ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် မီဒီယာအခန်းကဏ္ဍ ဆွေးနွေးပွဲ တောင်ကြီးမြို့ မှာ ကျင်းပ



ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် မီဒီယာ အခန်းကဏ္ဍ ခေါင်းစဉ်နဲ့ သျှမ်းသံတော်ဆင့် သ တင်းဂျာနယ် မှ ဦးဆောင်ပြီး သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ဆွေးနွေးပွဲ တရပ်ပြုလုပ်ခဲ့ပါတယ်။


ဂျွန် ၂၀ ရက် ၂၀၁၇ ခု တောင်ကြီးမြို့မှာ ကျင်းပတဲ့ အဆိုပါဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်အကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်နယ်အစိုးရ ပါဝင်ခွင့် အခန်းကဏ္ဍ ၊ တိုင်းရင်းသားမီဒီယာ ရင်ဆိုင်ရတဲ့ ပြသနာ၊ ဒီမိုကရေစီ နှင့် သတင်းမီးဒီယာ လွတ်လပ်ခွင့် စတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးကြပါတယ်။


ကျနော် တို့ အခု လုပ်တာက ကျနော်တို့  တွေ ဘယ်လိုလက်တွဲနေထိုင်လဲ၊ ငြိမ်းချမ်းရေး အစစ်အမှန်ရဖို့၊ ဖြစ်နေတဲ့ ပြသနာတွေကို ကျနော်တို့ မီဒီယာ တွေ အနေနဲ့ ဘယ်လိုဝိုင်းဝန်းဖြေလျှော့ပေးမလဲ၊ ဒီရည်ရွယ်ချက်နဲ့ လုပ်ရတာပါ - လို့ သျှမ်းသံတော်ဆင့် အယ်ဒီတာ စိုင်းမိဏ်းက ပြောပါတယ်။


အဲဒီဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေကတော့ ကျားဖြူပါတီက မိုင်းပန်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းနောင့် ၊ သျှဲန်ပိုင်းဂျာနယ်မှာ အယ်ဒီတာ စိုင်းဇင် ၊ သျှမ်းသံတော်ဆင့်မှ စိုင်းအောင်လှ ၊ နန်းဆိုင်ဖူး နှင့် ကျားခေါင်းပါတီမှ စိုင်းကျော်ညွှန့်တို့ ဖြစ်ပါတယ်။


ဆွေးနွေးပွဲ တက်ရောက်တဲ့ အဖွဲ့အစည်းတွေကတော့ - တောင်ကြီး သျှမ်းစာပေယဉ် ကျေးမှု ၊ သျှမ်းတိုင်း ရင်းသား ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)  ကျားခေါင်းပါတီ၊ (EPRP) တိုင်းရင်းသားငြိမ်းချမ်းရေးအရင်းအမြစ် စီမံချက်၊ We Are Tai ၊ (T.Y. O)  ရှမ်းလူငယ်များအဖွဲ့၊ (N R C) တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း ၊ (S .S. W. D. O ) သျှမ်းပြည်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ နဲ့  ရိုးမအသံဂျာနယ် စုစုပေါင်း ၃၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ပါတယ်။


ဆွေးနွေးပွဲဖြစ်မြောက်ဖို့ Burma News International ၊ EU  နဲ့ UNESCO တို့ မှ ကမကထပြုတာဖြစ်ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates