TNLA နှင့် ဖြစ်နေသည့် ပြဿနာများ ကြားဝင်ဖြေရှင်းမည်ဟု ဗိုလ်ချုပ်ကြီး ပန်ဖှပြော
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်း ဌာနချုပ်၌ ဥက္ကဌ ဗိုလ်ချုပ် ကြီး ပန်ဖှ မှ စစ်ဘေးစစ်ဒဏ်ခံသင့် ရဟန်းတော် များ ၊ လူထုကိုယ်စားလှယ်များအား ဖိတ်ခေါ် ကာ ဂျွန် ၁၄ ရက်နေ့က လက်ခံတွေ့ဆုံပြီး လူထု တင်ပြချက်အရ TNLA နှင့် ဖြစ်နေ သည့် ပြဿနာ များကြား ကြားဝင်ဖြေရှင်းပေးသွားမည်ဟု ပြောကြားလိုက်သည် ။
![]() |
| SSPP/SSA ဥက္ကဌ ဗိုလ်ချုပ် ကြီး ပန်ဖှ |
![]() | |
| ဗိုလ်ချုပ် ကြီး ပန်ဖှ နှင့်ကော်မတီဝင်များ အလှူငွေလှူဒါန်းပေးအပ်နေပုံ |
တွေ့ဆုံမှုတွင် ဗိုလ်ချုပ်ကြီး ပန်ဖှ ဦးဆောင်သည့် သျှမ်းပြည်တိုးတက်ရေး ပါတီအနေဖြင့် ၊ စစ်ဘေး စစ် ဒဏ်သင့်သူများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၂၀၀ ၊ စာသင်ကျောင်း ပြန်လည်မွမ်းမံဖို့ ကျပ်သိန်း ၂၁၀ ၊ စစ်ဘေးစစ်ဒ ဏ်ကြောင့် ဒေသဆုံးသည့် မိသားစု ဝင်တွေ အတွက် တအိမ်ထောင် ကျပ် ၁၀ သိန်း ထောက်ပံ့သည်ဟု လည်း တက်ရောက်သူ ရပ်မိရပ်ဖ က ပြောသည် ။
ဗိုလ်ချုပ်ကြီးပန်ဖှ နှင့်တွေ့ဆုံစဉ် တက်ရောက်သည့် လူထု ကိုယ်စားလှယ် များက - သျှမ်းလက်နက်ကိုင် တပ်နှစ်ခုပေါင်းစည်းရေး ၊ ရံပုံငွေထောက်ပံ့ရေး၊ TNLA ဖြစ်နေသည့် ကိစ္စများ ဖြေရှင်းပေးရေး ၊ တရွာလုံး မီးရှို့ခံရသည့် ဝိုးလုံ ရွာသားများအတွက် ဘဝပြန်လည်ထူထောင်ရေး - စသည့်ကိစ္စရပ် များေ ဆွးနွေးကြသည်ဟု ဆိုသည် ။
လူထုအားလက်ခံတွေ့ဆုံပွဲ၌ - ခေါင်းဆောင် ဗိုလ်ချုပ်ကြီးပန်ဖှ နှင့် အတူ ဒုဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်း ၊ ဗိုလ်ချုပ် ခွန်ဆိုင် နှင့် ဗဟိုကော်မတီဝင် အရာရှိများ တက်ရောက်ကြသည်ဟု သိရသည် ။
Tags: General, News

