တာဝန်ရှိသူတွေ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးပါရန်
သို့- သျှမ်းသံတော်ဆင့်ကနေတဆင့် ဖော်ပြပေးစေလို
ကျနော်တို့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ Telenor ကုမ္ပဏီက 4G အင်တာနက်ကြိုး လို့ပြောပြီး မြို့တွင်းကို ဖြတ်ပြီး မြှုပ်ပါတယ်။ လမ်းမတော်တလျှောက် တောင်ဘက် ကနေ မြောက်ဘက်ကို မြှုပ်သွားပါတယ်။ ပင်လုံမြို့ တွင်းမှာ သူတို့မြေတူးပြီးမြှုပ် နေတာ ဘယ်နေ့ကတည်းကတော့ ကျနော်လည်း အသေအချာ မသိပါဘူး ။ ကျနော့ အိမ်ရှေ့မှာ မြေလာတူးပြီးမြှုပ်သွားတာကတော့ ဧပြီလ ၂၉ ရက်နေ့ကပါ ။
ကုမ္ပဏီ တာဝန်ရှိသူတွေက “ မြေပြန်ညှိပေးမယ် ၊ အင်္ဂတေတွေ ပြန်ခင်းပေး မယ် ”…ဆို ပြီး ပြောပါတယ် ။ ဒါပေမဲ့ ဒီနေ့အထိ လာတူးသွားတဲ့နေရာမှာ မြေပြန်လာညှိပေးတာ ၊ အင်္ဂတေပြန်ခင်းပေးတာ မရှိသေးပါဘူး ။ အိမ်ရှေ့မှာ မြေနီပုံတန်းကြီးဆိုတော့ ၀င်ရ ၊ ထွက်ရခက်ပါတယ် ။
ကုမ္ပဏီကတော့ သူတို့ရဲ့ဆင်းမ်ကဒ်တွေကို ရောင်းကောင်းအောင်ဆိုပြီး တိုးမြင့်နေပေမဲ့ ပြည်သူတွေမှာတော့ အခက်အခဲနဲ့ ကြုံတွေ့ရပါတယ် ။
ကိုယ့်ကိစ္စပြီးရင် ပြီးပြီဆိုတဲ့အတွေးနဲ့ မလုပ်ကြပါနဲ့ ။ နောက်ကိုလှည့်ကြည့်ပါဦး ။ ကိုယ်လုပ်တဲ့ကိစ္စ တခြားသူတွေက နောက်ကနေလိုက်ရှင်းနေရတာ မဖြစ်ပါစေနဲ့ ။ ကုမ္ပဏီရော ပြည်သူရော နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် လုပ်ဆောင်သင့်ပါတယ် ။
ဒါကြောင့် Telenor ကုမ္ပဏီက မြေတူးပြီးကြိုးတွေမြှုပ်ထားတဲ့နေရာတွေမှာ အမြန်ဆုံး ပြန်ပြီးပြုပြင်ပေးဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကသိရှိပြီး တိုက်တွန်းပေးဖို့ အလေးအနက် တောင်းဆိုလိုက်ပါတယ် ။
ပင်လုံသားတဦး
Tags: Letter to Editor