အချိန်မှန်မှန်အမှိုက်သိမ်းစေချင် တောင်ကြီးမြို့တော်တခွင်
သျှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ သျှမ်းပြည်နယ်မြို့တော်တောင်ကြီးဟာ မြန်မာ မှာ အသန့်ရှင်းဆုံးမြို့တော်အဖြစ် နာမည်ကြီးခဲ့ဖူးသလို သဘာဝ အလှ တရားနဲ့ အေးမြတဲ့ရာသီဥတု တို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တွေနဲ့ စည်ကားနေတဲ့မြို့တမြို့ဖြစ်ခဲ့ဖူးပါတယ် ။
အသန့်ရှင်းဆုံးမြို့တော်လို့ တစ်ချိန်က သတ်မှတ်ခံထားရပြီးဆုတွေ ရရှိခဲ့ဖူး တဲ့ သျှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးဟာ ကနေ့အခါ မှာတော့ အမှိုက်ပုံတွေ ယင်အုံ နဲ့အပုပ်နဲ့တွေသမ်းနေတဲ့မြို့အဖြစ် တရွေ့ရွေ့ ပြောင်းလဲလာနေပြီလို့ အများမြင်သလို စာရေးသူလည်း မြင်ရပါတယ် ။
ရပ်ကွက်အလိုက် အမှိုက်ပုံတွေ လမ်းပိတ်နေ သည်အထိသိမ်း ဆည်းမှု နှောင့်နှေးနေသည့်အပေါ် ဒေသခံများ၏ရင်ဖွင့် စကားသံများကိုလည်း ကြားကြားနေရသလို စာရေး သူကိုယ်တိုင်လည်းနေ့ စဉ်နှင့်အမျှ မျက်ဝါးထင် ထင်မြင်တွေ့နေရ လို့ပါဘဲ ။
ဒါ့အပြင်ဒေသတွင်းသတင်းဂျာနယ်တွေ ၊ ၀က်ဆိုဒ်တွေ ၊ တောင်ကြီးသား တို့စု ဝေးရာ Facebook Page တွေမှာလည်းဒီအမှိုက်ပြဿနာနဲ့ပတ်သက် ပြီးမကြာခဏဖော်ပြနေတာကိုမြင်တွေ့ကြရမှာပါ ။ ဒါ့ကြောင့် တောင်ကြီးမြို့ ပေါ်ကအမှိုက်ကိစ္စဟာ အသေးအဖွဲကိစ္စလို့သတ်မှတ်လို့မရ တော့တဲ့အခြေ အနေ တစ်ခုလိုဖြစ်လာပါတယ် ။
တောင်ကြီးမြို့ပေါ်မှာရှိတဲ့ (၂၂ ) ရပ်ကွက်ရဲ့အမှိုက် တွေစွန့်ပစ်ရေးအတွက် ယခင်အစိုးရလက်ထက်ကတည်းကစည်ပင်သာယာရေးကော်မတီထံမှ ပုဂ္ဂလိက လုပ်ငန်းအနေနဲ့ မွှေးအမှိုက်သိမ်းကုမ္ပဏီက လွှဲပြောင်းတာဝန် ယူထားပြီးဖြစ်ပါတယ် ။
မွှေးအမှိုက်သိမ်းကုမ္ပဏီက အိမ်တစ်အိမ်ကို တစ်လ လျှင်သုံးထောင်ကျပ် အမှိုက်ခွန်ပုံမှန်ကောက်ပါတယ် ။ ဒါပေမဲ့ ဒီ(၂၂) ရပ်ကွက် လုံးမှာရှိတဲ့အမှိုက်ပြဿနာ ကိုမွှေးကုမ္ပဏီမှ စနှစ်တကျကိုင်တွယ် ဖြေရှင်းနိုင်စွမ်းမရှိတဲ့အချက်တွေကို အပြုသဘောဆောင်ပြီးဝေဖန် ထောက်ပြပါရစေ ။
အမှိုက်သိမ်းတဲ့အမှိုက်ကားတွေဟာ အချိန်မှန်မှန်လာမသိမ်းနိုင်တဲ့အတွက် တဲ့အတွက် အနောက်မြို့ပတ်လမ်းတစ်လျှောက် လမ်းဘေးအမှိုက်ပုံတွေ ကြောင့်ယာဉ်ကြောပိတ်ဆို့ပြီးယာဉ်အန္တရယ်ဖြစ်ပွား နိုင်တဲ့အခြေအနေဖြစ် နေပါတယ် ။ အမှိုက်ပုံရှိရာ ယင်ကောင်လာတာ ၊ အနှံ့ဆိုးထွက်တာမဆန်း ပေမဲ့ အများသူငါနေ့စဉ်သွားလာလှုပ်ရှားနေတဲ့အများပိုင်လမ်းမှာအမှိုက်ပုံ တွေလမ်းမပေါ်ရောက်လိုရောက် အနှံ့အသက်ဆိုးတွေကြောင့်လမ်းသွား လမ်းလာပြည်သူလူထုတွေ စိတ်အနှောက်အယှက်ဖြစ်ရကြသလိုကျန်းမာ ရေးအရလည်းများစွာထိခိုက်နိုင်ပြီး မြို့ဂုဏ်ကျက်သရေထိခိုက်တဲ့မြင်ကွင်း တစ်ခုလိုဖြစ်နေပါတယ် ။
ရပ်ကွက်တွေထဲကအိမ်ရှင်မတွေအတွက် တစ်နေ့သာမျှော် လင့်ချက်တွေ ထဲမှာ အမှိုက်သိမ်းဖို့လာတဲ့ကားဆီကလော်စပီကာနဲ့ အမှိုက်ပစ်ဖို့သတိ ပေးတဲ့အသံ လို့ ပြောကြပါတယ် ။ အမှိုက်ကားပုံမှန် မလာရင်အိမ်တွေမှာအ မှိုက် တွေပုံတွေဖြစ်လာပါတယ် ။
မွှေးကုမ္ပဏီဘက်ကလဲ ပြည်သူတွေက အမှိုက်ခွန်ကိုပုံမှန်မဆောင်လို့ လုပ်ငန်းမှာအရှုံးပေါ်တာရယ် အမှိုက်စွန့်ပစ်ဖို့နေရာခက်ခဲရှိ တယ်ဆိုတဲ့ အချက်ကို အစိုးရသစ်တက်ခါစ သျှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ တောင်ကြီးမြို့ ကလုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ မွှေးကုမ္ပဏီဘက်က တာဝန်ရှိသူတစ်ဦးက အခက်အခဲကိုတင်ပြသွားခဲ့ဖူးပါတယ် ။
တောင်ကြီးမြို့ပေါ်ကဒီအမှိုက်ပြဿနာဟာမွှေးကုမ္ပဏီတစ်ခုတည်းကပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ သန့်ရှင်းတဲ့မြို့အတွက် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ဖို့ အချိန်မှန်မှန် အမှိုက်သိမ်းနိုင်ဖို့ သက်ဆိုင်ရာစည် ပင်သာယာဌာန ၊ ဒေသခံပြည်သူ လူထုနဲ့ပူး ပေါင်းပြီးဆောင် ရွက်သွားဖို့ လိုတယ်လို့မြင်မိပါတယ် ။
NLD အစိုးရသစ်တက်တော့ နိုင်ငံအပြောင်းအလဲတစ်ခုရဲ့ပထမခြေလှမ်း အနေနဲ့ ပြည်သူလူထုတွေက မြို့အလိုက် ၊ နယ်အလိုက် အသိစိတ်ဓါတ် ကိုယ်စီ နဲ့အမှိုက်တွေဝိုင်း ၀န်းကောက်ကြ သလို တောင်ကြီးမြို့က လူငယ်တွေလဲအများနည်းတူ အမှိုက်တွေကောင်ကြပါတယ် ။ အများနဲ့ သက်ဆိုင်တဲ့နေရာ တွေမှာအမှိုက်စွန့်ဖို့ အမှိုက်ပုံး အသီးသီးပေါ်ပေါက်လာ တယ် ။ သို့ပေမဲ့ ပြည်သူတွေကောက်ထားတဲ့အမှိုက်အတွက် အချိန်မှန်မှန် သိမ်းတဲ့စနစ်နဲ့ အမှိုက်စွန့်ပစ်ဖို့နေရာတစ်ခု တစ်ခုလိုအပ်တယ်လို့ထင် မိပါတော့တယ် ။
ဆောင်းပါးရှင်- ယိင်းတိုင်း
Tags: Feature

