ဒေါ်အောင်ဆန်းစုကြည်အစိုးရ က စစ်အစိုးရအာဏာလွှမ်းမိုးမှုအောက်မကျော်လွှားနိုင်သေးဟုတိုင်းရင်းသားတော်လှန်ရေးထိပ်သီးအစည်းဝေး၌ ဗိုလ်ချုပ်ကြီးယွတ်စစ်ဝေဖန်
ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ယနေ့စတင်ကျင်းပသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်အစည်းဝေးတွင် သဘာပတိဖြစ်သူဗိုလ်ချုပ်ကြီးယွတ်စစ်က ‘လက်တွေ့မှာကခေတ်အဆက်အဆက် ကြီးစိုးလာတဲ့ စစ်အစိုးရကဘဲအာဏာကိုချုပ်ကိုင်ထားတာတွေ့ရ’ ဟုအဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။
ဧပြီ ၈ ရက်နေ့ မှ ၉ ရက်နေ့အထိကျင်းပသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်အစည်းဝေးသဘာပတိ ၂ ဦးတွင် KIO/KIA ဒုဥက္ကဌဗိုလ်ချုပ်ကြီးအန်ဘန်းလ က - ‘ပင်လုံစာချုပ် ၊ ပင်လုံကတိကဝတ်၊ ၂၁
RCSS/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီးယွက်စစ်ကမူ-“လက်ရှိကျနော်တို့နိုင်ငံကလူထုရွေးကောက်တင်မြောက်ထားတဲ့ အစိုးရဖြစ်တဲ့ အတွက် နိုင်ငံတကာအနေနဲ့ ကြည့်ရင် အရပ်သားအစိုးရလို့ဘဲမြင်မယ်။ လက်တွေ့မှာကခေတ်အဆက်အဆက် ကြီးစိုးလာတဲ့ စစ်အစိုးရကဘဲအာဏာကိုချုပ်ကိုင်ထားတာတွေ့ရတယ်။ ပြောရမယ်ဆိုရင် လက်ရှိအခြေအနေကအစိုးရနှစ်ခုပုံစံမြင်နေတယ် ကျနော်တို့တိုင်းပြည်က” - ဟုပြောသည်။
သည့်အတွက် စစ်အစိုးရနှင့် လူထုအစိုးရ - မည်သူနှင့်ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း၊ တော်လှန် ရေးအဖွဲ့ အစည်းများ၏ လိုအပ်ချက်ကကွာခြားမည်မဟုတ်တောင်း၊ ….. နိုင်ငံရေးဖြင့် ဆွေးနွေးလိုလျှင် NCA လမ်းကြောင်းကအသင့်တော်ဆုံးဖြစ်ကြောင်း ..စသည့် အကြောင်းအရာများအားဗိုလ်ချုပ်ကြီးယွက်စစ်ကပြောကြားသည်။
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များအစည်းဝေးတွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ လက်မရေးထိုးထားသည့် UNFC အဖွဲ့ဝင်များစုစုပေါင်း ၁၅ ဖွဲ့တက်ရောက်ခဲ့သည်။
ဆွေးနွေးမည့်ခေါင်းစဉ်များမှာမူ - မိုင်ဂျာယန်ဆုံးဖြတ်ချက်နှင့်အညီရေးသားပြုစုခဲ့သောစာတမ်းများတင်သွင်းခြင်း၊ ဆွေးနွေးအတည်ပြုခြင်း၊ ပင်လုံလက်စွဲဆိုင်ရာပင်လုံဂတိကဝတ် နှင့် ပင်လုံစိတ်ဓါတ် အဓိပ္ပာယ်၊ ဒီမိုကရေစီ-ဖက်ဒရယ်စရနစ် အားအခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးလမ်းညွှန် များ၊ အခြေခံမူများ၊ အမျိုးသားကာကွယ်ရေးဆိုင်ရာမူများအပြင် နိုင်ငံရေးဆွေးနွေးမှုမူဘောင်၊ စောင့်ကြည့်ရေး၊ လုံခြုံရေးကဏ္ဌဆိုင်ရင် ကိစ္စရပ်များ၊ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတက်ရေးဆိုင်ရာများဆွေးနွေးကြမည်ဟုသိရသည်။
အဆိုပါ အစည်းအဝေးသို့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်သည့် တအာင်း (ပလောင်) TNLA ၊ ကိုးကန့် MNDAA ၊ ရခိုင် AA၊ ၀ UWSA ၊ မိုင်း NDAA တို့ တက်ရောက်ခြင်းမရှိပေ။
ယခုကျင်းပသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်အစည်းဝေးသည် ယခင်ကကချင်လွတ်လပ်ရေးတပ်ဖွဲ့နယ်မြေမိုင်ဂျာယန် တွင်လည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံး ၏ လွတ်မြောက်နယ်မြေလော်ခီးလာတို့တွင်လည်းကောင်းကျင်းပသည်။
Tags: News, politic


