မိုင်းရှူးမြို့တွင်းလည်း ကျားခေါင်းပါတီ အနိုင်ရရှိ



သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့ တွင် ယှဉ်ပြိုင်ကြသည့် ပါတီများ အနက် ကျားခေါင်း ပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိပါသည်။


“သေခြာသွားပြီ၊ ကျားခေါင်းပါတီက အနိုင်ရပါတယ်။ အသီးသီးရရှိတဲ့ မဲအရေတွက်ကို ၃ နာရီ ကျော်ကျော်တုန်းက သဘောတူလက်မှတ်ထိုးကြပြီးပြီ” - ဟု မိုင်းရှူးမြို့၌ ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာသည့် သျှမ်းလူငယ်များကွန်ရက်မှ စိုင်းလွယ်ခမ်းပန်က ပြောသည်။
ယှဉ်ပြိုင်သည့်ပြည်သူ့လွှတ်တော်တွင် ကျားခေါင်းပါတီက - ၁၀၂၁၆ မဲ၊ ကျားဖြူပါတီက ၈၆၄ မဲ၊ NLD ပါတီက ၃၁၉၀ မဲ၊ ပြည်ခိုင်ဖြိုး USDP က ၃၄၈၄ မဲ ရရှိ၏။


ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် ကျားခေါင်းပါတီက ၄၇၆၄ မဲ၊ ကျားဖြူပါတီက ၅၇၆ မဲ၊ NLD က ၂၈၁၇ မဲ၊ ၀ ပါတီက ၈၁ မဲ အသီးသီးရရှိပြီး  USDP က ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပါ။


ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင်မူ ကျားခေါင်းပါတီက ၅၇၅၃ မဲ၊ ကျားဖြူပါတီက ၅၀၂မဲ၊ NLD က ၆၈၅ မဲ၊ ၀ ပါတီက ၁၀၇ မဲ ၊ USDP က ၁၅၅၈ မဲ ရရှိသည်။


မိုင်းရှူးမြို့နယ် ၊ မိုင်းစံမြို့နယ်ခွဲ အပါအဝင် မဲပေးပိုင်ခွင့်ရှိသူ ၅၀၀၀၀ ကျော်ရှိသော်လည်း ဆန္ဒမဲ လာရောက် ပေးအပ်သူ ၅၀% ခန့်သာရှိကြောင်း စောင့်ကြည့်လေ့လာသူများကပြောသည်။


မိုင်းရှူးမြို့နယ် နှင့် ကျေးသီး မြို့နယ်တို့သည် ၂၀၁၅ ရွေးကောက်ပွဲ က ဒေသအတွင်း တည်ငြိမ်မှုမရှိ သော ကြောင့် ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲကျင်းပရန် ပိတ်ပင်လိုက်သောကြောင့် ဒေသခံများ မဲပေးခွင့်လှစ်ဟင်းခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates