၂၁ ရာစု ပင်လုံညီလာခံ ပွင့်လင်းမြင်သာဖို့လိုဟု သျှမ်းပြည်နိုင်ငံရေးဆွေးနွေးပွဲတွင် ခွန်ထွန်းဦး ပြော
၂၁ ရာစု ပင်လုံညီလာခံကြီး (သို့) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး သည် ပွင့်လင်းမြင်သာပြီး လွတ်လပ် မှုရှိရန်အဓိက ဖြစ်ကြောင်း CSSU ဥက္ကဌ ခွန်ထွန်းဦး မှ တောင်ကြီးမြို့ တောင်ကြီးဟော်တယ်၌ ကျင်းပပြု လုပ် သည့် မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေခြင်း နှီးနှောဖလှယ်ပွဲ၌ မိန့်ခွန်း ပြောခဲ့သည် ။
“ ၂၁ ပင်လုံညီလာခံ ကျင်းပတဲ့ခါမှာ လွတ်လပ်ပြီးတော့ ပွင့်ပွင့်လင်း လင်းမှုဖြစ်ဖို့ အဓိကကျတယ် ။ အဲ့ဒီလို ဖြစ်ဖို့ ကိုလည်း အားလုံးက တတပ် တအား ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ် ။ တိုင်းရင်းသားတွေ တောင်းဆိုနေတာက တန်း တူ အခွင့်အရေးရဖို့ ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဖို့ အတွက် ပင်လုံညီလာခံကို အခြေခံတဲ့ အချက်တွေက တိုင်းရင်းသားတွေအားလုံးရဲ့ လိုအပ်ချက်ဖြစ်တယ် ။ ပင်လုံမှာပေးထားတဲ့ ကတိကဝတ်တွေ ပင်လုံ စိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်မှသာ ငြိမ်းချမ်းရေးရမယ် ” ဟု CSSU ဥက္ကဌ ခွန်ထွန်းဦး ကပြောသည် ။
ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် တစ်ဦး နှင့် တစ်ဦး ယုံကြည်မှု တည်ဆောက်မှသာ အဓိကကျပြီး ငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရ နှင့် တိုင်းရင်းသား ၊ အစိုရ နှင့် တပ်မတော် ၊ တပ်မတော် နှင့် တိုင်းရင်းသား အားလုံးပြေလည်မှု မရှိလျှင် ငြိမ်းချမ်းရေးကလည်း ဝေးနေ မည်ဖြစ်ပြီး ငြိမ်းချမ်းရေးဝေးနေပါက ပြည်သူလူထု ဒုက္ခရောက်နေဦးမည် ဖြစ်ကြောင်း ၄င်းက ပြောသွားသည် ။
အဆိုပါ မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်း ရှာဖွေခြင်း နှီးနှော ဖလှယ်ပွဲတွင် ဂျွန်လ ၁ ရက် နှင့် ၂ ရက်နေ့ တို့တွင် ဆွေးနွေး သွားမည်ဖြစ်ပြီး နိုင် ငံရေး ပါတီ ၁၉ ပါတီ နှင့် နိုင်ငံရေးပါတီ မဟုတ်သော အဖွဲ့ ၁၃ ဖွဲ့ တက်ရောက် ခဲ့သည်။ NLD ပါတီ ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားသော် လည်း တက်ရောက်ခြင်း မရှိကြောင်း သိရသည် ။
“ ဂျုလိုင်လ ကုန်လောက်ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံတစ်ခု ကျင်းပဖို့ဆိုပြီးတော့ အစိုးရ အဖွဲ့က ကြိုးစားနေတာ ရှိပါတယ် ။ ကျနော်တို့ သျှမ်းပြည်နယ် မြောက်ပိုင်း နဲ့ ကချင်ပြည် နယ် တောင်ပိုင်း နောက် ရခိုင်မှာလည်း ဒေသ တစ်ချို့ပေါ့။ တိုက်ခိုက်မှုတွေ ဖြစ်နေတယ် ။ မငြိမ်းချမ်းဘူးပေါ့ ။ ဆိုတော့ ငြိမ်း ချမ်းရေးမရဘဲနဲ့ ဒီ ၂၁ ရာစု ပင်လုံ ညီလာခံကို ကျင်းပ ဖို့ဆိုတာ အခက် အခဲရှိနိုင်တယ် ။ ချို့ယွင်းချက်တွေရှိနိုင်တယ် ဒီကွက်လပ်ကို ကျနော်တို့ ပါဝင်ဖြည့်ဆည်းဖို့ပေါ့ ။ CSSU ကနေပြီး တာဝန်ယူ ကြိုးစားကြည့်တာပါ ” ဟု CSSU အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကပြောသည် ။
အဆိုပါနှီးနှော ဖလှယ်ပွဲမှ ဖက်ဒရယ်တွင် အခြေခံရမည့်မူများ ၊ တပ်မတော် ဖွဲ့စည်းမှုပုံစံ ၊ ရွေးကောက်ပွဲပုံစံ ၊ ပညာရေး ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် အနာဂတ် ပြည်ထောင်စုအတွက် ဖွဲ့စည်းမှုဆိုင် မူပုံစံ ထွက်လာနိုင်ရေး ဆွေးနွေးကြမည်ဖြစ်ပြီး ယင်းနှီးနှောဖလှယ်ပွဲမှ ထွက်ပေါ်လာသည့် စာတမ်းကို ၂၁ ရာစု ပင်လုံ ညီလာခံတွင် တင်ပြသွားမည်ဖြစ်သည် ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံ ညီလာခံကို နှစ်လအတွင်း ကျင်းပလိုသည် ဟု ပြောဆိုထားပြီး ရယူခြင်းထက် မည်သည်ကို ပေးနိုင်သည်ကို အခြေခံ၍ ဆွေးနွေးကြရန်လည်း တိုက်တွန်း ထားပါသည် ။ အောင်မြင်ခဲ့သည့် ၂၀ ရာစု ဒုတိယ ပင်လုံညီလာခံမှာ ဗိုလ် ချုပ်အောင်ဆန်းနှင့် သျှမ်း ၊ ကချင် ၊ ချင်းခေါင်းဆောင်များ လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်ပြီး အင်္ဂလိပ်အုပ်ချုပ်မှုအောက်တွင် သီးခြား ဥပဒေ ၊ သီးခြား ဒေ သအဖြစ် ရှိနေခဲ့သည့် ဒေသ ၄ ခုမှ ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ခြင်း လည်း ဖြစ်ပါသည် ။ ယင်းပင်လုံကတိကဝတ်များ ပျက်ပြယ်ခဲ့မှုကြောင့်ပင် ကာလရှည် ပြည်တွင်း စစ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ပြောဆိုသည် ။
Tags: News, politic