SSPP/SSA ဌာနချုပ် ၀မ်ဟိုင်းတွင် ကျားဖြူပါတီ မဲဆွယ်



ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေများတွင် SSPP/SSA ဌာနချုပ် ၀မ်ဟိုင်းတည်ရှိရာ ကျေးသီးမြို့ နယ်လည်း ပါဝင်နေရာ ၀မ်ဟိုင်းကျေးရွာအုပ်စုတွင်လည်း မဲရုံထားရှိမည်ဖြစ်သောကြောင့် မတ်လ ၂၂ ရက်နေ့က ကျားဖြူပါတီမှ မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ကြောင်း ကျားဖြူပါတီ တာဝန်ရှိသူထံမှ သိရသည်။


ဝမ်ဟိုင်းဌာနချုပ် တည်ရှိရာ ၀မ်ဟိုင်းတွင် ကျားဖြူပါတီပြုလုပ်သည့်မဲဆွယ်စည်းရုံးမှုသို့ ပြည်သူလူထု ၄၀၀ ခန့် တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။


လတ်တလောအတွင်းမှာပင် ဒေသတွင်း လက်နက်ကိုင် အဖွဲ့ကြောင့် လွတ်လပ်တရားမျှသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ဟုဆိုကာ မိုင်းရှူးမြို့နယ် မြောက်ပိုင်းမှ ကျေးရွာအုပ်စုအချို့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ကျင်းပမှုမပြုရန် NLD ကိုယ်စားလှယ် အချို့မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြမှုများ ရှိခဲ့သည်။


“သျှမ်းပြည်တပ်မတော် အနေနဲ့ ရွေးကောက်ပွဲကို ကြိုဆိုတယ်။ ပြည်သူတွေအတွက်လည်း ရွေးကောက်ပွဲက အရေးကြီးမှန်းသိလို့ ရွေးကောက်ပွဲ ကြိုဆိုကြောင်း အရင်ကတည်းက ကြေငြာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်။ ကျနော်တို့ဒေသအတွင်းတော့ လွတ်လွတ်လပ်လပ်ပဲ ပေးထားတယ်” - ဟု သျှမ်းပြည်တပ်မတော် မြောက်ပိုင်း နာယက ဗိုလ်ချုပ်ကြီးဆေထင်က ပြောသည်။


ဝမ်ဟိုင်းကျေးရွာအုပ်စုအတွက် မဲရုံများကို ၀မ်ဟိုင်း အထက်တန်းကျောင်းခွဲ နှင့် ပါခီးလမ်းခွဲတို့တွင် ထားရှိမည်ဖြစ်ကြောင်း လည်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates