သျှမ်းပြည်နိုင်ငံရေးဆွေးနွေးပွဲ ဖက်ဒရယ်ပြည်နယ်ပေါ်ပေါက်ဖို့ အရေးပါသည့်ပွဲ - သျှမ်းပြည်နယ် NLD ဥက္ကဌပြော



မန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေခြင်း နှီးနှောဖလှယ်ပွဲသည် သျှမ်းပြည်ကို အခြေပြုပြီး ငြိမ်းချမ်းရေး အတွက် ဖက်ဒရယ်ပုံစံ ဖွဲ့စည်း ထူထောင်ထားသည့် ပြည်နယ် တစ်ခုပေါ်ပေါက်နိုင် ရန်အတွက် အင်မတန် အရေး ကြီးသည့် ဆွေးနွေးပွဲ တစ်ခုဖြစ်ကြောင်း သျှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုး ကပြောသည် ။

သျှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုး မိန့်ခွန်းပြောကြားနေစဉ် ( ဓါတ်ပုံ - SNLD )

“ ဒီပွဲက အင်မတန်လိုအပ်တဲ့ ပွဲဖြစ်ပါတယ်။ ဒီပွဲက ကိုယ့်ဒေသ သျှမ်းပြည်ကို အခြေပြုပြီးတော့ ငြိမ်းချမ်း ရေး အတွက် အမှန်တကယ်လိုအပ်တယ် ။ နောက် တစ်ခါ ဖက်ဒရယ်စတိတ်ပေါ်ပေါက်ဖို့ ဆိုလိုရှိရင် ဒီပွဲလုပ်ဆောင် ခြင်း အားဖြင့် ဒီတိုင်းရင်းသား လူမျိုးတွေကြားထဲမှာ ဖက်ဒရယ် စတိတ် ဆိုတာ ဘာလဲ ဖက်ဒရယ် ရဲ့ လိုအပ် ချက်ကဘာတွေလဲ အဲ့ဒီဖက်ဒရယ်စတိတ် တစ်ခုဖြစ်အောင် ငြိမ်းချမ်းတဲ့ဒေသ တစ်ခုဖြစ်အောင် ဘယ်လို ဝိုင်းဝန်း အကောင်အထည်ဖော်ကြမလဲ ဒါတွေကို ပိုပြီးသိလာနိုင်တယ် ။ ဒီအကြံပြု ချက်တွေလည်း ပြုလုပ်ပေးနိုင်တယ် ။ ဒီပွဲဟာ ဖက်ဒရယ်စတိတ် တစ်ခုပေါ်ပေါက်ဖို့အတွက် အင်မတန်အရေးကြီးတဲ့ပွဲ” ဟု ၄င်းကပြောသည် ။


မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေခြင်း နှီးနှောဖလှယ်ပွဲ၌ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တောင်ကြီးဟော်တယ်တွင် ဂျွန်လ ၁ ရက် နှင့် ၂ ရက် ကျင်းပပြုလုပ်ရာ ပထမနေ့တွင် NLD ပါတီတက်ရောက်ခြင်း မရှိသော်လည်း ဒုတိယနေ့တွင်မူ NLD ပါတီ ၏ သျှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုး ကိုယ်တိုင် တက်ရောက်ခဲ့ပါသည် ။


မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေခြင်း နှီးနှောဖလှယ် ပွဲ၏ နှစ် ရက်သာဆွေးနွေးမူများသည် အဓိက နှစ်ပိုင်းဆွေးနွေးသွားပြီး အမျိုးသား ရင့်ကြားစေရေး ၊ ငြိမ်းချမ်းရေးအကြံပြုချက် နှင့် အနာဂတ်အတွက် ဖက် ဒရယ်တည်ဆောက်မှု မည်သို့ ပုံသဏ္ဍာန်နဲ့သွားမည်ဆိုပြီး အပိုင်းနှစ် ပိုင်း ဆွေးနွေးသွားကြောင်း CSSU ၏ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့် ကပြောသည် ။


“ အဓိကကတော့အမျိုးသားရင့်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးအကြံပြုချက် တော်တော်များပါတယ် ။ အားလုံး ပါဝင်လာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ ကိစ္စရယ် နောက်ပြီးတော့ ဖြစ်ပျက်နေတဲ့ စစ်ပွဲကို ရပ်တန့် သွား အောင် ဘယ် လိုလုပ်သင့်လဲ ။ နောက်တစ်ပိုင်းဖြစ်တဲ့ အနာဂတ် ဖက်ဒရယ်တည် ဆောက်မှု ဘယ်လို ပုံသဏ္ဍာန်နဲ့သွားမယ်ဆိုတဲ့ ကိစ္စ အစိုးရပုံစံ ဘယ်လို သွားမယ် ၊ သမ္မတဦးဆောင် တာနဲ့သွားမလား ၊ ဝန်ကြီးချုပ် ဦးဆောင် တဲ့ ပုံစံနဲ့သွားမလား နောက်ပြီးလွှတ်တော်မှာ ဘယ်လို ပြန်ဖြစ်သင့် လဲ နောက်ပြီးတော့ ပြည်နယ်ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုတဲ့အပိုင်းတွေကို ဆွေးနွေးဖြစ် တယ် ” ဟု ၄င်းကပြောသည် ။


သျှမ်းပြည်နယ်တွင်မဟုတ်ဘဲ တစ်ခြားပြည်နယ် နှင့် တိုင်းဒေသတွင်မှာ လည်း ငြိမ်းချမ်းရေးကို လိုလား ကြပြီး အကောင်အထည် ဖော်လိုခြင်း နှင့် ငြိမ်း ချမ်းရေးကို လိုလားတဲ့နေရာတွင် ပြည်နယ်က ပိုမိုလိုလားပြီး ပြည်နယ် လူထုများတွင် စစ်ပြေးဒုက္ခသည်များ စစ်ရှောင်ဒုက္ခသည် များစွာရှိပြီး ကြောင်း ပြောသည် ။


“ အဲ့ဒီထဲမှာ သျှမ်းပြည်က တစ်ခြား တိုင်းနဲ့ ပြည်နယ် နဲ့ စာလိုရှိရင် အများဆုံး ခံစားရတဲ့ ပြည်နယ် တစ်ခုဖြစ်တယ် ။ မြေဧက အကျယ်အဝန်းများသလို တိုင်းရင်းသားလူမျိုးတွေ များသလို နောက်လက်ကိုင် အဖွဲ့အစည်း လည်းများတယ် ။ အဲ့ဒါမလို့ ငြိမ်းချမ်းမှု မရတဲ့ဒဏ်ကို သျှမ်းပြည်လူထုက အခံစားရ ဆုံးဖြစ် တယ် ဒါကြောင့်မလို့ အားလုံးက သျှမ်းပြည်မှာ ရှိတဲ့ နိုင်ငံရေး ပါတီတွေ အားလုံး တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံး တိုင်းရင်းသား လက်နက် ကိုင်တွေအားလုံးဟာ ငြိမ်းချမ်းရေးအတွက်ကို တစ်သမက်တည်း ဦး တည်ပြီးတော့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြတာဖြစ်ပါတယ် ” ဟု သျှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကပြောသည် ။


သို့သော် ဆွေးနွေးပွဲမှ ထုတ်ပြန်ကြေငြာချက်နှင့်သတင်းစာရှင်းလင်းပွဲပြု လုပ်ခြင်း မရှိပေ ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates