ကျိုင်းတုံတွင်နောက်ဆုံးရက်မဲဆွယ်စည်းရုံးရေးကျားခေါင်းပါတီကိုယ်စားလှယ်လောင်းကျေနပ်အားရဟုဆို



မတ်လ၃၀ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲအတွက်စည်းရုံးရေးနောက်ဆုံးနေ့တွင်သျှမ်းပြည်တွင်းလစ်လပ်မဲဆန္ဒနယ်များ၌ယှဉ်ပြိုင်မည့်နိုင်ငံရေးပါတီအသီးသီးစည်းရုံးရေးအပြိုင်ဆင်းကြရာသျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံတွင်လည်းကျားခေါင်းပါတီ SNLD မှမြို့တွင်းလှည့်လည်စည်းရုံးရေးဆင်းခဲ့ကြသည်။


မွန်းတည့်ချိန်ကကျိုင်းတုံမြို့ SNLD မြို့နယ်ရုံးတွင်ပါတီဝင်၅၀၀နီးပါးစုဆုံကြပြီးဆိုင်ကယ်ကားထော်လာဂျီအသီးသီးစီနင်းကာမြို့တွင်းတပတ်လှည့်ပတ်ခဲ့ကြောင်းကျိုင်းတုံရောက်သျှမ်းသံတော်ဆင့်သတင်းထောက်စိုင်းယွက်ခမ်းကပြောသည်။


ကျားခေါင်းရုံးကနေကျိုင်းတုံမြို့တွင်းတပတ်လှည့်တယ်။ရပ်ကွက်၁၊ရပ်ကွက်၅၊ပြီးရင်ယန်းလောအုပ်စုဘက်သွားတယ်။လွယ်လုံကတ်ထိုက်၊ပင်းတော့အုပ်စုဘက်ပတ်ပြီးမြို့ထဲပြန်ဝင်လာတယ်။လူအင်အား၃၀၀-၄၀၀လောက်ရှိမယ်။ကားတွေဆိုင်ကယ်တွေနဲ့သွားကြတယ်။ - ဟုပြောသည်။


လစ်လပ်မဲဆန္ဒနယ်အမှတ်၂တွင်ဝင်ရောက်ယှဉ်ပြိုင်မည့်ကျားခေါင်းပါတီမှလုံးစိုင်းလုံကမူ - ကျေနပ်အားရမှုရှိခဲ့ပါတယ် - ဟုမှတ်ချက်ချပြောဆိုသည်။


တာချီလိတ်ပုံပါကျင်ကျိုင်းတုံမိုင်းပျဉ်းမှကျားခေါင်းပါတီဝင်များလည်းပါဝင်ပူးပေါင်းခဲ့ကြသည်။ တချို့ကလည်းမဲရုံနှင့်နီးသည့်ဧရိယာအတွင်းစိုက်ထူထားသောမဲဆွယ်ဆိုင်းဘုတ်များကိုဖြုတ်သိမ်းခဲ့ကြသည်။


ကျိုင်းတုံမြို့ကျားခေါင်းပါတီဥက္ကဌစိုင်းထွန်းက - ကျနော်တို့စည်းလုံးညီညွတ်မှုကိုပြချင်တာရယ်၊မဲပေးမယ့်လူထုကိုစိတ်ဓါတ်ခွန်အားပေးတဲ့သဘောရယ်အခုလိုစီတန်းလှည့်လည်ပြီးစည်းရုံးရေးဆင်းရတာဖြစ်ပါတယ်။ - ဟုပြောသည်။


ကျိုင်းတုံမြို့တွင်လစ်လပ်နေသောမဲဆန္ဒနယ်အမှတ်၂တွင်ယှဉ်ပြိုင်မည့်ပါတီများမှာကြံ့ခိုင်ရေးပါတီ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊သျှမ်းပါတီကြီး၂ခုနှင့်အတူလားဟူပါတီ၊အခါပါတီ၊၀ပါတီတို့ယှဉ်ပြိုင်ကြမည်ဖြစ်သည်။သျှမ်းပါတီမှဝင်ပြိုင်မည့်ပုဂ္ဂိုလ်မှာကျားဖြူပါတီမှဒေါက်တာစိုင်းယွက်ဟောင်၊ကျားခေါင်းပါတီမှလုံစိုင်းလုံတို့ဖြစ်ကြပါသည်။


သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရစစ်တပ်ကြောထောက်နောက်ခံပြုသည့် ပါတီကြီးတခုကလွှတ်တော်ဘတ်ဂျတ် အသုံးပြုကာကျေးလက်ဒေသခံများအတွက် ဆိုလာပြား၊ ရေ၊ မီး၊ လမ်း၊ တံတားများစသည့် ဖွံ့ဖြိုးမှုလုပ်ငန်းများအား ၄င်းတို့သာ လုပ်ပေးနိုင်သည့်အတွက် ၄င်းတို့ပါတီသာ မဲထည့်ကြရန် ရွာအကြီးအကဲများမှတဆင့် ကျေးလက်ဒေသခံများညွှန်ကြားထားသောကြောင့် မည်သည့်ပါတီ မှ စည်းရုံးရေးခရီးမအောင်မြင်ကြောင်း၊ သည့်အတွက် ထိုပါတီကသာ ကြိုတင်မဲနှင့်တကွ လွှတ်တော်အမတ်ရရှိသွားမည် ဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများရှိနေသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates