ပြည်သူကို မျက်နှာမူသော တော်လှန်ရေး ဖြစ်ပါစေ
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကျောင်းသား လူငယ်များ တော် လှန်ရေးနယ်မြေများသို့ ရောက်ရှိ လာကြ သည် ။
ထိုစဉ်က စစ်သင်တန်းဆင်းပွဲ အခမ်းအနားတစ်ခုတွင် ထင်ရှားသော လက်ဝဲနိုင်ငံရေး ခေါင်းဆောင် တစ်ဦး က တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ - ဟု ၄င်း၏ မိန့်ခွန်းအဆုံးတွင် ထည့်သွင်း ပြောကြားသွားသည် ။
ကျနော်တို့ ကျောင်းသားလူငယ်များက ထိုစကားကို သိပ်ပြီး ဘဝင် မကျလှေ ပ ။ ရှင်းရှင်းပြောရလျှင် စကားအဓိပ္ပါယ်ကို သဘောမပေါက်ကြခြင်းဖြစ်သည် ။ ကျောင်းသားလူငယ်များ အိမ်မှထွက်လာခါစဖြစ်၍ တော်လှန်ရေး အမြန် ဆုံးအောင်မြင်ရန်သာ စိတ်စောလျှက်ရှိပြီး တော်လှန် ရေးရေရှည် မည်ကို မလိုလားပေ ။ ထို့ကြောင့် အဆိုပါစကားကို ဘဝင်မကျခြင်း ဖြစ်သည် ။ နောင် တွင် ခက်ခဲကြမ်းတမ်းလှသော တောတွင်း လုပ်ငန်းများ ဆောင် ရွက် ၍ မောပန်းနေစဉ် တော်လှန်ရေး အဓွန့်ရှည်ပါစေဟူ၍ တစ်ဦးနှင့် တစ်ဦးနောက်ပြောင်ကြရာ ငိုအားထက်ရယ်အားသန် ဆိုသလို ဖြစ်ရသည် ။
အမှန်မှာ လက်ဝဲနိုင်ငံရေးခေါင်းဆောင်ကြီးက ထိုစဉ်က ကျောင်းသား တော်လှန်ရေးကို ဂုဏ်ပြု အမွန်းတင်သည့် အနေဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ဟန် တူသည် ။
တော်လှန်ရေးပန်းတိုင်သို့ အောင်မြင်စွာလျှောက်လှမ်းနိုင်စေရန် ရည်ညွှန်းပြောဆိုသော စကားလက်ဆောင် လည်း ဖြစ်သည် ။
လက်နက်ကိုင်တော်လှန်ရေး ခရီးဆုံးမရောက်သေးမီ ကျဆုံးသွားသော ခေါင်းဆောင်များ ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကံကြမ္မာမျိုးစုံကို လက်တွေ့ တွေ့မြင်ခဲ့ရ သောအခါ ထိုစကား၏ အဓိပ္ပါယ်ကို ပို၍သိခွင့်ရ လာသည် ။
လက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်းမှာလည်း ယနေ့တိုင် မအောင်မြင်နို င်သေးဘဲ လက်ဝဲနိုင်ငံရေး ခေါင်းဆောင်ကြီး ပြောသလို အဓွန့်ရှည်နေ သည်ဟု ဆိုရမလိုဖြစ်နေသည် ။
ယနေ့ဆိုလျှင် ခေတ်ကာလများ ပြောင်းလဲလာခဲ့ပြီး နိုင်ငံရေး အလှည့် အပြောင်း ၊ အချိုးအကွေ့ ကာလ တစ်ခုဆီ ဆိုက်ရောက်နေချိန် အရေး ကြီး ကာလလည်းဖြစ်သည် ။ တိုင်းရင်းသား လက်နက်ကိုင် အင်အား စု များက ရှိသမျှနိုင်ငံရေးတောင်ပံများ ဖြန့်ကားကာ ပြင်ဆင်ထားရမည့် အချိန် လည်ြး ဖစ်သည် ။ ယခင် နှင့်မတူတော့သည့် အချက်မှာ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ခွင့်ရှိ သည် နိုင်ငံရေးစ ကားပြောနိုင်သည် စည်းရုံးနိုင်သည် ပြည်သူကလည်း မိမိအဖွဲ့ အစည်း အခြေ အနေကို ထဲထဲဝင်ဝင် သိနိုင်သည် ။ နိုင်ငံတကာက လည်း မြန်မာ့နိုင်ငံရေး အပြောင်း အလဲကို အာရုံ စိုက် နေချိန်ဖြစ်သည် ။
နောက်ထူးခြားချက်တစ်ခုမှာ ပြည်သူလူထုက တစ်ခဲနက်ထောက်ခံ တင် မြောက်လိုက်သည့် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သည့် အစိုးရသစ် မကြာ မီ တက်လာတော့မည် ဖြစ်သည် ။ အကယ်၍ လုပ်မှားကိုင်မှား ၊ ဆုံးဖြတ် ချက် မှားပါက အဆုံးအရူံးကြီးနိုင်သလို ဆုံးဖြတ်ချက်မှန်ကန်ပါကလည်း အခွင့်အလမ်း ကောင်းများ ရနိုင်သည့် အခြေအနေမျိုးဟု ဆိုနိုင်သည် ။
လတ်တလော သျှမ်းပြည် (မြောက်ပိုင်း) အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခ တွင် အဖြေရှာကြည့်ပါက လူမျိုး ရေးဆန်ဆန် ခွဲခြားဖိနှိပ်မှုကြောင့် သူ့ငါကြောက် ငါ့ကိုသူကြောက် ဆိုသလို အတူနေ လူမျိုးစုများအကြား သံသယ များကြီးထွားလာကာ ဖိနှိပ်သည့် လက်နက်ကိုင်အဖွဲ့အပေါ် တွင်လည်း ယုံကြည်မှုကင်းမဲ့လာရာ နိုင်ငံရေးအရ ဆုံးရှုံးမှုပင်ဖြစ်သည် ။
ယနေ့မြန်မာ့တပ်မတော်သည်ပင် တိုင်းရင်းသားဒေသများအတွင်း လူ့အခွင့် အရေးချိုးဖေါက်မှုများစွာ ကျူးလွန်ခဲ့သည့် အတွက် တိုင်းရင်းသားများ၏ ယုံကြည်မှုကို မရရှိသေးပေ ။
တော်လှန်ရေးဟူသည် ပြည်သူလူထုကို ဦးဆောင်ရခြင်း ဖြစ်သော်လည်း လူထုလိုက်ပါနိုင်မှုမရှိသော တော်လှန်ရေးသည်လည်း တပ်ဦးကျွံကာ ကျဆုံး သွားမည် ဖြစ်သည် ။ ရှေ့အနာဂတ်ဆိုသည်မှာ စိုးရိမ်စရာနှင့် မျှော်လင့်ချက်များ ရောထွေးနေသည့်အရာပင် ဖြစ်သည် ။
တော်လှန်ရေးအလားအလာအပေါ် ကြိုတင်ဟောကိန်းထုတ်မည် ဆိုပါက လည်း ပြောစရာ စကားများ များစားစားရှိမည် မထင်ပါ ။
အကောင်းဆုံးအတွက် မျှော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားရမည် သာဖြစ်သည် ။ သို့သော် မည်သည့်အခြေအနေတွင်မဆို လူထုကိုမျက်နှာ မူသော တော်လှန်ရေး ဖြစ်ရန်လိုအပ်ပေသည် ။
ဆောင်းပါးရှင်- စိုင်းအောင်
Tags: Feature