အင်းလေးကန် နိုင်ငံခြားသားခရီးသွားများဝင်ခွင့် (Entrance Fees) တင်ဒါအောင်နိုင်သူနှင့်အစိုးရတို့ တင်ဒါ စည်းမျဉ်းစည်းကမ်းအားအသစ်ပြန်လည်ရေးဆွဲမှုအပေါ် Save The Inlay Lake အဖွဲ့ ကန့်ကွက်



အင်းလေးကန် နိုင်ငံခြားသားခရီးသွားများဝင်ခွင့် (Entrance Fees) ကောက်ခံခွင့် အိတ်ပိတ်တင်ဒါ လေလံ အောင်သူလုပ်ငန်းရှင် နှင့် သျှမ်းပြည်နယ်အစိုးရအဖွဲ့တို့  ထပ်မံစာချုပ်ချုပ်ဆိုမည့်အပေါ် Save The Inlay Lake အဖွဲ့က ကန့်ကွက်လိုက်သည်။


ထိုသို့ ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲတရပ်ကို ဧပြီလ (၂၈) ရက်နေ့ က ပြုလုပ်ရာ Save The Inlay Lake အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင် လတ်က -   “ အစိုးရတစ်ရပ်ကနေပြီးတော့ မှဒီစည်းမျဉ်းစည်းကမ်းတစ်ခုကို မူဝါဒတစ်ခု ကို အသစ်ပြန်လည် ရေးဆွဲလိုက် တယ်ဆိုရင် အင်းလေးအတွက် သျှမ်းပြည် နယ် တစ်ခုလုံးအတွက် အကျိုးတစ်ခုတော့ ရှိနေရမယ်လို့ ကျနော်တို့ ယုံကြည်တယ် ၊ ဘယ်အကျိုးကိုဦးတည်တယ် ဆိုတာကျနော်တို့ သိချင် တယ် ၊ရှင်းပြ ပါ ဘာကြောင့်ပြု ပြင်လိုက်ရတယ်ဆိုတာ ကျနော်တို့အနေ နဲ့သိချင်တဲ့ စိတ်ဖြစ်မိတဲ့အတွက် ရှင်းပြပါလို့ကျနော်တို့တောင်းဆို ထားသော် လည်း ဒီနေ့ဒီအချိန်အထိမရှင်းပြဘူး ။ ဒါကြောင့်ကျနော်တို့က တင်ဒါစည်း မျဉ်းစည်းကမ်းဖောက်ဖျက်လိုက်တယ်လို့မြင်တယ် ” ဟု၎င်းကပြောသည် ။


ယင်းကိစ္စနှင့်ပတ်သက်၍ သျှမ်း ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက- “ ပြီးခဲ့တဲ့  ၂ နှစ် ၃ နှစ် ကအခြေအနေတွေကိုလေ့လာတယ် ၊ ငွေမသွင်း နိုင်တဲ့ ပြဿနာတွေ ခဏ ခဏ ဖြေရှင်းနေရတာတွေ့ရတယ် ။ ဒါကြောင့်နည်း စနစ် ဟောင်းတွေကိုပြုပြင်ပြောင်းလဲမယ် ။ ဘယ်သူမှမနစ် နာအောင် စည်းကမ်း ချက်လေးတွေအသစ်ချမှတ်မယ် ။ လေလံရတဲ့သူကို စည်းကမ်းသတ်မှတ် ချက်တွေ ခေါ်ပြီးညှိနှိုင်းတယ်သူ တို့လက်ခံရင်လုပ် မယ်။ လက်မခံရင် ကျနော် တို့အစိုးရအဖွဲ့ကပဲလုပ်မယ် ဆိုပြီးကျနော် ပြောခဲ့ဖူးပါတယ် ” ဟု  သျှမ်းသံတော်ဆင့်အား ပြောသည် ။


လေလံအောင်သည့် လုပ်ငန်းရှင်အကောင့် ထဲကို ၁၀ ရာခိုင်နှုန်းထည့်ကာ ယင်း ၁၀ ရာခိုင်နှုန်းထဲမှ ၆ ရာခိုင်နှုန်းအား ၀န်ဆောင်ခအနေနှင့် သုံးခွင့်ပေးထားပြီးကျန်သည့်  ၄ ရာခိုင်နှုန်း ထဲမှ ၂ ရာခိုင်နှုန်း စီကို အင်းလေးကန်အတွက် CSO အဖွဲ့အစည်းတွေ အရေးပေါ်သုံးနိုင်သည့် ငွေပမာ ဆယ်သိန်းထက်မကျော်လျှင် လွယ်လွယ်ကူကူ သုံးနိုင်ရန်သတ်မှတ် ပေးထားသည်။


၎င်းအပြင် အင်းလေးဒေ သ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း အတွက်အရေးပေါ်ငွေ လိုအပ်လာလျှင် ၂ ရာခိုင်နှုန်းချပေးထားကြောင်း ၊ လုပ်ငန်းရှင်မှ တင်ဒါဆွဲထားသည့် ပမာဏအတွက်အပြည့်သွင်းရန် တာဝန်ရှိ ပြီး ပိုလျှံပါက ၁၀၀ % လုပ်ငန်းရှင်ဖက်မှ အပြည့်အဝမပေးပဲ ၈၀ % သာအ ကျိုးခံစားခွင့် ပေးထားကာ ကျန်သည့် ၂၀% တွင် အင်းလေးဒေ သအတွက် ၁၀% အစိုးရ ရန်ပုံငွေ အတွက် ၁၀% ပေးဆောင်ရန် စည်းကမ်း ချမှန်ထားကြောင်း ၄င်းကဆက်လက် ရှင်းပြသည် ။


၂၀၀၁၇-၂၀၁၈ ခရီးသွားနှစ် အင်းလေးကန် နိုင်ငံခြားသားခရီးသွားများဝင်ခွင့် ကောက်ခံခွင့်ဈေးပြိုင် အိတ်ပိတ်တင်ဒါအား တစ်နိုင်ငံလုံးသိသာစေရန် သတင်းစာတွင်ကြော်ငြာခေါ်ယူခဲ့သည် ။


မတ်လ (၂၀) ရက်နေ့က သျှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်း၌ သျှမ်း ပြည်နယ် အစိုးရ အဖွဲ့ဘဏ္ဍာရေးဝန်ကြီး ၊ အင်းတိုင်းရင်းသား ရေးရာ ၀န်ကြီး ၊ လွှတ်တော် ကိုယ်စားလှယ်များ၊  တင်ဒါ ကော်မတီများ ၊ လေ့လာစောင့်ကြည့်သူများနှင့် တင်ဒါဆွဲသူလုပ်ငန်းရှင် (၁၁)ဦးတို့ တက်ရောက် ကာဈေးပြိုင် တင်တာ အိတ်ပိတ်များအားဖွင့်ဖောက် ကြေငြာခဲ့သည်။


ထိုသို့ ကြေငြာရာတွင် လုပ်ငန်း ရှင်တစ်ဦးမှ ကျပ် သုံးသောင်းကျော်ဖြင့် တင်ဒါအနိုင်ရ ရှိခဲ့ပြီးနောက် သတ်မှတ်ထားသောစည်းကမ်းကိုကျော်လွန်ကာ သျှမ်းပြည်နယ်အ စိုးရနှင့် တင်ဒါအောင်သူလုပ်ငန်း ရှင်မှ တင်ဒါ စည်းမျဉ်းစည်းကမ်းအားအသစ်ပြန်လည်ရေးဆွဲ၊ နေ့ချင်းကောက် နေ့ချင်းသွင်း စနစ် စာချုပ်အသစ်အား မတ်လ(၃၁) ရက်နေ့တွင် ချုပ်ဆိုကောက်ခံခွင့် ပြုလိုက်သည်ဟု Save The Inlay Lake  အဖွဲ့ကပြောသည် ။


ယခင်နှစ်က အင်းလေးကန် နိုင်ငံခြားသားခရီးသွားများဝင်ခွင့်  ကောက်ခံခွင့် လေလံကြမ်းခင်းဈေးမှာ သိန်းပေါင်းနှစ် သောင်းကျော်ရရှိပြီး ယခုနှစ်တွင် သိန်းပေါင်းသုံးသောင်းကျော် ရရှိကာယခင် နှစ် ကထက် သိန်းပေါင်း ရထောင်ကျော် ပိုမိုရရှိလာခဲ့သည့်အပေါ် ကြမ်းခင်း ဈေးအပြည့်မသွင်း နိုင်မှာ ကိုစိုးရိမ်မိကြောင်း အမည်မဖော်လိုသူလုပ် ငန်းရှင်အချို့က သုံးသပ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates