ကျောက်မဲခရိုင်ကျားခေါင်းပါတီ နောက်ဆုံးစည်းရုံးရေး ခွန်ထွန်းဦး ကိုယ်တိုင်တက်ရောက်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD နောက်ဆုံးမဲဆွယ် စည်းရုံးရေး အခမ်းအနားကို ပါတီဥက္ကဋ္ဌကြီး ခွန်ထွန်းဦး ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရှိရသည် ။
“ နောက်ဆုံးမဲဆွယ်စည်းရုံးရေး အခမ်းအနားကိုတော့ ကျားငါးကောင်ဆေးတိုက် ဝန်းထဲမှာ လုပ်တယ် ။ ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး ၊ အတွင်းရေးမှူး စိုင်းနွတ် ၊ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်တို့ တက်ရောက်တယ် ။ နောက် ကျောက်မဲ ၊ နောင်ချို ၊ သီပေါ၊ နမ္မတူက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း ဖိတ်ထားတယ် ။ ၈၈ ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီးလည်း တက်ရောက်တယ် ။ ပြည်သူကတော့ ၃၀၀၀ လောက် တက်ရောက်ပါတယ် ”… ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းသန်းမောင် က ပြောသည် ။
နိုဝင်ဘာလ ၆ ရက် နံနက် ၈ နာရီက ပါဝင်သူလူထုက ကျားခေါင်းပါတီရုံးတွင် စုဝေးပြီး ကျောက်မဲမြို့အတွင်း ကားအစီးပေါင်း ၆၀ နှင့် ဆိုင်ကယ်တချို့ဖြင့် လှည့်လည်မည်ဖြစ်ကြောင်း ၊ နံနက် ၉ နာရီတွင် ဆင်ငါးကောင်ဆေး တိုက်ဝန်း ထဲတွင် အခမ်းအနားကျင်းပ ခဲ့ပါသည် ။
“ ကျောက်မဲမြို့ထဲက သျှမ်းလူမျိုးအပြင် တခြားတိုင်းရင်းသားလူမျိုးတို့လည်း ကျားခေါင်းပါတီကို အားပေးပါတယ် ။ ခွပ်ဒေါင်း ပါတီလည်း ကျားခေါင်းပါတီကို ပြိုင်ဖက်လို့ သဘောမထားဘူး ။ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးတာလည်း မတွေ့ရ ဘူး။ ကျားခေါင်းပါတီကို ရှေ့တန်းတင်ကြပါတယ် ။ ဒါကြောင့် အောင်နိုင်မယ်လို့ ယုံကြည်ပါတယ် ”ဟု စိုင်းသန်းမောင် က ပြောပါသည် ။
အောက်တိုဘာလ ၂၀ ရက်နေ့ ကျောက်မဲမြို့နယ် တောင်နောက်ကျေးရွာတွင် လည်း ကျားခေါင်းပါတီက ထိုသို့သော စည်းရုံးရေးမျိုး ပြုလုပ်ရာ ပြည်သူလူထု ၃၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ဆိုပါသည် ။
Tags: News, politic