အာဆီယံလူငယ်နှင့်ရင်ဘောင်တန်းနိုင်ရေး မြန်မာနိုင်ငံလူငယ့်မူဝါဒရေးဆွဲရန် ဆွေးနွေး
မန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အားကစားသိပ္ပံအားကစား ကွင်း၌ ပြုလုပ်ရာအစိုးရ၏ ရက် ၁၀၀ စီမံချက်ပါ လူငယ်ပေါ်လစီနှင့် ပတ်သက်ပြီး လူငယ်မူဝါဒ ရေးဆွဲရန် အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည် ။
ကနေ့ခေတ် လူငယ်ပေါ်လစီမရှိသည့် နိုင်ငံပေါင်း ၃၀ ကျော်ထဲ၌ မြန်မာနိုင်ငံ လည်းပါဝင်သည်ဖြစ်ရာ အာဆီယံနိုင်ငံအဖွဲ့ဝင် မြန်မာနိုင်ငံမှလူငယ်များ အနေဖြင့် အာဆီယံနိုင်ငံ လူငယ်များနှင့် ရင်ဘောင်တန်း ဝင်ဆန့်နိုင်ရန် လူငယ်မူဝါဒ ရှိဖို့လိုအပ်ကြောင်း ၊ လက်ရှိမြန်မာနိုင်ငံသည် လူငယ့်မူဝါဒမရှိ သည့် နိုင်ငံမှ မူဝါဒရှိသည့် နိုင်ငံအဖြစ် ကြိုးစားနေကြောင်း ဆွေးနွေးပွဲတွင် တက်ရောက်လေ့လာသူ တိုင်းရင်းသားလူငယ်တစ်ဦး ကပြောသည် ။
“ အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ လူငယ်ပေါ်လစီ နဲ့ ပတ်သက်ပြီး ရေးဆွဲပြ ဌာန်း ဖို့ရှိတယ် လို့သိရတယ် ။ ဒီဖိုရမ်ကနေ ဆွေးနွေးရရှိလာတဲ့ လူငယ် ကိုယ် စားလှယ် တွေရဲ့ သဘောထားဆန္ဒတွကို လူငယ်မူဝါဒ ရေး ဆွဲပြဌာန်း မယ့် ရက် ၁၀၀ ရက် စီမံချက်ထဲပါဝင်နိုင်အောင်လို့ ဆွေးနွေးခဲ့တယ်လို့သိရတယ် ” ဟု ၄င်းက ပြောပာသည် ။
မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်တွေ့ဆုံဆွေးနွေးပွဲကို ဂျွန်လ (၁၁ ရက် မှ ၁၃ ရက် ) ထိ သုံးရက်တာ ကျင်းပရာ (၁) လူငယ်နှင့် ငြိမ်းချမ်းရေး (၂) လူငယ်နှင့် မူးယစ်ဆေးဝါး (၃) သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုအကြောင်း နှင့် (၄) လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ဟူသည့် ခေါင်းစဉ်ကြီးလေးခုအောက် အစုဖွဲ့ ၄ စုခွဲပြီး ဆွေးနွေးခဲ့ကြောင်းသိရသည် ။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးက “ လူငယ်ဆိုတဲ့ အရွယ်ကို အသက်နဲ့ ကန့်သတ်ထားတာကို မြန်မာနိုင်ငံအနေနဲ့ ပြန်လည်သုံးသပ် သင့် တယ် ။ နိုင်ငံ တကာစံနှုန်း လူငယ်အသက် ကန့်သတ်မှု ၁၅ နှစ် မှ ၂၄ နှစ်ဆိုတာ မြန်မာ နိုင်ငံ က လူငယ်တွေရဲ့ အနေအထားနဲ့ ကိုက်ညီမှု ရှိပါ့မလား ” ဟုပြောသည် ။
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ် နှင့် တိုင်းဒေ သကြီး လူငယ်ကိုယ်စားလှယ် အသီးသီး နှင့် လေ့လာသူ အနေဖြင့် ပါတီဝင် လူငယ်ကိုယ်စားလှယ် ၅ ပါတီတက်ရောက်ပြီး လူအင်အား စုစုပေါင်း ၄၅၀ ခန့်တက်ရောက် ခဲ့ကြောင်း သိရသည်။ လေ့လာတက်ရောက်သူပါတီများ သည် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (S.N.L.D) ၊ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ် (P.N.O) ၊ (N.L.D) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ (TNP) တအောင်းပါတီ နှင့် (NUP) တစည ပါတီ တို့တက်ရောက်ကြကြောင်း သိရသည် ။
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်ကစတင် ကျင်းပခဲ့သည် ။ ယခုနှစ် ၂၀၁၆ ဆွေးနွေးပွဲမှာ သုံး ကြိမ်မြောက်ေ ဆွးနွေးပွဲဖြစ်ကြောင်းသိရသည် ။
အဆိုပါဆွေးနွေးပွဲသို့ သက် ဆိုင်ရာပြည်နယ်က တိုင်းရင်းသားပါဝင်မှု အား နည်းပြီး သျှမ်းပြည် နယ် ဖြစ်ဖြစ် မည်သည့်ပြည်နယ်ဖြစ်ဖြစ် တိုင်းရင်းသား အရေ အတွက် နည်းပြီး ဒေသခံ လှုပ်ရှားနေသည့် ကိုယ်စား လှယ်အဖွဲ့ ပါဝင်တက်ရောက်မှု အားနည်းနေကြောင်း လေ့လာတက်ရောက်သူ တစ်ဦး ကပြောသည် ။
Tags: General, News
