မိုင်းရှူးတွင် SNLD ကျားခေါင်းပါတီ ဦးဆောင်နေ



ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမဲဆန္ဒနယ်တွင် မဲရုံအလိုက် ကနဦး ရေတွက်ထားသည့် ရလဒ်အရ SNLD ကျားခေါင်းပါတီမှာ ဦးဆောင်နေကြောင်း သိရသည်။

ဓါတ်ပုံ-၄ မိုင်မှ ၁၈ မိုင် ကွာဝေးသည့် မဲရုံများသို့ မဲလာပေးခဲ့သည့် မော်မေ့ ၊ ၀မ့်လွယ် ၊ ကွန်ကျောင်း(နောင်အဲပ်) ဒေသခံများအား တွေ့ရစဉ် ( Photo Credit to Hsao Tai Mong Hsu)
မဲဆန္ဒရှင် ဦးရေ စုစုပေါင်း ၃၀၀၀ နီးပါး စာရင်းပေါက်ထားသည့် ပန်စွဲကျေးရွာ မဲရုံ ၃ ရုံတွင် ကျားခေါင်းပါတီမှာ အပြတ်အသတ် အနိုင်ရခဲ့သည်ဟု မဲရေတွက်မှုကို စောင့်ကြည့်နေသည့် သျှန်ပိုင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ စိုင်းဇင်က ညနေ ၆ နာရီအချိန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မဲဆန္ဒရှင် ရ၀၀ ကျော်ရှိသည့် အမှတ် ၃ မဲရုံတွင်လည်း ညနေ ၆ နာရီအထိ ရေတွက်မှုများအရ ကျားခေါင်း ပါတီမှာ ဦးဆောင်နေသည်ဟု မဲရေတွက်မှုများကို နားထောင်စောင့်ကြည့်နေသည့် သျှမ်းစာပေယဉ်ကျေးမှု အသင်းဥက္ကဌ စိုင်းစိန်မြင့်ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မဲရုံရွှေ့ပြောင်းမှုကြောင့် ဒေသခံ ၄၀၀၀ နီးပါး မဲပေးရန် အခက်ကြုံရဖွယ် အခြေနေကြုံတွေ့ခဲ့သော်လည်း ကော်မရှင်မှ ထော်လဂျီ အချို့ စီစဉ်ပေးခြင်းအပါဝင် မိမိတို့ကိုယ်တိုင် ဆိုင်ကယ် ကားစသည့် အစီစဉ်များ စီစဉ်၍ မော်မေ့ ၊ ၀မ့်လွယ် ၊ ကွန်ကျောင်း(နောင်အဲပ်) ဒေသခံ အမြောက်အများ ၄ မိုင်မှ ၁၈ မိုင် ကွာဝေးသည့် မဲရုံများသို့ မဲလာပေးခဲ့သည်ဟုလည်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates