ရာသီဥတုဖောက်ပြန်မှုကြောင့် သျှမ်း/တောင် တောင်သူလယ်သမားများ ဆုံးရှုံးမှုများပြား
ယခုနှစ်နွေဦးရာသီက ရာသီဥတုဖောက်ပြန်မှုကြောင့် သျှမ်းပြည်တောင် ပိုင်းရှိ တောင်သူလယ်သမား များ ဆုံးရှုံးမှုများပြားခဲ့သည်ဖြစ်ရာ မြို့နယ် ၃ မြို့နယ်အတွင်း ပင် လယ်ယာခြံမြေ ဧကပေါင်းထောင်ချီ ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း တောင်ကြီးမြို့ စိုက်ပျိုးရေးဝန်ကြီးနှင့်တွေ့ဆုံ ပွဲတွင် တောင် သူလယ်သမားများကပြောသည် ။
![]() |
တောင်ကြီးမြို့တွင် ကျင်းပသော စိုက်ပျိုးရေးဝန်ကြီးနှင့်တောင်သူ လယ်သမား များတွေ့ဆုံပွဲ ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲ
|
ကလောမြို့နယ်တောင်သူ ၈၅၄ ဦး၏ဂေါ်ဖီထုပ် ၊ ဖူးစားပြောင်း ၊ အစေ့ ထုပ်ပြောင်း ၊ ပန်းအမျိုးမျိုး စုစုပေါင်း ၆၇၅ ဧက ၊ ရွာငံမြို့နယ်တွင် လည်းတောင်သူ ၈၆ ဦး၏ ငှက်ပျောခြံ ၁၀၅.၅၉ ဧက ပျက်စီး ခဲ့ရပြီး တောင်သူ ၂၉၁ ဦး၏ သရက် ၊ လိမ္မော် စိုက်ခင်း ဧက ၃၉၃.၇၆ ဧက အရွက်ကြွေ ၊ အကိုင်းကျိုး ၊ အသီးကြွေ၊ အပင်လှဲခြင်းများဖြစ်ခဲ့ရကြောင်း သျှမ်းပြည်နယ် စိုက်ပျိုးရေး နှင့်မွေးမြူရေး ၀န်ကြီး ဦးစိုင်းလုံကျော်နှင့် ဂျွန်လ ၁၄ ရက်နေ့က တောင်ကြီးမြို့စိုက်ပျိုးရေးရုံးတွင် တွေ့ဆုံရာတွင် လယ်သမားများတင်ပြ ပြောဆိုခဲ့သည် ။
သျှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနကလည်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများထိခိုက်ပျက်စီး သည့် ၃ မြို့နယ် အတွက် (ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ) ထောက်ပံ့ပစ္စည်းများ ကိုအဆိုပါတွေ့ဆုံပွဲတွင် ထောက်ပံ့ပေးအပ်ခဲ့သည် ။
" ကျနော်တို့ မိုင်းပန်မှာကျတော့ ပြောင်းဖူးခင်းတွေ ၊ ဆန်စပါးတွေကို ကြွက်တွေ ၀င်ကိုက်လို့ ဧက ပေါင်း ၆၀၀ ကျော် ပျက်စီး ခဲ့ရတယ် ၊ ကျနော်တို့မြို့နယ်အတွက် ထောက်ပံ့ပစ္စည်း ဘယ်လောက် ရမလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး " ဟု မိုင်းပန်မြို့နယ် စိုက်ပျိုးရေးဌာနမှ ဦးစီးမှူး ဦးစိုင်းကျော်မြ က သျှမ်းသံတော်ဆင့်အား ပြောပြသည် ။
၂၀၁၅ - ၂၀၁၆ မိုးစပါးရာသီက လင်းခေးခရိုင် ၊ မိုင်း ပန်မြို့နယ်တွင် ကြွက်ကိုက်ရာ စပါးခင်း ဧက ပေါင်း ၆၀၀ ကျော် ပျက်စီးခဲ့ကြောင်း လည်းအဆိုပါအခမ်းအနားတွင် ပြောဆိုသည် ။ အခမ်းအနားသို့ သက်ဆိုင်ရာ မြို့နယ်မှ စိုက်ပျိုးရေး ဌာန ဦးစီးမှူးများ ၊ လယ်သမားတချို့ စုစုပေါင်း လူဦးရေ ၁၀၀ ခန့်တက်ရောက်ခဲ့သည် ။
ရာသီဥတုဖောက်ပြန်မှုကြောင့် ပြီးခဲ့သည့်နွေဦးက သျှမ်းပြည်အလယ် ပိုင်း မြို့နယ်တော်တော် များများတွင် မိုးသက်လေပြင်းဒဏ် ၊ မိုးသီးကြီး များဒဏ်ခံရကာ လယ်ယာမြေအတွင်း စိုက်ပျိုးသီးနှံ အများအပြား ဆုံးရှုံး ခဲ့ရသည် ။ ထို့အပြင် ပင်လောင်းစော်ဘွားကြီး၏ သမိုင်းဝင် ဟော်နန်း ကြီးလည်းပြိုကျပျက်စီးခြင်း ၊ ကွန်ဟိန်းမြို့၏ ပြည်သူ့ကျန်းမာရေး ဆေး ရုံကြီးအမိုးလှန်ခြင်းများဖြစ်ပေါ် ခဲ့သည် ။
၂၀၁၅ ခုနှစ်က အယ်နီညိုအပူလိုင်း ဖြတ်သန်းမှုကြောင့် အရှေ့တောင် အာရှတွင် အပူချိန်မြင့်မားခြင်း သောက်သုံးရေ ရှားပါးခြင်းပြသနာများ ကြုံတွေ့ခဲ့ရသည် ။
၂၀၁၆ - ၁၇ ခုနှစ်အတွင်းတွင်လည်း အာရှတိုက်အား အင်အားကြီးမားသော အယ်နီညို အပူလှိုင်း ၊ လာနီညို အအေးလှိုင်းများဖြတ်သန်းဦးမည်ဟု ကမ္ဘာ့မိုးလေဝသပညာရှင်များ က သုံးသပ်ခန့်မှန်းထားသည် ။
Tags: General, News
