။


ယမန်နှစ်အတွင်းက အစိုးရတပ်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွါးခဲ့ သည်။ သို့သော် တိုက်ပွဲများဖြစ်ပွါးသည့်နောက်ပိုင်း သျှမ်းပြည်တပ်မတော်မှာ ရွာအနီးသို့ လာရောက် လှုပ်ရှားခြင်းမရှိတော့ကြောင်း၊ လက်ရှိရွာအတွင်းတွင် အစိုးရတပ်နှင့် မန်ပန်ဌာနေပြည်သူ့ စစ်တို့ လှုပ်ရှားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


“လုံးစံဖေက လူကောင်းတယောက်ပါ။ ဘယ်သူနဲ့မှလည်း ပြသနာမရှိခဲ့ဖူးဘူး။ ရွာနားက အစိုးရတပ်နဲ့ဖြစ် စေ ရွာတဝိုက်မှာလှုပ်ရှားနေတဲ့ ပြည်သူ့စစ်တွေဖြစ်စေ၊ သျှမ်းပြည်တပ်မတော်နဲ့ ဖြစ်စေ တခါမှပြသနာ မတက် ဖူးဘူး။ သူဟာ ရွာသားတွေဖြစ်ချင်တာကိုအတတ်နိုင်ဆုံးလုပ်ပေးမယ် လို့အမြဲပြောခဲ့တဲ့သူ တယောက်ပါ ။”  - ဟု ရပ်ရေးရွာရေးတွင်လုပ်ဖော်ကိုင်ဖက်ဖြစ်သူ စိုင်းကျော်က ပြောဆိုသည်။


ဦးစိုင်းစံဖေသည် ကျေးလက်ရွာသားများ နမ္မကျောက်မီးသွေးတူးဖေါ်မှု ဆန့်ကျင်ရာတွင်လည်း ရွာသားများ ဘက် မှ မားမားမတ်မတ်ရပ်သည်ခဲ့သည့် ကျေးလက်အကြီးအကဲ တဦးဖြစ်သည်ဟုလည်းသိရသည်။


ဦးစိုင်းစံဖေ အသက် ၅၇ နှစ်သည် လားရှိုးမြို့နယ် နမ့်ပူရွာဇာတိဖြစ်ပြီး ၁၉၆၀ ခုနှစ်တွင်မွေးဖွားပါသည်။ မန်းတလေးမြို့တွင် ၈ တန်းအထိပညာဆည်းပူးခဲ့ရပြီး နားကွန်ရွာသူ နန်းဆိုင်ဦးနှင့် အိမ်ထောင်ပြုကာ သားသမီး ရ ဦးထွန်းကားခဲ့သည်။ သေဆုံးချိန်တွင် နမ့်မအုပ်စု အထွေထွေအတွင်းရေးမှူး၊ ကျေးလက်အ ထောက် အကူပြုအဖွဲ့ဝင်၊ နားကွန်ရွာအုပ်ချုပ်ရေးမှူး (ရွာသူကြီး) အဖြစ် တာဝန်ထမ်းဆောင်နေ ဆဲဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates