ကျိုင်းတုံကြားဖြတ်ရွေးကောက်ပွဲ လူထုစိတ်မဝင်စား မဲပေးသူနည်းပါး
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ်ရွေးချယ်မှုတွင် ဒေသခံလူထု မဲပေးရန်စိတ်ဝင်စားမှုအားနည်းနေကြောင်း သိရသည်။
![]() |
| ဓါတ်ပုံ- ကျိုင်းတုံမြို့ ရပ်ကွက် ၁ အတွင်းမဲရုံတချို့အားတွေ့ရပုံ (Credit to SAMO) |
မဲဆန္ဒနယ်အမှတ် ၂ အတွက်မဲပေးခွင့်ရှိသူ ၅ သောင်းကျော်ရှိသော်လည်း မဲရုံတခုချင်းစီတွင်လာရောက်မဲပေးကြသည့် အရေအတွက်မှာ ရာဂဏန်းသာရှိကြောင်း မဲရုံများစောင့်ကြည့်ရန်တာဝန်ကျသည့် ကျားခေါင်းပါတီလူငယ် စိုင်းအောင်မြင့်ဦးကပြောသည်။
ရှင်ပြုပွဲ တို့ မင်္ဂလာဆောင်ပွဲတို့ဆီဘဲအာရုံရောက်နေကြတော့ မဲလာပေးတဲ့သူအရမ်းနည်းတယ်။ အားရကျေနပ်မှုမရှိဘူး။ တခုစိုးရိမ်ရတာက ကျန်တဲ့ မဲလာမပေးသူတွေရဲ့မဲပြားတွေဟာ ကြိုတင်မဲပုံးထဲဝင်ကုန်မှာစိုးလို့ပါဘဲ။ - ဟုပြောသည်။
ကျိုင်းတုံမြို့တွင် ပြည်နယ်လွှတ်တော် မဲဆန်ဒနယ်အမှတ် ၂ အတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၆ ခုရှိရာ ကျားခေါင်းပါတီ SNLD ကျားဖြူပါတီ SNDP ကြံ့ခိုင်ရေးပါတီ USDP အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် အခါ ပါတီ တို့ဖြစ်ကြသည်။
Tags: News, politic











