တောင်ကြီးမြို့တော်လူထု SNLD ပါတီလိုဂိုနှင့် ရင်းနှီးအောင် စီတန်းလှည့် လည်မဲဆွယ်



သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) က တောင်ကြီး မြို့ပေါ် ၌ ပထမဆုံးအကြိမ် အဖြစ် လှည့်လည်မဲဆွယ် စည်းရုံးရေး ပြုလုပ် ပြီး ပါတီလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည် ။

တောင်ကြီးမြို့တွင်း ကျားခေါင်းပါတီ လှည့်လည်စည်းရုံးရေးခရီးစဉ်

တောင်ကြီးမြို့နယ် အတွင်းရှိ ကျားခေါင်းပါတီဝင် ဓနု ၊ ပအိုဝ်း ၊ အင်းသား ၊ သျှမ်းတိုင်းရင်းသား အင်အားငါးရာကျော် ခန့်မှာ ကား ၄၅ စင်း ၊ ဆိုင်ကယ် ၅၀ ၀န်းကျင်ခန့်ဖြင့် မြို့တွင်းလှည့်လည် ခဲ့ကြောင်း တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နန်းမြဦးက ပြောသည် ။


“ ကျားခေါင်းပါတီ အနေနဲ့ တောင်ကြီးမြို့ပေါ်မှာ ဒီနေ့လှည့်လည်စည်းရုံးရေး လုပ်တာပထမ အကြိမ်ဖြစ်သလို ဒီတစ်ကြိမ်ဘဲလုပ်မှာ ဖြစ်ပါတယ် ၊ ရည်ရွယ် ချက် ကတော့ ကျားခေါင်းပါတီရဲ့ အင်အားပြချင်တာရယ် ၊ ကျားခေါင်း Logo ကို ပြည်သူတွေသတိထားမိအောင်လို့ပေါ့ ။ အနိုင်ရဖို့က ၈၀ ရာခိုင်နှုန်းမျှော်လင့် ထားပါတယ် ။ ရက်ကနီး လာလေ မိမိလုံခြုံရေး ၊ မဲရုံ လုံခြုံရေး ကို ပိုပြီးသတိထားသင့်တယ် ။ လွတ်လပ်ပြီး တရားမျှတ တဲ့ရွေးကောက်ပွဲ ဖြစ်ပါစေလို့ဆု တောင်းရမှာပေါ့ ” ဟု ၄င်းကဆက်လက် ပြောကြားသည် ။


“ Campaign လုပ်တဲ့အခါ ရွေးကောက်ပွဲ ကော်မရှင်ကိုစာတင်ရတဲ့ အပိုင်းတွေရှိတယ် ၊ ပြည်သူ လူထုတွေရဲ့ အားလပ်ရက်နဲ့ ရွေးကောက်ပွဲ ကော်မရှင် ကိုတစ်ပါတ်စာကြိုတင်ရတာနဲ့ ချင့်ချိန်ရတဲ့အခက်အခဲတွေ ရှိပါတယ် ။ ကျေး ရွာကလူထုတွေ ခုချိန်ထိ မှန်ကန်တဲ့မဲပေးပုံ ပေးနည်းတွေ မသိကြသေး ပါဘူး ၊ ခိုင်လုံမဲနဲ့ ပယ်မဲတွေအကြောင်းရှင်း ပြရပါတယ် ၊ ကျေးရွာ နေလူထုတွေ မပြောနဲ့ မြို့ပေါ် နေတဲ့လူတွေတောင်မှ တစ်ယောက်ကို ၃ မဲပေးရမယ် ဆို တာ မသိတဲ့လူတွေ လဲရှိပါတယ် ” ဟု ကျားခေါင်းပါတီ၏ ဆန္ဒနယ်အမှတ် (၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း ဒေါ်နန်းမိုခမ်းက စည်းရုံးရေးခရီးစဉ်မှ ၄င်းကြုံတွေ့ရသောအခက်အခဲကို ရှင်းပြသည် ။


ယနေ့တောင်ကြီးမြို့ပေါ် ကျားခေါင်းပါတီ စီတန်းလှည့်လည်သည့် စည်းရုံးရေးခရီးစဉ်မှာ တောင်ကြီးမြို့ ပေါ်ရှိကျားခေါင်းပါတီရုံးမှ စတင်ထွက်ခွါ ကာ အရှေ့မြို့ပတ်လမ်း ၊ အနောက်မြို့ပတ်လမ်း ၊ မင်းလမ်း ၊ တက္ကသိုလ်ကျောင်း ဘက်သို့လှည့်လည် ခဲ့ကြသည်ဟု သိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates