ကျိုင်းတုံမြို့တပ်တွင်းမဲရုံတခုတွင် သျှမ်းပါတီ ၂ ခုပေါင်း ၃ မဲသာရရှိထား
မဲပေးမှုနည်းပါးသော သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ လစ်လပ်မဲဆန္ဒနယ်အမှတ် ၂ တွင် ထောက်ပို့တပ် ထပရ ၉၃၂ တပ်အတွင်းတွင် မွန်းလွဲ ၁ နာရီခန့်က မဲများရေတွက်ရာ ကြံ့ခိုင်ရေးတပ်မှ မဲအပြတ်အနိုင်ရ ထားကြောင်း သိရသည်။
ထောက်ပံ့တပ်မဲရုံတွင် ကြံ့ခိုင်ရေးပါတီက ၃၈၅ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈ မဲ၊ အခါပါတီက ၆ မဲ၊ ကျားဖြူပါတီက ၂ မဲနှင့် ကျားခေါင်းပါတီက ၁ မဲ ရရှိကြောင်း၊ သို့သော် မဲပေးခွင့်ရှိသူ ၆၉၂ မဲရှိသဖြင့် လက်ရှိတွင်မဲလာပေးသူ စုစုပေါင်း မဲပြား ၄၀၂ ပြားသာရှိနေသေးရာ ကျန်နေသည့်မဲပြားပေါင်း ၃၀၀ ကျော် မှာ ရလဒ်မသိသေးကြောင်း ၊ ကြိုတင်မဲလည်းမရေတွက်ရသေးကြောင်း ကျိုင်းတုံမြို့က ရွေးကောက်ပွဲ စောင့်ကြည့်သည့်လူငယ်များ ကပြောသည်။
အလားတူ မိုင်းအင်းအုပ်စု နောင်စုကျေးရွာ တွင်မူ မဲပေးခွင့်ရှိသူ ၃၂၄ ယောက်ရှိသည့်အနက် မွန်းလွဲ ၁ နာရီကျော်တွင် ကျေးရွာဥက္ကဌနှင့် မဲရုံတာဝန်ရှိသူများက မဲပေးသူမရှိတော့ ဟုဆိုကာမဲရုံပိတ် လိုက်ပြီဖြစ် ကြောင်း ကျားခေါင်းပါတီဝင် များကပြောသည်။
မိုင်းအင်းအုပ်စုတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၂၄ ဦးအနက် ၁၄၆ ယောက်သာမဲလာပေးပြီး ၁၇၈ ဦးကျန်နေ ကြောင်း၊ ကျားခေါင်းပါတီမှတာဝန်ရှိသူများကသွားရောက်မေးမြန်းရာတွင် အဆိုပါကျန်နေသူများမှာ တခြားဒေသသို့ခရီးလွန်နေသည်ဟု မဲရုံမှူးလဲဖြစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးလဲ ဖြစ်သူပြောသည်။
မိုင်းအင်းအုပ်စုတွင် အခါပါတီ ၅၉၊ ပြည်ခိုင်ဖြိုး ၄၆၊ ဒီချုပ် က ၁၈ ၊ လားဟူ ၉၊ ကျားဖြူ ရ ၊ ကျားခေါင်း ရ ရရှိကာ ကျန်မဲပြားများမှာ ပယ်မဲဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မိုင်းအင်းအုပ်စုသည် ၂၀၁၅ ရွေးကောက်ပွဲကလည်း မဲပေးပိုင်ခွင့်ရှိသူ ၃၀၀ ကျော်ရှိရာ ပယ်မဲမရှိ ဘဲ NLD ပါတီက အပြတ်အသတ်အနိုင်ရသွားကြောင်းကျိုင်းတုံရပ်မိရပ်ဖတဦးဖြစ်သည့် စိုင်းဆာမ်က ပြောပါသည်။
Tags: News, politic


