ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတတိယနေ့ စာတမ်းအနှစ်ချုပ်ဖတ်ကြားပြီးစီး



ဧပြီလ  ၂၃  ရက်နေ့မှစ၍  ၂၅  ရက်နေ့အထိ  သျှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသော ဒေသ အလိုက်အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွင် တတိယနေ့တွင် စာတမ်းအနှစ်ချုပ်ဖတ်ကြားပြီးစီး ရာ စာတမ်းပေါင်း  ၆၃ စောင်နှင့်ဖြည့်စွက် ဆွေးနွေးအကြုံ ပြုစာ  ၄၅  စောင် လက်ခံရရှိခဲ့ကြောင်းသိရ သည်။


အဆိုပါစာတမ်းများတွင်နိုင်ငံရေးနှင့် သက်ဆိုင်သော စာတမ်းပေါင်း ၂၈ စောင်၊ ဆွေးနွေးအကြုံ ပြုစာ ၂၃  စောင်၊ စီးပွားရေးနှင့်ဆိုင်သော စာတမ်းပေါင်း ၂၇ စောင်နှင့်ဆွေးနွေးအကြုံပြုစာ  ၉  စောင်၊ မြေယာနှင့် သဘာဝသယံဇာတနှင့်ဆိုင်သော စာတမ်းပေါင်း အစောင် ၃၀ နှင့်ဆွေးနွေးအကြုံပြုစာ  ၁၃ စောင်တို့ပါဝင်လာရာသက်ဆိုင်ရာ အကြောင်းအရာအလိုက် သီးသန့်တင်သွင်းစာတမ်းများပါဝင်ပြီး ၊ စာတမ်းတစ်စောင်တည်းတွင် အကြောင်းအရာ တစ်မျိုးထက်ပို၍ရေးသား ထားသော စာတမ်းများလည်းပါရှိသည်ဟု  ဆွေးနွေးမည့်အကြောင်းအရာ များကို သဘောထားစုစည်းချက်များလက်ခံ ထိန်းသိမ်း ပြုစုရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ -  သျှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဒေါက်တာ ညီညီအောင် က ပြောကြား ခဲ့သည် ။


သျှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ စာတမ်းသုံးစောင်ကို သဘာပတိများ နှင့်တက်ရောက်သူများ ရှေ့မှောက်တွင် အတည်ပြုချက် ရယူပြီး အတည်ပြုစာတမ်းများအား  သျှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ၊  သျှမ်းပြည်နယ် ၀န်ကြီး ချုပ်မှတစ်ဆင့်  သျှမ်းပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ ထံအပ်နှံသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နေပြည်တော် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟို ဋ္ဌာနကို ဆက်လက်ပေးပို့သွားမည် ၊ ဗဟိုဋ္ဌာနမှတစ်ဆင့်တူ ညီသည့်အချက်အလက်များ စုစည်း၍  ၂၁  ရာစု ပင်လုံညီလာခံတွင် ဆက်လက်တင်ပြသွားမည် ဖြစ်သည် ဟု  သိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates