ဗိုလ်ချုပ်ကြေးရုပ်မလို ၊ တန်းတူအခွင့်ရေးသာလိုသည်



နိုင်ငံတိုင်း လူမျိုးတိုင်းမှာ သူတို့ရဲ့ အမှတ် လက္ခဏာတွေရှိတဲ့အပြင် နိုင်ငံ အလိုက်လူမျိုးအလိုက်လည်း ဆိုင်ရာ သူရဲကောင်းတွေ မမေ့အပ်တဲ့ ပုဂ္ဂိုလ်ေ တွ ရှိကြပါတယ် ။  ဂျော့ရှ်ဝါရှင်တန် ၊ လင်ကွန်းတို့ဟာအမေရိကန် နိုင်ငံရဲ့ သူရဲကောင်းတွေ ဖြစ်နိုင်သလို ဂျဝါဟာလာနေရူးဟာလည်း အိန္ဒိယနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် သူရဲကောင်း ဖြစ် ပါတယ် ။ နယ်လဆင်မင်ဒဲလား ကတော့ တောင်အာဖရိကရဲ့ အမျိုးသားခေါင်းဆောင်နဲ့ တောင်အာဖရိကရဲ့ သူရဲကောင်း တယောက်ပါ ။ ဗိုလ်ချုပ်အောင်ဆန်းကတော့ မြန်မာပြည်သူ လူထုအများစုလက်ခံတဲ့ ခေါင်း ဆောင်ဖြစ် ပါတယ် ။

 ညောင်ရွှေမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရန်နေရာညှိနှိုင်းနေကြပုံ
လားရှိုးမြို့သို့ ဗိုလ်ချုပ်ကြေးရုပ် သယ်ဆောင်လာကြစဉ်
ဖော်ပြခဲ့တဲ့ အမေရိကန်၊ အိန္ဒိယ၊ တောင်အာဖရိက တို့လိုနိုင်ငံတွေ မှာတော့ေ ခါင်းဆောင်တွေချမှတ်ခဲ့တဲ့လမ်း စဉ်ကိုအတတ်နိုင်ဆုံးလိုက်နာကျင့်သုံးသလို အဲဒီခေါင်းဆောင် တနည်းအားဖြင့်လူထုသူရဲကောင်း တွေရဲ့ ရေရှည် မျှော်မြင် တတ်မှု ၊ စိတ်ရှည်သည်းခံမှု ၊ ပြည်သူအားလုံးအပေါ် တန်းတူရည်တူရှိမှု တို့ကြောင့်ပဲ သူတို့ တိုင်းပြည်တွေ ကလမ်းကြောင်းမှန်ပေါ်ရောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ် ။


မြန်မာနိုင်ငံမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲကောင်းဖြစ်နိုင်ပေမဲ့ အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေမှာ သူ့အနေနဲ့ မလုပ်ဆောင်နိုင်ခဲ့ ပဲရုတ်တရက် ကွယ်လွန်သွားတာဖြစ်တဲ့အတွက် တိုင်းသူပြည်သား အားလုံး အပေါ် လွှမ်းမိုးနိုင်မှုမှာတော့ တောင်အာဖရိကတို့ ၊ အိန္ဒိယတို့ ခေါင်းဆောင်ေ တွကို မှီပါ့မလားဆိုတာ စဉ်းစား စရာ ရှိကောင်းရှိမှာဖြစ်ပါတယ် ။


ဒါကလည်း မြန်မာနိုင်ငံဟာ အရောင်အသွေးစုံလင်လှတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့အတူ မတူကွဲပြား ခြား နားတဲ့ သမိုင်းတွေက ဆင်းသက်လာ တာကြောင့်ဖြစ်ပါတယ် ။


သမိုင်းအစဉ်အဆက်အမျိုးသားနိုင်ငံတော်အဖြစ်စုစည်းမှုဟာ ဗိုလ်ချုပ်အောင် ဆန်း ဦးဆောင်တဲ့ ပင်လုံစာချုပ် ကြောင့်သာေ ပ်ါလာခဲ့တာဖြစ်ပါ တယ် ။ သို့ပေမဲ့ ဗိုလ်ချုပ်ရဲ့ လမ်းကိုသာနောက်လူတွေ ဆက်လျှောက်လှမ်းကြ ရင်တော့ ပြဿနာမြောက်မြားစွာမဖြစ်နိုင်ဘူးလို့စာရေးသူအနေနဲ့ တော့ ယုံကြည်ပါတယ်။ သို့ပေမဲ့ မတူညီတဲ့သမိုင်းကြောင်းတွေနဲ့ ဆင်းသက် လာ တဲ့တိုင်းရင်းသားမျိုးနွယ် စု အများအပြားမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူတို့ သူရဲကောင်းဟုတ် ၊ မဟုတ်ဆိုတာ ဒွိဟာဖြစ်နေခဲ့တာ ၊ ရှိနေဆဲဖြစ် တာကတော့ အသေချာပါပဲ ။


ဒါကို လတ်တလော အဖြစ်အပျက်တချို့ကို ကြည့်ရင် သိနိုင်ပါတယ် ။ ကရင်ပြည်နယ်နဲ့ သျှမ်းပြည်နယ်ထဲက အဖြစ်အပျက်အချို့ပါ ။


ကရင်ပြည်နယ်မြဝတီမြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားဖို့နဲ့ ပတ်သက်လို့ ကရင် မျိုးနွယ်စုတွေ အပါဝင် ဒေသခံအချို့က အာဇာနည်ခေါင်းဆောင်ဟာ (၉) ဦးဖြစ်တဲ့အပြင် ကရင်ခေါင်းဆောင် မန်းဘခိုင်လည်း အာဇာနည်ခေါင်းဆောင် ထဲမှာပါနေတဲ့အတွက် ထားရင်လည်းခေါင်းဆောင် (၉) ဦးစလုံးရဲ့ ရုပ်ထုတွေ ထားဖို့ဆိုတာ ကန့်ကွက် စာ တင်ထားတယ်လို့ သတင်းတချို့မှာ ဖော်ပြတာ သတိထားမိပါတယ် ။  အဲဒီကြေးရုပ်ကို ထားဖို့စီစဉ်သူတွေ ကတော့ ဗိုလ်ချုပ် ရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD  ပါတီဝင်တွေပဲဖြစ်ပါတယ် ။


လတ်တလောသျှမ်းပြည်နယ်မှာတော့ နှစ်နေရာပါ ။ တစ်နေရာကတော့ မြန်မာ နိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်ပြီး တိုင်းရင်းသားအခွင့်ရေးအတွက်ဆောင် ရွက် ရင်း ဦးနေဝင်းအာဏာသိမ်းတော့ထောင်ချခံရပြီး ထောင် ထဲမှာ သေဆုံးသွား တဲ့ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်ရဲ့ညောင်ရွှေမြို့မှာဖြစ်ပါတယ် ။


တရက်ကပဲ ညောင်ရွှေမြို့ရဲ့ NLD  လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး က ညောင်ရွှေ ကျောက်တိုင် ကွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကြေးရုပ် ထား ရှိရန်တိုင်ပင်ဆိုပြီး ဌာနဆိုင်ရာ အရာရှိတစ်ချို့နဲ့ ကွင်းဆင်းနေပုံကိုဖေ့ဘုခ် လူမှုကွန်ယက်စာမျက်နှာပေါ်တင်လိုက်ပါတယ် ။ အဲဒီမှာ ဝိုင်းပြီး ကွန်မင့်ပေး ကြ တာက ညောင်ရွှေမြို့မှာ စော်ဘွားကြီးဟော် က တော်တော် ပျက်စီးနေပြီ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အဲဒါ ဦးစားပေးသင့်တယ် ။ စော်ဘွားကြီးက တမလွန်ဘဝကနေ မချင့်မရဲဖြစ်နိုင်တယ် ။  ထားရင်လည်း ပင်လုံဆိုတာ သျှမ်းပြည်မှာဖြစ် ခဲ့တဲ့ အတွက် ပင်လုံစာချုပ်ချုပ်ဆိုသူ ၂၃ ဦး ( သို့မဟုတ်) အာဇာနည်ခေါင်းဆောင် ၉ ဦးလုံးရဲ့ ရုပ်ထုတွေထားပါလား ။ မိုင်းပွန်စော်ဘွား စဝ်စံထွန်းကအာဇာနည်ခေါင်းဆောင်ဖြစ်တဲ့အပြင် တောင်တန်း- ပြည်မ ပေါင်းစည်းရေးမှာလည်း အရေးကြီးတဲ့ ပုဂ္ဂိုလ်ပဲ။ သူ့ဟော်တောင်တော်တော် ပျက် စီးနေပြီ မပြင်ကြဘူးလား- စသဖြင့် တိုင်းရင်းသား နာမည် နဲ့ ဖေ့ဘုခ် သုံးစွဲ သူတွေက သူ့ရဲ့ ဖေ့ဘုခ် ကွန်ယက်စာမျက်နှာမှာ ကွန်းမင့်ပေးထား တာတွေ့ ရပါတယ် ။


နောက်တစ်နေရာကတော့ လားရှိုးမှာပါ ။ လားရှိုးပတ်ဝန်းကျင်မှာ တအာင်း ပလောင် ၊ SSA သျှမ်းတပ်မတော် မြောက်ပိုင်း စတဲ့အဖွဲ့တွေရဲ့ တပ်တွေနဲ့ အစိုးရစစ်တပ်ရဲ့ တပ်တွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတဲ့ အချိန်မှာပဲ လားရှိုးက NLD ပါတီဝင်တွေဟာ လားရှိုးမြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားဖို့ အတွက် မန္တလေးကနေ လားရှိုးကို ကားနဲ့ သယ်ဆောင်လာခဲ့ကြပါတယ် ။


ဒါပေမဲ့ ပြည်ထောင်စုအဆင့်အပစ်ရပ်ထားတဲ့ SSA မြောက်ပိုင်းနဲ့ တပ်မတော် တို့တိုက်ပွဲတွေမှာ ပြည်နယ် အစိုးရကော ၊ ဗဟိုအစိုးရကောဖြစ်နေ တဲ့ NLD က တခွန်းတပါဒမှ မဟပါဘူး ။ ၀င်ရောက်ညှိနှိုင်းပေးခြင်း လည်း မရှိပါဘူး ။


 ဗိုလ်ချုပ်ဆေထင်ဆိုရင် ဒေါက်တာတင်မျိုးဝင်း ( NLD ရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ) ကို ခနခန ဖုန်းဆက်ပါ တယ် ။ သူ့အနေနဲ့ ဘာမှ မတတ်နိုင်ေ သးကြောင်း သာပြောတယ်လို့ ဗိုလ်ချုပ်ဆေထင် က ပြောပါတယ် ။


လားရှိုးကြေးရုပ်ကိစ္စ ဆက်ပါမယ် ။


လားရှိုးကို အဲဒီကြေးရုပ်သယ်လာတော့ သျှမ်းနဲ့ တအာင်းပလောင် အသိုင်းဝိုင်းတွေ ၊ ကချင်အသိုင်း အဝိုင်း တွေထဲမှာ ကြေးရုပ်သယ်လာလို့ ငြိမ်းချမ်းရေး ရမှာလား ၊ အစိုးရကလက်တွေ့ ဘာလုပ်နေလဲ ၊ အာဇာ နည် ခေါင်းဆောင် ၉ ဦးမှာ သျှမ်း ပါသလို ၊ ပင်လုံစာချုပ်လက်မှတ်ရေး ထိုးသူ ခေါင်းဆောင် (၂၃) ဦးမှာ တအာင်း ပလောင်စော်ဘွား ခွန်ပန်းစိန်နဲ့ ၊ ကချင်ခေါင်းဆောင်တွေလည်းပါတယ်။ သူတို့ ကိုကော တပြိုင်နက်တည်း ထားပါလား။ ပင်လုံစာချုပ်ချုပ်တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဗမာကိုယ်စားလှယ်သက်သက်ပဲ …….. ဆိုတဲ့ ဝေဖန်မှုတွေက အွန်လိုင်းမီဒီယာတွေပေါ်မှာပျံ့နှံ့လာပါတယ် ။


အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရတော့ သျှမ်းမြောက်မှာရှိတဲ့ တိုင်းရင်း သား အရပ်ဘက်အဖွဲ့ အစည်းတွေ ကလည်း အဲဒီဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကန့်ကွက်ဖို့ ပြင်နေတယ် လို့ ဆိုကြပါတယ်။


တိုင်းရင်းသား လူငယ်တချို့ဆိုရင် ဗိုလ်ချုပ်ရုပ်ပြပြီး ကိုလိုနီလုပ် ဖို့ ပြင်နေ တယ်လို့ကို ယူဆတဲ့ အရေးအသား တွေနဲ့ ရေးသားပြောဆို ဝေဖန်နေကြ တာပါ။


‘ဗိုလ်ချုပ်အောင်ဆန်းက  တော်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးရေစီးကြောင်းနဲ့ ယှဉ်ပြီး နိုင်ငံလွတ်လပ်ရေးကိုရအောင်ယူနိုင် ခဲ့တယ်။ လေးစားဖို့ကောင်း တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သူ့ကြောင့် မြန်မာ့လွတ်လပ်ရေး ရခဲ့တယ် ဆိုပေမယ့် တိုင်း ရင်းသားတွေကတော့ သူ့ကြောင့် ကျွန်ဘဝ ဒုတိယ သက်တမ်းတိုးခဲ့ရတယ်လို့ ခံစားမိကြတယ်။တိုင်းရင်းသားတွေရဲ့ခံစားချက်ကိုသူ့သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ကနေ ကုစားပေးနိုင်မယ်လို့ ယုံကြည် ထားကြတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြေးရုပ်သာ သျှမ်းပြည်ကိုရောက်လာပြီးတော့ သျှမ်းတွေရဲ့ ခံစား ချက်ကိုကုစားပေးမယ့်အရိပ်အရောင်ကတော့ မှုန်ဝါးနေတုန်းဘဲ။ လက်ရှိ တိုင်းရင်းသားနယ်မြေ တွေမှာဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့အကြောင်း တခွန်းမှမဟ သေးဘူးလေ။’ လို့ သျှမ်းတိုင်းရင်းသား သတင်းမီဒီယာသမား တယောက်က ပြောတာကို စာရေးသူသတိထားမိပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းကို လေးစားသောအားဖြင့် နိုင်ငံတဝှမ်းမှာ ဗိုလ်ချုပ်ပန်းခြံ ၊ ဗိုလ်ချုပ်လမ်း ၊ ဗိုလ်ချုပ်ဈေး ၊ ကြေးရုပ် ၊ ပြတိုက် ၊ ဘောလုံးပြိုင်ပွဲ၊ စာကြည့်တိုက် စသဖြင့် အထိမ်းမှတ် များစွာကို မြင်တွေ့ရမှာပါ။


ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ နဝတ ၊ နအဖ စစ်အစိုးရတွေကလွှဲလို့ ၊ ဦးနေဝင်း ၊ ဦးသိန်းစိန် ၊ ဦးနု စသဖြင့် အစဉ်အဆက်က ဂုဏ်ပြုခဲ့တာတွေ ရှိသလို လိုသလို လမ်းကြောင်းလွှဲခဲ့တာတွေလည်း ရှိမှာပါ။


ဗိုလ်ချုပ်အောင်ဆန်းနောက်ကို ဆက်ခံတဲ့ ဦးနုဆိုရင် ပင်လုံကတိကဝတ်တွေ နဲ့ပတ်သက် လို့ အစကတည်းက ကျနော်လည်း သဘောတူချင်ခဲ့တာ မဟုတ် ဘူး။ နောက် ၁၀ နှစ်မှ စဉ်းစားကြတာပေါ့ ဆိုပြီး ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေရေး ဆွဲချိန်မှာ ပြောဆိုခဲ့တာတွေ့ရပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းက ပြည်နယ်အရေးအတွက် အာမခံထားပြီး ထိန်း ထား နိုင်ခဲ့တဲ့ကရင်တွေ ၊ မွန်တွေ ဟာလည်း ဦးနုလက်ထက်မှာပဲ ဖဆပလ ကနေ နှုတ်ထွက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖြစ်ကို အသွင်ပြောင်းကာ ဗဟိုအစိုးရကို လက်နက်စွဲကိုင်တော်လှန်တဲ့အဆင့် အထိ ရောက်သွားခဲ့ပါ တယ်။


ဝန်ကြီးချုပ် ဦးနုလက်ထက်မှာပဲ ဗိုလ်ချုပ်အောင်ဆန်း ဘောလုံးကွင်း ၊ ဗိုလ်ချုပ်ဈေး စသဖြင့်သတ်မှတ်ခဲ့တာပါ။ ဦးနေဝင်းလက်ထက်မှာလည်း ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ အမျိုးမျိုးဂုဏ်ပြုခဲ့တာပါပဲ။ နှစ်စဉ်အာဇာနည်နေ့ အခမ်း အနားတွေကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ကျင်းပသလို ၊ ဗိုလ်ချုပ်ေ အာင်ဆန်း ဒိုင်းဘောလုံးပြိုင်ပွဲလည်း သူ့ခေတ် မှာပဲ စခဲ့ပါတယ်။


ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တန်းတူညီမျှရေးမူကို ဘယ်တော့မှ လက် မခံခဲ့သလို ဆိုရှယ်လစ်ဘောင်လမ်းစဉ် များ ဗိုလ်ချုပ်ချမှတ် သွားဆိုပြီးေ တာ့တောင် ကျောင်းသုံးစာအုပ်ထဲမှာ ဝါဒဖြန့်ခဲ့ပါသေးတယ်။ ဒါကသူကိုယ် တိုင် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို ဗိုလ်ချုပ်ကပဲ ချမှတ်ပေးခဲ့ သယောင် ဝါဒဖြန့်တဲ့ သဘောပါပဲ။


ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး လိုတမျိုး မလိုတမျိုးဆက်ဆံခဲ့သူတွေထဲမှာ ဗကပ လို့ခေါ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ လည်း ပါဝင်ပါတယ်။


‘သာမန်အချိန်ဆိုရင် ဗကပ မှာ  ဗိုလ်ချုပ်အောင်ဆန်းဟာ သစ္စာဖောက် လိုသတ်မှတ်ခံရတယ်။ ဒါက ဗကပ ကို ဖဆပလကနေ ဗိုလ်ချုပ်အောင်ဆန်း ကထုတ်ပစ်လိုက်တာကြောင့်လည်း ဖြစ်နိုင်တယ်။ သူ့အကြောင်း ကို ခေါင်းေ ဆာင်တွေကမကောင်းမပြောပေမဲ့ သိပ်အလေးမပေးလှဘူး။ ဒါပေမဲ့ တပ်ဖွဲ့ တွင်း စည်းလုံးညီညွတ် မှု နည်းနည်းပြိုလာပြီအမျိုးသားရေးအရ ပြန်လည် စုစည်းဖို့လိုလာတဲ့အချိန်ဆိုရင် ခေါင်းဆောင်တွေက - အောင်ဆန်းက ငါတို့ ပါတီ တည်ထောင်သူ ၊ လွတ်လပ်ရေးခေါင်းဆောင် ဆိုပြီး လုပ်တော့တာပဲ။ေ နဝင်း က အောင်ဆန်းလက်နဲ့ရေးတာကို ခြေနဲ့ ဖျက်တာပဲဆိုပြီး လုပ်တော့ တာပဲ ‘ လို့ ဗကပရဲ့ အရှေ့မြောက်စစ်ဒေသမှာနှစ်ရှည်လများနေထိုင်ခဲ့ဖူး တဲ့ ဗကပ ရဲ့ နိုင်ငံရေး ဌာနကြီးမှူးဟောင်းဖြစ်ခဲ့ဖူးသူ စာရေးဆရာ ဦးသန်းစိုးနိုင်က စာရေးသူကို တစ်ခါက ပြောပြဖူးပါတယ်။


နဝတ၊ နအဖ ၊ ခေတ်မှာတော့ ဗိုလ်ချုပ်ရဲ့ သမီးဖြစ်သူကြောင့်ထင်ပါ တယ်။ ကျောင်းတွေ၊ ရုံးတွေမှာ ဗိုလ်ချုပ် ရုပ်ပုံတွေတောင် သိပ်မချိတ်ဆွဲရေ တာ့ပါဘူး။ ဒါပေမဲ့ ၈ လေးလုံး လူထုလှုပ်ရှားမှုကစလို့ လူထုလှုပ်ရှားမှုတွေ ၊ ကျောင်းသားအရေးခင်းတွေ ၊ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွေမှာ ဗိုလ်ချုပ်ေ အာင်ဆန်းရုပ်ပုံကို အသုံးပြု ခဲ့ကြပြီး NLD ပါတီအနေနဲ့လည်း ဗိုလ်ချုပ်သမီး ဦးဆောင်တဲ့ ပါတီဖြစ်တာနဲ့ အညီ တောက်လျှောက်ဗိုလ်ချုပ်ရုပ်ပုံနဲ့သာ အဓိက မဏ်ဏ္ဍိုင်ပြုခဲ့တာတွေ့ရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေကြည့်ရင် ဖေဖေက ဖေဖေက ဆိုတာ ကို အမြဲကြားရ မြင်ရမှာပါ။ ဗိုလ်ချုပ်ရုပ်ပုံသုံး လိုသလို အသုံးချသူတွေထဲမှာ အမျိုးသားရေးဝါဒီ ရဟန်းသံဃာအချို့နဲ့ ဦးသိန်းစိန် လက်ထက် က နိုင်ငံပိုင် သတင်းစာတွေလည်းပါပါတယ်။ ကိုယ်လိုသလို ဖော်ပြတာပါ နိုင်ငံပိုင် သတင်းစာတွေကတော့။


ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလမှာ တိုင်းရင်းသားတွေပါဖို့ စည်းရုံးခဲ့တာဟာ လက်လွတ် စပယ် ပုဂ္ဂလိက ဆန်ဆန် စည်းရုံးခဲ့တာ မဟုတ်ပဲ။ မူနဲ့ဘောင်နဲ့ အဖွဲ့အစည်းလိုက် လေးစားတမှုနဲ့ စည်းရုံးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလကို တပ်ပေါင်းစုလို့ ခေါ်ကြတာဖြစ်ပါတယ်။


ပင်လုံညီလာခံအောင်မြင်ရတာလည်း တိုင်းရင်းသားတွေကို သာတူညီမျှစိတ် ထားနဲ့ တိုင်းရင်းသားအခွင့်ရေး အတွက် အာမခံခဲ့တာကြောင့်ဖြစ်ပါတယ်။ ဗမာ တကျပ် - သျှမ်းတကျပ် ရစေရမယ်။ ခင်ဗျားတို့ မကျေနပ်ရင် တန်းတူ အခွင့်ရေးအတွက် ဘာမှမရဘူးဆိုရင် ခွဲထွက်နိုင်တယ် ဆိုတဲ့ ကတိတွေဟာ အလကားတော့ ပေးခဲ့ဟန်မတူပါဘူး။


အခုဆိုရင်ပဲ NLD  အစိုးရလက်ထက်မှာ ၂၁ ပင်လုံဆိုတာ အော်နေပြန်ပီဖြစ် ပါတယ်။ တိုင်းရင်းသားတွေအတွက် ဘယ်လောက်အာမခံမလဲဆိုတာ အစိုးရ ဘက်က ဘာမှ မပြောနိုင်သေးပါဘူး။ ဒါ့အပြင် ကာလတာရှည် စစ်ဒဏ် ခံခဲ့ ရပြီး နေရပ်စွန့်ခွာမှုနှုန်းမြင့်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ မူလ တိုင်းရင်း သားတွေ နေရပ်မပြန်နိုင် သေးခင်မှာကိုပဲ ပြည်မကနေတိုင်းရင်းသားဒေ သတွေ မှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေကို အုံလိုက် ကျင်းလိုက် အိမ်ထောင် စု ဇယားတွေ ထုတ်ပေးဖို့ စီစဉ်နေပါတယ်။ ဒါဟာ အိမ်ရှင်ပြန် မရောက်ခင် တခြားလူတွေကို ဧည့်သည်တွေကို ဧည့်သည်လာလုပ်ခိုင်းတဲ့ သဘောမျိုးတောင် သက်ရောက်နေပါတယ်။ တိုင်းရင်းသားတော်တော် များများက ခေတ်သစ် ကိုလိုနီလက်သစ်လို့ မြင်နေပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းဟာ တကယ်တော့ အကောင်ထည်ဖော်ရေးအဆင့် မရောက်ခင်မှာ ကျဆုံးသွားတဲ့ အတွက် တိုင်းရင်းသားတချို့အနေနဲ့ သူ့အပေါ် သံသယဖြစ်နေဆဲ ရှိနေတာလည်း ငြင်းမရနိုင် တဲ့ကိစ္စပါ။ ဒါကလည်း ဗိုလ်ချုပ် ရုပ်ပြပြီးဗိုလ်ချုပ်မူဝါဒတွေ ဆက်မသုံးပဲ လိုသလို ပုံဖော်ခဲ့တဲ့ အာဏာရှင်တွေ နဲ့လည်း သက်ဆိုင် ပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းကို စာရေးသူအမြင်အရပြောရရင် အာဏာရှင်စနစ်ကို ရွံမုန်းသူ၊လွတ်လပ်မှုကိုမျှဝေ ခံစားလိုသူ ၊ တန်းတူရေးကိုနားလည်သူ ၊တပ်ပေါင်းစုမူဝါဒရှိသူ ၊ စုစည်းညီညွတ်ရေးကိုလိုလားသူ ၊ လက်တွေ့ကျတဲ့ နိုင်ငံရေးသမား ။ခေါင်းဆောင်ကောင်း ၊စွန့်လွတ်အနစ်နာခံသူလို့ မြင်ပါတယ်။


စာရေးသူနဲ့ ခင်မင်တဲ့နိုင်ငံရေး လေ့လာသူတဦးကတော့ ‘ ဗိုလ်ချုပ်က ကျဆုံး ပြီးနောက် တက်လာတဲ့ အာဏာ ရှင်တွေ ၊ စစ်အစိုးရအဆက်ဆက်နဲ့ ဗမာ လူမျိုးကြီးဝါဒ စွဲကိုင်သူ နိုင်ငံရေးသမားတွေရဲ့ ဒဏ်ကို ခံနေရတာ ပါ။ သူ့ခေတ်တုန်းကလည်း ဒီလောက်မဆိုးပါဘူး။ ’ လို့ မှတ်ချက်ပြုပါတယ်။ *


ဆောင်းပါးရှင် - စိုင်းထွန်းအောင်လွင်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates