လားရှိုး NLD အမတ် ဒေါက်တာလင်းထွဋ် သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဖြစ်ဖွယ်ရှိ
လာမည့် အစိုးရသက်တမ်းအတွက် သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ်လျာထားသူများအနက် လားရှိုး ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှ အနိုင်ရရှိထားသည့် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလင်းထွဋ်မှာ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ဖွယ် ရာနှုန်း များပြားကြောင်း NLD နှင့် သျှမ်းနိုင်ငံရေး အသိုင်းအဝိုင်းထံမှ သိရသည် ။
လားရှိုး NLD ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာလင်းထွဋ် |
သျှမ်းပြည်အတွင်းရွေးကောက်ပွဲများတွင် NLD ၏ မဟာမိတ်ဖြစ်သော သျှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ်ကလည်း အတိုင်းတာတရပ်အထိ အနိုင်ရထားသဖြင့် အမျိုးသား ပြန်လည် သင့်မြတ် ရေးမူအရ SNLD မှလည်း ၀န်ကြီးချုပ်တနေရာ ရကောင်းရနိုင်ဖွယ်ရှိ သည်ဟုလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုကြသည် ။
သို့သော် SNLD ပါတီ ထိပ်တန်းခေါင်းဆောင် များက ရွေးကောက်ပွဲ မဝင်သဖြင့် သျှမ်းပြည် နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူရန် အရည်အချင်းပြည့်မှီသူ နည်းပါး ကြောင်း အမည်မဖော် လိုသည့် သျှမ်းပြည်နယ်ရေးရာလေ့လာသူတဦးက ပြောပါသည် ။
ယင်းအပြင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှအထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်မှာ ဒုတိယ သမ္မတနေရာအတွက် သတင်းများထွက်ပေါ်နေသကဲ့သို့ ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ် ရာထူး များ အားလုံးလည်း NLD မှတာဝန်ယူသွားမည်ဟု တရားဝင်ထုတ်ပြန်ကြေငြာထားသည် ။
သျှမ်းပြည်နယ်တွင် လွှတ်တော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် (ငြိမ်း) မှာ တပ်မတော်မှ လာသူများအနက်ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်သည် ။
သျှမ်းပြည်နယ်ဝန်ကြီးချုပ်အတွက် နာမည်ကြီးနေသူ လားရှိုး NLD အမတ် ဒေါက်တာလင်းထွဋ် မှာ ဗမာလူမျိုးဖြစ်ပြီး ဇနီးဖြစ်သူမှာ သျှမ်းလူမျိုး ဖြစ်ကြောင်း သိရသည် ။
၂၀၁၅ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီ USDP က မဲအများဆုံးဖြင့်အနိုင်ရရှိပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဒုတိယမဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာမူ တတိယ မဲအများဆုံးဖြစ်ပါသည် ။
Tags: News, politic