အပစ်မရပ်သေးသည့် တိုင်းရင်းသားများ နိုင်ငံရေးတွင်ပါဝင်လာနိုင်အောင် အစိုးရ၏ ၂၁ ရာစုပင်လုံပြင်ဆင်ရေးကော်မတီဥက္ကဌနှင့် ပထမဆုံးအကြိမ် တွေ့ဆုံ



နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က  ဗိုလ်ချုပ် အက်စ် ဂွမ်မော် ဦးဆောင်သည့်  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အုပ်စု နှင့် NLD အစိုးရမှ ဖွဲ့စည်းထားသည့် ၂၁ ရာစု ပင်လုံညီလာခံဖြစ် မြောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်သည့် အဖွဲ့တို့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ ပထမဆုံးအကြိမ် အဖြစ်  ဂျွန်လ ၃ ရက်နေ့က စတင်တွေ့ဆုံကြသည် ။


အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ  နိုင်ငံရေးဆွေးနွေးပွဲတွင်ပါ ဝင်လာနိုင်စေရန် ၊ ဖက်းရယ်ပြည်ထောင်စု စုပေါင်းတည်ထောင်ကြရန် ရည်ရွယ်ပြီး ၂၁ ရာစု ပင်လုံညီလာခံကြိုတင်ပြင် ဆင်ရေး ကော်မတီဥက္ကဌက  NCA အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ပထမဆုံးအကြိမ် အဖြစ်  တွေ့ဆုံခဲ့ ကြခြင်းဖြစ်သည် ။


ဒေါက်တာတင်မျိုးဝင်းက- " လက်မှတ်မထိုးသေးတဲ့အဖွဲ့ဆိုရင် - ညီလာခံတက်ဖို့ ဘာတွေလိုအပ်ချက်ရှိလဲ ။ အရင်က သူတို့လက်မှတ်မထိုးရသေးတာ ဘာအကြောင်းအရင်းတွေရှိသလဲ သူတို့ဘက်ကဘာတွေ များတင်ပြချင်သလဲ ။ သူတို့ကတော့ တတ်နိုင်သလောက်ပါဝင်နိုင်အောင်ကြိုးစားမယ် ဆိုတဲ့အရေးကြီး ဆုံးအချက်ကိုရလိုက်ပါတယ် ။ NCA တိုက်ရိုက်မထိုးသေးခင်မှာလည်း ကျနော်တို့မူတွေဘောင်တွေကိုပြန်ပြီးတော့ ညှိနှိုင်းမယ်။ အဲတာပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်တာ ။ အဲ့ဒီကနေနောက်တဆင့်မှ NCA ထိုးမှာ ဆိုတော့ ကျနော်တို့ စားပွဲဝိုင်းမှာညှိနှိုင်းမှုဖြစ်လာမှာအဖြေဘဲ။ ခုကျတော့ သူတို့နဲ့တွေ့ထိမှုအမြဲရှိလာအောင် ပထမအဆင့်ဘဲဖြစ်ပါတယ်။ရခိုင်တို့ ၊ တအာင်းတို့ ၊ ကိုးကန့်တို့လည်း ပါဝင်လာနိုင်အောင်ကြိုးစားသွားမယ်။  " ဟု ပြောဆိုသည် ။


တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးပွဲကို ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရ အဖွဲ့က ၂၀၁၅   အောက်တိုဘာလ ၁၅ ရက် က ဦးဆောင်ကျင်းပခဲ့ပါသည်။  NCA လက်မှတ်ရေးထိုးခဲ့သည့် ရင်းသားတပ်ဖွဲ့ တွေ ကတော့ သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ  RCSS/SSA ၊ ကရင်တပ်ဖွဲ့ ၃ ခုဖြစ်တဲ့ KNU/ KNLA-PC / DKBA  ၊ ပအိုဝ်း PNLO ၊ ရခိုင် ALP ၊ ချင်း CNF နဲ့ကျောင်းသား တပ်မ တော် ABSDF တို့ဖြစ်ပါသည် ။


NCA လက်မှတ်မရေး ထိုးရသေးတဲ့တိုင်းရင်းသားတပ်ဖွဲ့အများစုဟာ UNFC တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အလျောက် ပြီးခဲ့တဲ့ မတ်လက UNFC ကနေ သူတို့တွေကိုအစည်းအဝေးဆင့်ခေါ် DPN ဖွဲ့စည်း  ခဲ့ပါသည် ။


DPN အဖွဲ့အားဦးဆောင်ပြီး ၂၁ ရာစုပင်လုံညီလာခံပြင်ဆင်ရေးကော်မတီ နှင့် တွေ့ဆုံခဲ့သည့် ဗိုလ်ချုပ်ဂွမ်မော် က - ကျနော် DPN အနေနဲ့ လည်း -  နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာလျင် မှန်ကန်တဲ့အဖြေရရှိမယ် လို့ယုံကြည် တဲ့အတွက်ဖြစ်ပါသည် အစိုးရရဲ့ ဂုဏ်သိက္ခကိုကျနော်တို့ ယုံကြည်တဲ့အတွက်ကြောင့် မို့လို့ ကြိုတင်ပြင် ဆင်မှု အနေနဲ့ DPN ကိုဖွဲ့စည်းပြီးတော့မှ မျှော်လင့်ကြီးစွာနဲ့ပြင်ဆင်ခဲ့ပါသည် ဒီဆွေးနွေးပွဲမှာ စစ်တပ်ဘက်က ကိုယ်စား လှယ်လည်း ပါဝင်လာတဲ့အတွက် ကျနော်တို့မသိသေးတဲ့အချက်များ ကျနော်တို့သိလိုတဲ့အချက်များ ကိုလည်း ပြည့်ပြည့်စုံစုံသိနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်- ဟုပြောသည် ။


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်း ပေးသည့် ၂၁ ရာစုပင်လုံ ညီလာခံဖြစ်မြောက်ရေး ကြိုတင်ပြင်ဆင်ရေးကော်မတီဘက်က ဥက္ကဌ ဒေါက် တာတင် မျိုးဝင်း ၊ အတွင်းရေးမှူး ဦးလှမောင်ရွှေ တို့ဦးဆောင်သည့် ၅ ဦးပါအဖွဲ့နှင့် ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်သည့် DPN Delegation for Political Negotiations မှ အဖွဲ့အကြီး အကဲတချို့ဖြစ်သော  ဗိုလ်ချုပ်စိုင်းထူး၊ စဝ်ဆေအွန် ၊ ဝ-  WNO က တာ့အိုက်ညွန့်တို့ပါဝင်သော ၁၂ ဦးပါအဖွဲ့တို့တွေ့ဆုံခဲ့ခြင်းဖြစ်ပါ သည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates