အကြိမ် ၉၀ မြောက် ထိုင်း-မြန်မာနယ်ခြားကော်မတီ အစည်းအဝေး အာဆီယံသစ်တောပူးပေါင်းထိန်းသိမ်းဖို့ သဘောတူ



မြို့နယ်အဆင့် ထိုင်း - မြန်မာနယ်ခြားကော်မတီ TBC ၏ အကြိမ် ၉၀ မြောက်အစည်းအဝေးကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် တွင် ကျင်းပခဲ့ပါသည်။


သြဂတ်စ်လ ၉ ရက်နေ့က မယ်ဆိုင်မြို့နယ် မယ့်ခုန်ဒေလ်တာ ပူးတစ်ဟိုတယ်တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးဖြစ်မြောက်ရေး အတွက် ထိုင်းအာဏာပိုင်များဘက်မှ ကမကထ ပြုခဲ့ကြောင်း ထိုင်းသတင်း စာမျက်နှာတွင်ဖော်ပြထားသည်။


ဒီတခေါက်ဆွေးနွေးတာက ခေါင်းစဉ်အများကြီးဘဲ ။ အဓိက ကတော့ တောမီးမရှို့ဖို့၊ ပျက်သုန်းနေတဲ့ အာဆီယံတော ကို ပြန်လည်ထိန်းသိမ်းဖို့၊ သစ်ပင်တွေ စုပေါင်း ဆိုက်ဖို့ သဘောတူကြတယ်။ အရင် တခေါက် တုန်းကလဲ နှစ်နိုင်ငံစလုံး သစ်ပင် စုပေါင်း စိုက်ပျိုးကြတယ်လေ - ဟု မယ်ဆိုင်မြို့နေ ထိုင်းအရာရှိတဦးက ပြောသည်။


အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဘက်မှ ခမရ ၅၂၆ မှတပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး အောင်တင်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ထိုင်းဘက်ကမူ ထိုင်း- မြန်မာနယ်စပ်ကော်မတီ ဥက္ကဌ ဒုဗိုလ်မှူးကြီး ကစ်တာကွန်း ကျန်ထရာ ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့တို့ တက်ရောက်သည်။


အဆိုပါတွေ့ဆုံပွဲတွင် ချင်းမိုင်ခရိုင် ချင်းဒေါဝ်မြို့နယ် နောင်အုတ် နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့အကြား ကျူဖာဝေါက် တွင် တလတကြိမ် နယ်စပ်ဈေး (ကတ်နတ်) ဖွင့်လှစ်ရေး၊ သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့ သို့ သွားရောက်အလုပ်လုပ်ကိုင်သည့် ထိုင်းနိုင်ငံသားတဦးအား သွား ရောက်ရှာဖွေခွင့်ရရှိရေး၊ ထိုင်းနိုင်ငံ ချင်းဒေါဝ်မြို့အတွင်း လူသတ်မှုကျူးလွန်ကာ သျှမ်းပြည်ဘက်ခြမ်း မိုင်းတုံမြို့နယ်ဘက်သို့ တိမ်းရှောင်သွားသည့် လူသတ်တရားခံအား သွားရောက်ရှာဖွေခွင့်ရရှိရေးတို့အတွက် ထိုင်းဖက်မှ ဆွေးနွေးခဲ့ကြောင်း မယ့်ဆိုင်နယူးစ်သတင်းတွင်ဖော်ပြထားသည်။


ထို့အပြင် ထိုင်းနိုင်ငံက အလိုရှိနေသည့် လူသတ်တရားခံထိုင်း အမျိုးသမီး ၃ ဦးအား မြန်မာအာဏာပိုင်တို့ဘက် လက်တွဲဖမ်းဆီးပေးမှုတို့အပေါ် ကျေးဇူးတင်ကြောင်း ထိုင်းဘက်မှ ပြောဆိုခဲ့ပြီး တောတောင်ရေမြေစိမ်း လန်းစိုပြေ ရေး အာဆီယံသစ်ပင် သစ်တောစိုက်ပျိုးထိန်းသိမ်းမှု ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြသည်။


ဓါတ်ပုံ- Maesai news




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates