၂၁ ရာစု ပင်လုံညီလာခံ ဒုတိအကြိမ် KNU အပေါ်မူတည်နေ



၂၁ ရာစုပင်လုံညီလာခံကို မတ်လလယ်လောက်မှာ ကျင်းပဖို့ အစိုးရက စီစဉ် ထား ပေမယ့် KNU ရဲ့ညီလာခံနဲ့တိုက်နေလို့လက်ရှိမှာ ညီလာခံကျင်းပ မယ့်ရက်အတွက် KNU ဘက်ကတုန့်ပြန် မှုကို စောင့်နေရတယ်လို့ ၂၁ ရာစုပင်လုံ ညီလာခံဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး များအဖွဲ့ဝင် လဲဖြစ်ကျားခေါင်း ပါတီတွဲဖက် အတွင်းရေးမှူး၂ လဲဖြစ်တဲ့ စိုင်းကျော်ညွှန့်ကပြောပါတယ် ။


အစိုးရဘက်က ညီလာခံကို မတ်လ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ ကျင်းပဖို့စီစဉ်ထားပေမယ့် ၁၄ ရက်နေ့ဆိုရင် ကေအဲန်ယူရဲ့ညီလာခံနဲ့တိုက်နေတာကြောင့် ကေအန်ယူနဲ့ ညှိနှိုင်းနေရတဲ့အဆင့်မှာ ဘဲရှိနေတယ်လို့ စိုင်းကျော်ညွန့်ကပြောပါတယ် ။


"သူတို့ညီလာခံသည် တခါတလေ ၁ လလောက်ကြာမြင့်တတ်ပါတယ်။ အဲတော့အစိုးရအနေနဲ့ KNU ကို မစောင့်ဘဲနဲ့လုပ်မှာလားပေါ့။ KNU ဘက်ကတော့ ညီလာခံနဲ့တိုက်နေရင် သူလည်းမတက်နိုင်ဘူး။ KNU ညီလာခံကိုဘဲဆက်လုပ်သွားမယ်လို့ပြောတာတွေရှိနေတယ်။ ဒါကြောင့် ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံ ရက် အတွက် KNU နဲ့ညှိနှိုင်းနေရတဲ့အဆင့်ဘဲရှိပါတယ်" - လို့ စိုင်းကျော်ညွန့်က ပြောပါတယ် ။


သျှမ်းအမျိုးသားအဆင့်ညီလာခံကိုကျတော့ တပ်မတော်နဲ့အစိုးရက မိုင်းတော့ မိုင်းထား မိုင်းပန်မှာလုပ်ဖို့ RCSS နဲ့တွေ့ဆုံစဉ်ပြောဆိုထားပြီး ၊ RCSS အပါအဝင် သျှမ်းပြည်တွင်းအဖွဲ့အစည်းအားလုံးက သဘောမတူ လက်မခံနိုင်ဘဲ တောင်ကြီး သို့မဟုတ် ပင်လုံမှာ လုပ်ဖို့ဘဲ ဆန္ဒရှိနေပါတယ် ။


 ဒီအတွက် အစိုးရ နဲ့ တပ်မတော် ဘက်က တောင်ကြီး နဲ့ ပင်လုံမြို့ မှာ သျှမ်းအမျိုးသားအဆင့် ညီလာခံ ကျင်းပခွင့် ပိတ်ပြင်မယ်ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့ အခက်အခဲ ဖြစ်သွားနိုင်တယ်လို့ သျှမ်းပြည်တပ်မတော် RCSS/SSA ဘက် ကထုတ်ပြန်ကြေငြာထားပါတယ် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates