မြောက်ပိုင်း ၇ ဖွဲ့ညီလာခံ ဖွင့်ပွဲတက်မည်



၂၁ ရာစု ပင်လုံညီလာခံရဲ့ ဒုတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲနဲ့ ညစာ စားပွဲ တက်ရောက်ဖို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ၇  ဖွဲ့က ကိုယ်စားလှယ်တွေဟာ ဒီကနေ့နေလည်ပိုင်းမှာ နေပြည်တော်ကို အထူးလေယာဉ် နဲ့ရောက်ရှိမယ်လို့ငြိမ်းချမ်းရေး အကျိုးဆောင်များက ပြောပါတယ်။

 မေလ ၂၃ ရက် မွန်းလွဲက ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည့် တိုင်းရင်းသားခေါင်းဆောင်တချို့အားတွေ့ရစဉ်
မေလ ၂၃ ရက် နေ့ခင်း ၁ နာရီခန့်က တိုင်းရင်းသားခေါင်းဆောင်တချို့စီးနင်းလာတဲ့ လေယာဉ် ဆင်းသက်ပြီဖြစ်ကြောင်းလည်း သိရပါတယ်။
တရုတ်မြန်မာနယ်စပ် အရေးလေ့လာသူ တဦးကတော့ ဝ အပါအဝင်ကိုယ်စားလှယ် တွေ အနေ ယမန်နေ့ကတည်းက ကူမင်းမှာစောင့်ဆိုင်းနေခဲ့  တယ် -လို့ သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။


မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ရ ဖွဲ့ရဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီက အဖွဲ့အသီးသီးရဲ့ ဒုဥက္ကဌအဆင့် ကိုယ်စားလှယ် ၆၀ ခန့်တက်ရောက်မှာဖြစ်ပါတယ်။


NDAA-ESS မိုင်းလားအဖွဲ့က ဦးကြည်မြင့်  ဦးထိန်လင်း ၊ SSPP/SSA  က ဒုဥကဌ  ၂  စဝ်ခွန်ဆိုင်၊ TNLA က ဒုဥက္ကဌ ၁ ဗိုလ်မှူးချုပ် တာ့ဂျုတ်ဂျားနှင့် ဒု ဥက္ကဌ ၂ ဗိုလ်မှူးတာ့ပန်းလှ တို့ပါဝင်ကြောင်း သိရပါတယ်။


၂၁ ရာစု ပင်လုံညီလာခံရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်တွင်ကျင်းပမှာဖြစ်ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates