ကျေးသီးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ကျားခေါင်းပါတီ အပြတ်အသတ်နိုင်
သျှမ်းပြည်တောင်ပိုင်း လွိုင်လင် ခရိုင် ကျေးသီးမြို့နယ်အတွင်း လစ်လပ် မဲဆန္ဒနယ် ၃ နေရာ အတွက် ယှဉ်ပြိုင်သည့် ပါတီကြီး ၄ ခု အနက် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီက အပြတ်အသတ် အနိုင်ရရှိသည်ဟု သိရသည်။
“ကျားခေါင်းပါတီ အနိုင်ရကြောင်း တခြားပါတီတွေလဲ လက်မှတ်ထိုးအသိအမှတ်ပြုလိုက်ပါပြီ” - ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ စိုင်းစောရွှေက ပြောသည်။
ကျေးသီးမြို့နယ်အတွင်း ပြည်သူ့လွှတ်တော်အမတ်နေရာတွင်ယှဉ်ပြိုင်ရာ - သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီက ၁၈၈၈၂ မဲ၊ ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီက SNDP ၇၃၆ မဲ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ၁၆၆၈ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ၃၂၃၅ မဲ အသီးသီးရရှိသည်။
ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်တွင် - ကျားခေါင်းပါတီက ၁၁၅၄၂ မဲ၊ ကျားဖြူပါတီ က ၃၃၅ မဲ ၊ NLD ပါတီ က ၆၅၂ မဲ ၊ USDP (ပြည်ခိုင်ဖြိုး) ပါတီက ၈၇၇ မဲ ရရှိကြသည်။
ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ် တွင် ကျားခေါင်းပါတီက ၇၈၃၂ မဲ ၊ ကျားဖြူပါတီ ၃၇၀ မဲ ၊ NLD ပါတီက ၄၅၆ မဲ ၊ USDP (ပြည်ခိုင်ဖြိုး) ပါတီက ၁၇၅၉ မဲ ၊ လားဟူအမျိုးသားတိုးတက်ရေးပါတီ ၁၄၁၉ မဲ အသီးသီးရရှိသည်။
“ကျနော့်အနေနဲ့တော့ ကျေးသီးမြို့နယ်အတွင်းကျင်းပတဲ့ ကျားဖြတ်ရွေးကောက်ပွဲက လူထုကိုယ်စားလှယ် တွေ ကို လာရောက်ရွေးချယ်ပေးတဲ့ ကျေးသီးမြို့နယ်အတွင်းနေ မဲဆန္ဒရှင် လူထုအားလုံးကို အထူးကို ဂုဏ်ယူတယ်။ ကျေးဇူးတင်ရှိပါတယ်” - ဟု ကျေးသီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ စိုင်းစောရွှေက ပြောပါတယ်။
ကျေးသီးမြို့နယ် အတွင်းတွင် မိုင်းနောင်မြို့ နယ်ခွဲပါဝင်ပြီး မဲဆန္ဒရှင် ၅၀၀၀၀ ကျော်ရှိသည့်အနက် ၇၅% နှုန်းထက်မနည်း မဲလာထည့်ကြသည်ဟု သိရပါသည်။
အဆိုပါဒေသများသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက ရွေးကောက်ပွဲ ကျင်းပခွင့်မရရှိခဲ့ကြပေ။
Tags: News, politic




