ကျောက်မဲမြို့နယ် အရပ်သားများသတ်ဖြတ်ခံရမှုစစ်ဆေးပေးဖို့ လွှတ်တော်ကိုယ်စားလှယ် တောင်းဆိုချက် ရဲတပ်ဖွဲ့မှ စစ်ဆေးပေးခြင်းမရှိ
သျှမ်းပြည်နယ်ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အစိုးရစစ်တပ်နှင့် SSPP/SSA သျှမ်းပြည် တပ် မတော်တို့၏ တိုက်ပွဲတွင် အရပ်သားများဖမ်းဆီးသတ်ဖြတ်ခံရမှုကို စစ်ဆေးပေးရန် ရဲတပ် ဖွဲ့အား ကျောက်မဲ လွှတ်တော်ကိုယ်စားလှယ်များမှ အကြောင်းကြားခဲ့သော်လည်း လာရောက် စစ်ဆေးပေးခြင်း မရှိသေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြော သည် ။
![]() |
ကျောက်မဲမြို့နယ် ဝိုးလုံရွာတွင် မီးရှို့ဖျက်ဆီးခံရသော ပုံများ (ဓါတ်ပုံ- Nawkham) |
မေလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျောက်မဲမြို့နယ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ဒေသခံ အရပ်သားများမှာ စစ်ပွဲအတွင်း လူသားဒိုင်းသဖွယ်အသုံးချခြင်း ၊ ပေါ်တာအဖြစ် ခိုင်း စေခံရခြင်း ၊ ဖမ်းဆီးထိန်းသိမ်းနှိပ်စက်ခံရခြင်းနှင့် သတ်ဖြတ်ခံခဲ့ရခြင်းများရှိခဲ့သည်ဟု သျှမ်း လူ့အခွင့်ရေးမဏ္ဍိုင်က လည်း ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသည် ။
သီပေါနှင့် ကျောက်မဲတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ အရပ်သားများ ဖမ်းဆီးခံရမှုတွင် အချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း ပျောက်ဆုံးနေသူများ (သို့မဟုတ်) ဆက်လက်ထိန်းသိမ်း ခံနေရသူများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည် ။
ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်များအတွက် ယခု အချိန် အထိ စာရင်းကောက်ယူနေရဆဲဖြစ်ပြီး စာရင်းတည်ငြိမ်သွားပါက သျှမ်းပြည်နယ် ဝန်ကြီး ချုပ်နှင့်တကွ အထက်သို့ တင်ပြသွားမည်ဟု စိုင်းထွန်းဝင်းက ပြောသည် ။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများမှာ ယခုအထိ နေရပ်ပြန်ရန် ထိတ်လန့်နေဆဲဖြစ်ပြီး ၄င်းတို့၏ နေအိမ်များမှာလည်း တပ်မတော်စစ်ကြောင်းများ၏ မီးရှို့ဖျက်ဆီးခြင်းကိုခံခဲ့ရကြောင်း သိရသည် ။
Tags: Human Right, News