မူးယစ်ဆေးကာလတန်ဖိုး ကျပ်သိန်း တသောင်းကျော် လွိုင်လင်တွင်ဖမ်းမိ



သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် လွိုင်လင် - နမ့်စန် သွား ကားလမ်း ပန်ခေါက်ဝိုး ဘုန်းကြီးကျောင်းရှေ့၌  ပန်းရောင် စိတ်ကြွဆေးပြား နှင့် အိုက်စ် အဖြူရောင်ပုံဆောင်ခဲ ကာလတန်ဖိုး ကျပ်သိန်း  ၁၂၀၀၀ ကျော်ကိုဖမ်း ဆီးရမိကြောင်း တာဝန်ရှိသူကပြော သည်။


 အဆိုပါ ပန်းရောင်စိတ်ကြွဆေးပြား  ၂၇၈၀၀၀  ပြား နှင့် အိုက်စ်ဟုယူဆရသည့် အဖြူရောင်ပုံဆောင်ခဲ  ၄၀  ကီလိုခန့်ကို မေလ ၁၅ ရက် ညနေပိုင်း က ဖမ်းဆီးရမိ ကြောင်း ပြောသည်။


“ကျနော်တို့ ခုလောလောလောဆယ် သိထားတာက တရားခံ ထန်ရှောက်ရန်း (ခ) ကျော်ဝေ ဟာ သျှမ်းမြောက် ကွက်ခိုင်ဘက်က ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့ မှာနေတယ် လို့ သူထွက်ဆိုထားတယ်၊ သျှမ်းမြောက် သိန္နီ ဘက်ကနေလာပြီး နမ့်စန် ကိုသွားပို့ မယ် ပြောတယ်” ဟု အမှုကို စစ်ဆေးသူ လွိုင်လင်မြို့မ ရဲစခန်း ဒုရဲအုပ် လင်းလင်းထွန်းက သျှမ်းသံတော်ဆင့် ကိုပြောသည်။


ပန်းရောင်စိတ်ကြွဆေးပြား (၂၇၈ ၀၀၀) ပြား ကာလတန်ဖိုး ကျပ်သိန်း ၂၇၈၀ ကျပ် နှင့် အိုက်စ်ဟု ယူဆရသည့် အဖြူရောင်ပုံဆောင်ခဲ (၄၀) ကီလို ခန့် ကာလတန်ဖိုး ကျပ်သိန်း ( ၁၀၀၀၀) ခန့် စုစုပေါင်း ကာလ တန်ဖိုး (၁၂၇၈၀) ကျပ် ခန့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။


အသက် ၂၅ နှစ်ခန့်ရှိသော ထန်ရှောက်ရှန်း (ခ) ကျော်ဝေ သည် ကိုးကန့်လူမျိုးဖြစ်ပြီး   ၄င်းအား လွိုင်လင်မြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေ ပုဒ်မ - ၁၅/၁၉(က)/၂၀(က)/၂၁  ဖြင့်အမှုဖွင့်ကာ ရမန်စစ်ဆေးနေကြောင်း ဒုရဲအုပ် လင်းလင်းထွန်း ကပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates