သျှမ်းသုတေသနစင်တာမှ သုတေသန လုပ်ထုံး သင်တန်းဖွင့်လှစ်



သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ သျှမ်းစာပေယဉ်ကျေးမှုရုံး၌ သုတေသန လုပ်ထုံး သင်တန်းကို သျှမ်းသုတေသနစင်တာ (Center for tai study) မှ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သျှမ်းသုတေသန ဒါရိုက်တာ ဆရာစိုင်းခမ်းမိန်း ကပြောသည် ။


“ သုတေသနလုပ်ထုံး  သုတေသနလုပ်နည်းက သင်တန်းမရှိရင်  မရဘူး။  ဒါပေမယ့် စည်းကမ်းတစ်ခုတော့ရှိတယ် ။ တက္ကသိုလ်မှ ဘွဲ့မရသေးရင် သင်လို့မရဘူး  ဘာဖြစ်လဲဆို သူ လိုက်နိုင်မှာမဟုတ်ဘူး ။  သုတေသန လုပ်နည်းက အမျိုးမျိုးရှိတယ် ။ သုတေသနက ဘယ်လောက်ထိအရေးကြီးလဲဆို  သုတေသန မလုပ်တတ်ဘူးဆိုရင် ပညာက မတိုးတက်နိုင်ဘူး” ဟု ၄င်းကပြောသည် ။


အဆိုပါ သုတေသနလုပ်ထုံး သင်တန်းကို ဂျွန်လ ၁၃ ရက်နေ့က စတင်ပို့ချပေးရာ ခန့် မှန်းခြေ နှစ်လကြာ သင်တန်းပေးသွားမည် ဖြစ်ပြီး သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ သံယာတော်များ အပြင် တောင်ကြီးတက္ကသိုလ်ရှိ ဆရာ၊ ဆရာများ နှင့် ဒေသခံများ ၄၀ ကျော် တက်ရောက်ကြောင်း  သိရသည် ။


“ သျှမ်းပြည်မှာက သုတေသနလုပ်ဖို့  အများအပြားရှိတယ်။ ဒါပေမယ့် ဒီမှာက သုတေ သနဆိုတာ သိပ်မသိဘူး ။ သုတေသနရဲ့ တန်ဖိုးလည်း သိပ်မသိဘူး ။ ဒါကြောင့် မထွက် လာဘူး ။ နိုင်ငံခြားက လူတွေဆို  သျှမ်းပြည်ကို ခနခနလာလေ့လာတယ် ။ သူတို့ ဘာ တွေ့တွေ့ရေးမှတ်ထားပီး ယူသွားတယ် ။ နိုင်ငံခြားမှာဆို သျှမ်းပြည်သမိုင်း ကြောင်း အများကြီးရှိတယ် ။ သျှမ်းပြည်က လူထုတွေက အဲ့လိုမျိုးမလုပ်ကြဘူး ။  ဒီလိုမျိုး မလုပ် ဘူးဆိုရင်  ရိုးရာဓလေ့ထုံးတမ်းစာပေ ယဉ်ကျေးမှုတွေ သုတေသန ကောင်းကောင်း မလုပ်ထားရင်  ပျောက်သွားမှာ” ဟု  ဆရာစိုင်းခမ်းမိန်း က ပြောသည် ။


Center for tai study  ကို မတ်လ ၂၇ ရက်နေ့က ဒေါက်တာဓမ္မသာမိမှ ဦးဆောင်ဖွဲ့စည်း ခဲ့သည် ။ သို့သော် သျှမ်းလူမျိုးတစ်ခုအတွက်  ဖွဲ့စည်းထားသည်မဟုတ်ဘဲ သျှမ်းပြည် နယ်တွင်း နေထိုင်သည့် တိုင်းရင်းသားအားလုံး၏ နောက်ကြောင်းသမိုင်းကို ပြန် ကောက်ပြီး ယင်းတို့၏  ရိုးရာ ဓလေ့ထုံးတမ်းစာပေ ယဉ်ကျေးမှုများကို သုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆရာစိုင်းခမ်းမိန်း ကပြောသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates