ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ဖြန်တွေ့ဆုံမည်
၂၁ ပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်လာသည့် မြောက်ပိုင်းအဖွဲ့နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ဖြန် (မတ်လ ၂၆ ရက်) တွေ့ဆုံမည်ဟု ၀ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSA) ၏ ပြင်ပဆက် ဆံရေဆက်သွယ်ရေးဌာနကြီးမှုး ဦးကျောက်ကော်အမ်းက မေလ (၂၅) ရက်က မီဒီယာများကို ပြောကြားသည် ။
" ကျနော်တို့တော့ ဆွေးနွေးတာ မရှိဘူး။ ရင်းနှီးခင်မင်မှု အရ ကြိုတင်ထိတွေ့တဲ့ သဘောပဲရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနက်ဖြန်တွေ့ဖို့ရှိတယ်။ ကျနော်တို့ ကတော့ငြိမ်းချမ်းရေးကို NCA ကိုပြုပြင်ထားတဲ့ လမ်းကြောင်းပေါ်ကပဲ သွားမယ် ။ အခုလောလောဆယ်တော့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းဟာ အခက်အ ခဲရှိနေဆဲဖြစ်တယ်" ဟု ၄င်းကဆိုသည် ။
![]() |
| ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမရက်တွင်တွေ့ရသော မြောက်ပိုင်းမဟာမိတ်အဖွဲ့မှကိုယ်စားလှယ် တချို့ |
၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ UWSP မှ ဒုတိယအထွေထွေအတွင်းရေးမှူး ချုပ် ဦးပေါက်ယူရိ ဦးဆောင်သည့် ရ ဦးအဖွဲ့၊ KIO မှ ဒုဥက္ကဋ္ဌ ဦးအင်ဘန်လဦး ဆောင်သည့် ၆ ဦးအဖွဲ့၊AA မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်း အောင် ဦးဆောင် သည့် ၂ ဦးအဖွဲ့၊ TNLA မှ ဗိုလ်မှူးချုပ်တာဂျုတ်ဂျားဦးဆောင်သည့် ၃ ဦးအဖွဲ့၊ MNDAA မှ ဒုတိယစစ်ဦးစီးချုပ်ရန်ဝမ်ဂျောင်ဦးဆောင်သည့် ၃ ဦးအဖွဲ့၊ SSPP/SSA ဒုတိယမှူး ကြီး စိုင်းဘထွန်းဦးဆောင် သည့် ၂ ဦးအဖွဲ့ နှင့် NDAA မှ ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးဆန်းပေ နှင့် ဦးဆန်လူ တို့ဦးဆောင်သည့် အဖွဲ့ စုစု ပေါင်းကိုယ်စားလှယ် ၂၅ ဦးက မေလ ၂၃ ရက် နေ့လည် ၃ နာရီခန့်က တရုတ်နိုင်ငံ ကူမင်းမြို့မှ မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက် ရှိလာပြီး မေလ ၂၄ ရက် နံနက်တွင် ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ အစိုးရဖိတ်ကြားမှု နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုတို့ကြောင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA လမ်းကြောင်း အတိုင်း လက်ခံခြင်းမရှိ၍ အပစ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခြားလမ်းကြောင်းဖြင့် လုပ်ဆောင် ရန် အစိုးရအား တောင်းဆိုခဲ့ သည့်အဖွဲ့လည်း ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့များသည် မြန်မာပြည် မြောက်ပိုင်းအတွင်းရှိ တိုင်းရင်းသား တော် လှန်ရေး လက်နက် ကိုင်အဖွဲ့များဖြစ်ကြသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA၊ မိုင်းလားအဖွဲ့ NDAA ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP – SSA၊တအောင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် TNLA ၊ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ ရခိုင့်တပ်မတော် AA တို့ ဖြစ်ပြီး စုစုပေါင်း ရ ဖွဲ့ဖြင့် စုပေါင်း ထားသည်။
Tags: News, politic


