NCA လက်မှတ်မထိုးရသေးသည့်လက်နက်ကိုင်တိုင်းရင်းသားများ DPN အဖွဲ့နှင့် အစိုးရ၏ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေးကော်မတီတို့ ပထမဆုံးအကြိမ်တွေ့ဆုံ
နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က ဗိုလ်ချုပ် အက်စ် ဂွမ်မော် ဦးဆောင်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စု နှင့် NLD အစိုးရမှ ဖွဲ့စည်းထားသည့် ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်သည့် အဖွဲ့တှို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ ပထမဆုံးအကြိမ် အဖြစ် ယနေ့ ၂၀၁၆ ဂျွန် ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် တွင် စတင်တွေ့ဆုံကြသည် ။ DPN အဖွဲ့တွင် SSPP/SSA မှ ဗိုလ်ချုပ်စိုင်းထူး ၊ စဝ်ဆေအွန်၊ WNO မှ တာ့အိုက်ညွန့်တို့လည်းပါဝင်သည့် ၁၂ ဦးပါအဖွဲ့တို့ တက်ရောက်ဆွေးနွေးပါသည် ။
Tags: short news