မိုင်းရှူးမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲတွင် ကျားခေါင်းပါတီမဲအရေ အတွက်ရှေ့ပြေးနေ
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ရှိ ၄၄ အုပ်စုတွင် ဧပြီလ ၂ ရက်နေ့မနက်ပိုင်းအထိ ရရှိထားသောမဲစာရင်း အရ ကျားခေါင်းပါတီ SNLD မှ ရှေ့ပြေးနေကြောင်း ကျားခေါင်းပါတီမှတာဝန်ရှိသူကပြောသည်။
ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ် ၂ နေရာမှာတော့ ကျားခေါင်းပါတီ အောင်နိုင် ဖို့ အလားလာ များနေပါပြီ။ လက်ရှိရထားတဲ့မဲစားရင်းအရပေါ့နော်။ ကျန်နေ တာ ၅ နေရာပေါ့။ လွယ်ဆိုင်က အဲန်အယ်ဒီအားကောင်း တယ်။ အဲတာ ကြောင့် စောင့်ကြည့် ရပါမယ်- ဟုကျားခေါင်းပါတီ ပြောခွင့်ရစိုင်းလိတ်က ပြောသည်။
ဧပြီလ ၂ ရက်နေ့မနက်ပိုင်းအထိ မိုင်းရှူးမြို့နယ် လွှတ်တော် ၃ နေရာစလုံး ရှေ့ပြေးနေကြောင်း၊ ကြိုတင်မဲနှင့် ၅ နေရာမှမဲစာရင်များလက်ရှိမဲစာရင်း ထက် မပိုပါက ကျားခေါင်းပါတီမှ အပြတ်အနိုင်ရဖွယ်ရှိနေကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သည့် သျှမ်းလူငယ်ကွန်ရက် မှ လူငယ် စိုင်းလွယ်ခမ်းပန်ကပြောပါသည်။
ကျိုင်းတုံမြို့တွင်မူ ကြံ့ခိုင်ရေးပါတီကမဲအရေအတွက်ရှေ့ပြေးဦးဆောင်အနိုင်ရ နေသော်လည်း ကျေးသီးမြို့တွင်မူ ကျားခေါင်းပါတီ အနိုင်ရရှိကြောင်း အခြားသော ပြိုင်ဘက်ပါတီများက လက်မှတ်ထိုး အသိအမှတ်ပြုပြီးဖြစ် ကြောင်း သိရှိရသည်။
Tags: News, politic




