ဝ တိုင်းရင်းသားများ မဲဖြင့် မိုင်းတုံတွင် NLD အနိုင်ရ
သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် ၀ တိုင်းရင်းသားများ၏ ဆန္ဒမဲဖြင့်သာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူ့လွှတ်တော် (၁) နေရာ ၊ ပြည်နယ် လွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည် ။
မိုင်းတုံ ကျားခေါင်းပါတီမှ စည်းရုံးရေးဆင်းစဉ်က မဲပေးလေ့ကျင့်နေသော ၀ တပ်သားတဦး |
စိုင်းဝင်းမြတ်ဦးသည် ကျားခေါင်းပါတီမှ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန်ဒနယ်အမှတ် ၁ တွင်ယှဉ်ပြိုင်ရာ ၂၀၈၃ မဲရရှိပြီး NLD မှ ဦးဆန်းဝင်းအောင်ခေါ် ဦးအောင်အောင်က ၆၁၆၆ မဲရရှိခဲ့သည် ။
တောင်ပိုင်း ၀ ခေါ် ပုံပါကျင် နားကောင်းမူးဒေသသို့ ရောက်ရှိအခြေချနေထိုင်သည့် UWSA တောင်ပိုင်း ၀ တပ်သည် အစိုးရက တောင်းဆိုညွန်ကြားသော နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်သဖြင့် တပ်မတော်နှင့် ၀ တပ်ဖွဲ့အကြားတင်းမာမှုဖြစ်ပွါးခဲ့ရာ ၂၀၁၀ ရွေးကောက်ပွဲက မဲပေးခွင့် မရခဲ့ကြပေ ။
Tags: Election, News