မိုင်းကိုင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လုံးစိုင်းလုံ ဓါတ်ဆီဆိုင် မီးလောင်၊ ကျပ်ငွေသိန်း ၂၀ နီးပါး ဆရာတော်များ ပေးကမ်းထောက်ပံ့
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်ရှိ သံယာတော်များ စုပေါင်းပြီး မိုင်းကိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံ အား ကိုယ်ကျိုးစွန့်လူထုအကျိုးပြုပုဂ္ဂိုလ်ဖြစ်သည့်အားလျှော်စွာ ဓါတ်ဆီဆိုင်မီးလောင်မှု ကြောင့် မိုင်းကိုင်မြို့နယ်အတွင်း ဆရာတော်များက ငွေသား ကျပ်ငွေ ၂၀ သိန်းနီးပါး ပေးကမ်းထောက်ပံ့သည်ဟုသိရပါသည်။
“ဦးစိုင်းလုံ ကို ကူညီရတဲ့ ရည်ရွယ်ချက်က သူဟာ မိုင်းကိုင်မှာ လူမှုရေး လှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ကိုယ်ကျိုးစွန့်တယ်၊ အများအကျိုးအတွက်အနစ်နာခံတယ်၊ လူထုအရေးအတွက် မနားမနေ ကူညီဆောင် ရွက်တယ်တဲ့သူတစ်ယောက်ဖြစ်လို့ သူ့ကို ဂုဏ်ပြု ကူညီရတာဖြစ်တယ်။ ပြီးတော့ စာပြန်ပွဲမှာလည်း ဥက္ကဌ တာဝန်ယူထားတယ် သူ့ဘက်ကတော့ ဒီငွေသားတွေကို လက်မခံချင်ဘူး ဘုန်းဘုန်းတို့ဘက် ပေးစွန့်လို့ လက်ခံလိုက်တာ” ဟု မိုင်းကိုင်မြို့ ကျောင်ဟောင်ကျောင်းတိုက် (မွေတော်ကျောင်း) ဆရာတော် ဇောဇေယျ က မိန့်တော်မူသည်။
ဂျွန်လ ၈ ရက် ၂၀၁၇ ခုနှစ်က မိုင်းကိုင်မြို့ အဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ဦး) လုံးစိုင်းလုံ ပိုင်ဆိုင်သည့် ဓါတ်ဆီဆိုင် ၀ါယာရှော့ဖြစ်ပြီး မီးလောက်ကျွမ်းသွားကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဓါတ်ဆီ နှင့် ဓါတ်ဆီဆိုင်တွင်းပစ္စည်းများ ကာလတန်ဖိုး ကျပ်ငွေ သိန်း ၁၀၀ ကျော် ဆုံးရှုံးသွားကြောင်းကြားသိရသည်။
“အဲဒီအချိန်တုန်းက ကျနော့်ဓါတ်ဆီဆိုင်မီးလောက်ခံရလို့ စိတ်ဓါတ်အရမ်းကျနေတဲ့ချိန်မှာ မိုင်းကိုင် ဆရာတော်ဘုရားများက ကျပ် ၁၈ သိန်း ထောက်ပံ့တယ်၊ ထိုနည်းတူဘဲ ဒေသခံတွေလည်း လာအားပေး လာကူညီကြတယ်၊ ဌာဆိုင်ရာတွေအပါ အဝင်ပါ ” - ဟု ဦးစိုင်းလုံ ကပြောသည်။
လုံးစိုင်းလုံသည် ကိုယ်စားလှယ်မဖြစ်ခင်ကတည်းက လူထု အတွက် မနားမနေလုပ်ဆောင်ကြောင်း၊ မြို့တွင်းမီးလင်းရေး၊ နန်းအူးပျိန်ဝတ္တကကုန်းမြေမီးလင်းရေး၊ မိုင်းကိုင်ကျောက်မီးသွေးတူးဖေါ်မှု ကန့်ကွက်ရေး၊ မိုင်းကိုင်ကြိုးတံတားတည်ဆောက်ရေး တို့တွင် တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့သည့်ပုဂ္ဂိုလ်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသည့်နောက်ပိုင်းတွင်လည်း လူထုအရေး လူထုဆန္ဒဖြစ်မြောက်ရေးအတွက် လွှတ်တော်အတွင်း ကြိုးပမ်းဆောင်ရွက်နေသည့် ပုဂ္ဂိုလ်ဖြစ်သည်။
Tags: General, News


